ရီဝေယံ
”အိုး… ဟိုး.. တရံတခါဆီက ပုဂံရာဇဝင် ချစ်ဇာတ်လမ်းမှာ …” လို့အစချီပြီး လွမ်းဆွေးစရာအပြည့်တွေကို သယ်ယူလာပေးတဲ့ ”အရိန္ဒမာအသိဆုံးပါ ” ဆိုတဲ့ မြန်မာသံ တေးသီချင်း လေးကို ငယ်စဉ်ကလေးဘဝတုန်းက နားဆင်ခဲ့ကြရမယ် ထင်ပါတယ်။ ပုဂံရာဇဝင်ကအလွမ်းသီချင်းလေးမို့ ပရိသတ်တွေကြား ခေတ်စားခဲ့တဲ့ ဒီသီချင်းလေးမှာ မင်းသမီးချော ပန်းဖြူ နဲ့အတူ သရုပ်ဆောင်ခဲ့တဲ့ မင်းသား ရီဝေယံကတော့ ယနေ့ထက်ထိတိုင် ချောမောနေဆဲ ဖြစ်သလိုအဆိုတော် တစ်ယောက်အဖြစ် သီချင်းတွေကို သီဆိုနေသူလည်းဖြစ်ပါတယ်။
ဟက်ကက်
ဒီခေတ် မင်းသားတွေတောင် လိုက်မမီအောင် ဆံပင်ရှည်ရှည်နဲ့အလွန်ကို လိုက်ဖက်တဲ့ VCD ခေတ်မင်းသားတစ်ယောက် ဖြစ်တဲ့ ဟက်ကက်ကတော့ တစ်ချိန်က ပျိုပျိုမေတို့ရဲ့ နှလုံးသားကိုအရူးအမူးဖြစ်အောင် ကိုင်လှုပ်နိုင်စွမ်းရှိသူဖြစ်ပြီး ထွန်းအိန္ဒြာဗိုလ်ရဲ့ ” ချစ်ဖို့ကောင်းတဲ့ မောင် ” ဆိုတဲ့ သီချင်းလေးထဲက ” ကလေးလိုအပြောကလေးနဲ့ ..မျက်ဝန်းကလေးမှေး ၊သူ့အသားအရေ..
ဖွေးဖွေးရယ် ဖြူနုတယ်။ဆံပင်လေးတွေ..ရှည်ရှည်လျသွယ် ပျော့နွဲ့ပါတယ်… ချစ်ဖို့ကောင်းတဲ့ မောင်ပါကွယ်…” ဆိုတဲ့ စာသားလေးအတိုင်း ထပ်တူကျတဲ့ လူချောလေးတစ်ယောက် ဖြစ်တဲ့ပြင် ယနေ့အချိန်ထိအနုပညာလောကမှာ လူပျိုကြီးအဆိုတော်တစ်ယောက်အဖြစ် ရပ်တည်နေသူပါ။
ညီညီနေနိုင်
နိုင်ငံတကာက တရုတ်/ကိုရီးယားမင်းသား တွေထက်တောင် ရုပ်ရည်ချောမောပြီးအသားအရေလှပတဲ့ VCD တစ်ခေတ် မင်းသားတစ်ယောက်ဖြစ်တဲ့ ညီညီနေနိုင်ကတော့ သီချင်း VCD တော်တော်များများနဲ့ ကြော်ငြာပြက္ခဒိန်တွေမှာ သရုပ်ဆောင်ခဲ့သူဖြစ်ပြီး ယနေ့မှာအနုပညာအလုပ်တွေ မလုပ်ကိုင်တော့ပေမဲ့လည်း ပရိသတ်တွေကတော့အမှတ်ရနေဆဲဖြစ်ပါတယ်။
ရဝေအောင်
သီချင်းတော်တော် များများမှာ သရုပ်ဆောင်ခဲ့သူ တစ်ချိန်က မင်းသားချော ရဝေအောင် ဟာလည်း သရုပ်ဆောင်အဖြစ် ယနေ့အချိန်ထိအနုပညာအလုပ်တွေကို လုပ်ဆောင်နေဆဲ ဖြစ်သလိုအိမ်ထောင်မပြုသေးတဲ့ လူပျိုကြီး တစ်ယောက်ဖြစ်တဲ့ပြင် ဦးအဖြစ်နဲ့ နုတ်ခမ်းနီမလေးတွေရဲ့ ဝန်းရံခြင်း ခံနေရဆဲပါပဲ…။
