old school tattoo လို့လည်းခေါ်တဲ့ american tattoo style
moda.com.mm
|
2019-08-08



ကိုယ်ခန္ဓာပေါ်မှာအလှဆင်တဲ့ Tattoo ထိုးခြင်းအလေ့အထကအရင်ထက်စာရင်ပိုပြီးတွင်ကျယ်လို့လာပါတယ်။ယောင်္ကျားလေး မိန်းကလေးမရွေးတန်းတူ ထိုးနေကြပြီဖြစ်တဲ့ tattoo ကိုလုပ်ငန်းခွင်တွေကပါ လက်ခံလို့လာပါပြီ။အရင်ကဆိုရင်လူကြီးတွေကလက်မခံနိုင်သလို လုပ်ငန်းခွင်တွေကလည်း tattoo ရှိတဲ့သူကိုအလုပ်မခန့်တာမျိုးစသဖြင့်ရှိခဲ့ကြပါတယ်။ နောက်ပြီး tattoo ထိုးထားတဲ့မိန်းကလေးကလည်း မကောင်းတဲ့မိန်းကလေးသဖွယ်အဆတ်ဆံခံရတာမျိုးတွေရှိခဲ့ပါတယ်။အခုဆိုရင်တိုးတက်လာတဲ့အလျောက် ကျား မ လူကြီး လူငယ်မရွေး tattoo ကိုစိတ်ကြိုက်ထိုးနေကြတာတွေ့ရပါတယ်။ ဒါလည်းအနုပညာတစ်မျိုးဘဲမို့အနုပညာကိုခံစားနိုင်သူတိုင်းသဘောကျမယ်ထင်ပါတယ်။ tattoo ထိုးပေးတဲ့ tattoo artist တွေကလည်းတစ်နေ့တစ်ခြားပိုများလို့လာသလို လက်ရာသေသပ်သပ်ရပ်မှုကလည်းအမိုက်စားတွေဖြစ်လို့လာပါတယ်။ ဒီလို ကိုယ်ကြိုက်တဲ့ပုံလေးတွေ ၊ ပုံတူ တွေထိုးနေကြတဲ့ထဲကမှ နောက်ပိုင်းလူကြိုက်များလာတဲ့ American tattoo styleအကြောင်း sharing လုပ်ပေးချင်ပါတယ်။အများအားဖြင့်အနောက်နိုင်ငံသား လူဖြူတွေရဲ့လက်မှာတွေ့ရတတ်တဲ့ tattoo style လေးတွေကို american tattoo လို့ခေါ်ပါတယ်။အနက်ရောင်ကိုသာအများစုထိုးလေ့ရှိကြပေမယ့် သူတို့ကတော့အရောင်လေးတွေနဲ့လက်အပြည့် တစ်ပုံစီပုံဖော်လို့ထားတာတွေ့ရမှာပါ။ American tattooအကြောင်းကိုသေချာပြောရမယ်ဆိုရင် American တွေရဲ့traditional tattoo style ဖြစ်ပြီး Old school tattoo လို့လည်းခေါ်ပါသေးတယ်။အရောင်တွေအနေနဲ့အမဲကို outlineအနေနဲ့Boldလုပ်ထားပြီး ပုံအများစုမှာအနီ ၊အဝါ ၊အစိမ်းတို့ကိုအများအားဖြင့်သုံးပြီး ခရမ်းရောင်ကိုတော့တခါတလေသုံးလေ့ရှိပါတယ်။ ပျံလွှားငှက် ၊စာကလေး လိုအကောင်လေးတွေကိုအထိုးများပြီးငြိမ်းချမ်းရေးငှက်လို့ဆိုကြပါတယ်။ နောက်ပြီးအသည်းပုံ ၊ ကျောက်စူးပုံ ၊ လင်းယုန် ၊ ဓါးမြောှင်တွေ နှင်းဆီပုံတွေအပြင်အခြားသော ပုံတွေကိုလက်မောင်းအပြည့်တစ်ကွက်စီထိုးတတ်ကြပါတယ်။အခုဆိုရင်မြန်မာနိုင်ငံကကောင်လေးတွေ ကောင်မလေးတွေမှာတွေ့နေရပြီဖြစ်ပါတယ်။အရောင်လေးတွေနဲ့မို့ချစ်စရာကောင်းတဲ့အပြင်အသားဖြူဖြူလေးတွေဆိုထင်းပြီးပေါ်နေမှာအသေအချာပါ။ tattoo လေးတွေထိုးချင်ပေမယ့်ဘယ်လို tradition ကိုထိုးရင်ကောင်းမလည်းရွေးရခက်နေသူတွေအတွက် American tattoo style လေးတွေကိုအခုလိုဖော်ပြပေးလိုက်ပါတယ်နော်။

Editor :Bo




Some text some message..