စိုင်းဘိုဘို
ပါးပေါ်မှာ စံပယ်တင်မှဲ့ နဲ့ တစ်ချိန်က ဓာတ်ပြားခေတ် မင်းသား ဝင်းဦး နဲ့ ခပ်ဆင်ဆင်ဖြစ်တဲ့ မင်းသားချော စိုင်းဘိုဘို ကို (၁၉၉၀) ခုနှစ် ဝန်းကျင်များက သီချင်းတော်တော်များများ မှာ သရုပ်ဆောင်ခဲ့သူဖြစ်သလို လွန်ခဲ့တဲ့ နှစ်ကပဲအိမ်ထောင်ကျကာ သားသမီးရတနာလေးပါ ပိုင်ဆိုင် ထားပြီဖြစ်ပြီးအနုပညာအလုပ်တွေကိုလည်း လုံးဝရပ်နားလိုက်ပြီဖြစ်ပါတယ်။
မိုင်းမိုင်
“မမေးပါနဲ့” ဆိုတဲ့ BlueBerry ရဲ့ သီချင်းလေးထဲက ခပ်ချေချေနဲ့ ကချင်တိုင်းရင်းသား လူချောလေး မိုင်းမိုင်ကို တစ်ချိန်က မိန်းကလေးတိုင်း ကြိတ်ရင်ခုန်ရခဲ့ဖူးမှာပါ။ ညို့ဓာတ်ပြင်းတဲ့ မျက်ဝန်းတွေနဲ့အတူ သရုပ်ဆောင် မိုင်းမိုင်ကတော့ လက်ရှိမှာအိမ်ထောင်ရက်သားကျလို့ သားသား မီးမီးလေးတွေပါ ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။
Source: own Creation
Khin Mi Mi@CeleGabar
ယူနီကုဒ်နဲ့ ဖတ်ရန်
ရီဝေယံ
” အိုး… ဟိုး.. တရံတခါဆီက ပုဂံရာဇဝင် ချစ်ဇာတ်လမ်းမှာ …” လို့ အစချီပြီး လွမ်းဆွေးစရာအပြည့်တွေကို သယ်ယူလာပေးတဲ့ ” အရိန္ဒမာ အသိဆုံးပါ ” ဆိုတဲ့ မြန်မာသံ တေးသီချင်း လေးကို ငယ်စဉ်ကလေးဘဝတုန်းက နားဆင်ခဲ့ကြရမယ် ထင်ပါတယ်။ ပုဂံရာဇဝင်ကအလွမ်းသီချင်းလေးမို့ ပရိသတ်တွေကြား ခေတ်စားခဲ့တဲ့ ဒီသီချင်းလေးမှာ မင်းသမီးချော ပန်းဖြူ နဲ့ အတူ သရုပ်ဆောင်ခဲ့တဲ့ မင်းသား ရီဝေယံကတော့ ယနေ့ထက်ထိတိုင် ချောမောနေဆဲ ဖြစ်သလို အဆိုတော် တစ်ယောက် အဖြစ် သီချင်းတွေကို သီဆိုနေသူလည်းဖြစ်ပါတယ်။
ဟက်ကက်
ဒီခေတ် မင်းသားတွေတောင် လိုက်မမီအောင် ဆံပင်ရှည်ရှည်နဲ့ အလွန်ကို လိုက်ဖက်တဲ့ VCD ခေတ်မင်းသားတစ်ယောက် ဖြစ်တဲ့ ဟက်ကက်ကတော့ တစ်ချိန်က ပျိုပျိုမေတို့ရဲ့ နှလုံးသားကို အရူးအမူးဖြစ်အောင် ကိုင်လှုပ်နိုင်စွမ်းရှိသူဖြစ်ပြီး ထွန်းအိန္ဒြာဗိုလ်ရဲ့ ” ချစ်ဖို့ကောင်းတဲ့ မောင် ” ဆိုတဲ့ သီချင်းလေးထဲက ” ကလေးလို အပြောကလေးနဲ့ ..မျက်ဝန်းကလေးမှေး ၊သူ့အသားအရေ..
ဖွေးဖွေးရယ် ဖြူနုတယ်။ဆံပင်လေးတွေ..ရှည်ရှည်လျသွယ် ပျော့နွဲ့ပါတယ်… ချစ်ဖို့ကောင်းတဲ့ မောင်ပါကွယ်…” ဆိုတဲ့ စာသားလေးအတိုင်း ထပ်တူကျတဲ့ လူချောလေးတစ်ယောက် ဖြစ်တဲ့ပြင် ယနေ့အချိန်ထိ အနုပညာလောကမှာ လူပျိုကြီး အဆိုတော်တစ်ယောက် အဖြစ် ရပ်တည်နေသူပါ။
ညီညီနေနိုင်
နိုင်ငံတကာက တရုတ်/ကိုရီးယားမင်းသား တွေထက်တောင် ရုပ်ရည်ချောမောပြီး အသားအရေလှပတဲ့ VCD တစ်ခေတ် မင်းသားတစ်ယောက်ဖြစ်တဲ့ ညီညီနေနိုင်ကတော့ သီချင်း VCD တော်တော်များများနဲ့ ကြော်ငြာပြက္ခဒိန်တွေမှာ သရုပ်ဆောင်ခဲ့သူဖြစ်ပြီး ယနေ့မှာ အနုပညာအလုပ်တွေ မလုပ်ကိုင်တော့ပေမဲ့လည်း ပရိသတ်တွေကတော့ အမှတ်ရနေဆဲဖြစ်ပါတယ်။
ရဝေအောင်
သီချင်းတော်တော် များများမှာ သရုပ်ဆောင်ခဲ့သူ တစ်ချိန်က မင်းသားချော ရဝေအောင် ဟာလည်း သရုပ်ဆောင် အဖြစ် ယနေ့အချိန်ထိ အနုပညာအလုပ်တွေကို လုပ်ဆောင်နေဆဲ ဖြစ်သလို အိမ်ထောင်မပြုသေးတဲ့ လူပျိုကြီး တစ်ယောက်ဖြစ်တဲ့ပြင် ဦး အဖြစ်နဲ့ နုတ်ခမ်းနီမလေးတွေရဲ့ ဝန်းရံခြင်း ခံနေရဆဲပါပဲ…။
စိုင်းဘိုဘို
ပါးပေါ်မှာ စံပယ်တင်မှဲ့ နဲ့ တစ်ချိန်က ဓာတ်ပြားခေတ် မင်းသား ဝင်းဦး နဲ့ ခပ်ဆင်ဆင်ဖြစ်တဲ့ မင်းသားချော စိုင်းဘိုဘို ကို (၁၉၉၀) ခုနှစ် ဝန်းကျင်များက သီချင်းတော်တော်များများ မှာ သရုပ်ဆောင်ခဲ့သူဖြစ်သလို လွန်ခဲ့တဲ့ နှစ်ကပဲ အိမ်ထောင်ကျကာ သားသမီးရတနာလေးပါ ပိုင်ဆိုင် ထားပြီဖြစ်ပြီး အနုပညာအလုပ်တွေကိုလည်း လုံးဝရပ်နားလိုက်ပြီဖြစ်ပါတယ်။
မိုင်းမိုင်
“မမေးပါနဲ့” ဆိုတဲ့ BlueBerry ရဲ့ သီချင်းလေးထဲက ခပ်ချေချေနဲ့ ကချင်တိုင်းရင်းသား လူချောလေး မိုင်းမိုင်ကို တစ်ချိန်က မိန်းကလေးတိုင်း ကြိတ်ရင်ခုန်ရခဲ့ဖူးမှာပါ။ ညို့ဓာတ်ပြင်းတဲ့ မျက်ဝန်းတွေနဲ့ အတူ သရုပ်ဆောင် မိုင်းမိုင်ကတော့ လက်ရှိမှာ အိမ်ထောင်ရက်သားကျလို့ သားသား မီးမီးလေးတွေပါ ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။