K-pop ပရိသတ်တွေရဲ့ ယုံကြည်မှုကို လျော့ရဲလာစေတဲ့ YG Entertainment
celegabar.com
|
2019-08-09



YG Entertainment ဟာ တောင်ကိုရီးယားနိုင်ငံအကြီးဆုံးသော ဖျော်ဖြေရေးကုမ္မဏီ တစ်ခုဖြစ်ပြီးအာရှ နဲ့ ယူရိုသာမက ကမ္ဘာတလွှား တွေအထိ နာမည်ကြီးတဲ့ Blackpink တို့လို မိန်းကလေးအဖွဲ့တွေအပြင် Big Bang, Winner, iKon, Treasure 13 နဲ့ 2NE1 တို့လိုအဖွဲ့ကောင်းတွေကိုပါ မွေးထုတ်ကာ တင်ဆက်ပေးနိုင်တဲ့ တောင်ကိုရီးယားနိုင်ငံရဲ့အကောင်းဆုံးအေဂျင်စီကောင်းတစ်ခုလိုလည်း ဆိုနိုင်ပါတယ်။






သို့ပေမဲ့လည်းအောင်မြင်မှုရဲ့ နောက်ကွယ်မှာ လိုတိုင်းရနေတဲ့ YG Entertainment ရဲ့ YG Familyအဖွဲ့ဝင် Idol တချို့ တွေဟာ လွန်ခဲ့တဲ့ လတွေထဲက မူးယစ်ဆေးဝါးအမှု ၊ ပြည့်တန်ဆာအမှု ၊ နဲ့အခြားသော လူကျင့်ဝတ်ဆိုင်ရာ ဖောက်ဖျက်မှုများကို ပြုလုပ်ခဲ့ပြီး “ငါးခုတ်မတစ်ကောင်ကြောင့် တလှေလုံး ပုပ်”ခဲ့ရသလို YG Entertainment တစ်ခုလုံးရဲ့ နာမည်ကို သာမကအခြားသော YG Idol တွေအပေါ်မှာပါအထင်မြင်တွေ တိမ်းစောင်းစေတယ်လို့ ဆိုရမှာပါ။





BigBangအဖွဲ့ဝင် Seungri ဟာ လည်း သူကိုယ်တိုင် ဖွင့်လှစ်ထားတဲ့ Bunning Sun Night Club ရဲ့ နောက်ကွယ် ပြည့်တန်ဆာမှု ၊ မူးယစ်ဆေးဝါးမှုတို့ စသဖြင့် ရှူပ်ထွေးလှတဲ့ နောက်ဆက်တွဲအမှုပေါင်းများစွာနဲ့အမှုရင်ဆိုင်နေရပြီး BigBangအဖွဲ့မှလည်း ကိုယ်တိုင် နုတ်ထွက် ခဲ့ပါတယ်။ ဒါ့အပြင် YG Entertainment ရဲ့အောက်က နောက်ထပ် ယောကျ်ားလေးအဖွဲ့တစ်ခုဖြစ်တဲ့ iKONအဖွဲ့မှအဖွဲ့ဝင် တစ်ဦးဖြစ်သူ B.i ဟာလည်းမူးယစ်ဆေးဝါးရောင်းဝယ်မှု/သုံးစွဲမှုမှာ ပါဝင်ပတ်သက်နေခဲ့တဲ့အပြင် B.i ကိုယ်တိုင်ဟာလည်း ကိုယ်ပိုင်ဆန္ဒနဲ့ နုတ်ထွက်ကြောင်း YG က ကြေညာလိုက်ပြီး Artist စာရင်းထဲမှလည်း တရားဝင် ထုတ်ပယ်ခဲ့ပါတယ်။




လတ်တလောမှာ K-popအနုပညာလောကတစ်ခုလုံးကိုအရမ်းကို လှုပ်ခတ်ရှူပ်ထွေးစေခဲ့ပြီး Idol တွေရဲ့ လူမှုရေးကိစ္စအရှူပ်အရှင်း ၊အတင်းအဖျင်းတွေနဲ့ ပတ်သက်လို့ YG Entertainment
ရဲ့ Founder တစ်ယောက်ဖြစ်သလို နှစ်ပေါင်း(၂၃) နှစ်တိုင်တိုင်အကောင်းဆုံး ကြိုးစားခဲ့သူ ပိုင်ရှင် ရောင်ဟွန်ဆပ် ကိုယ်တိုင်ကပါ CEOအဖြစ်က နုတ်ထွက်ခဲ့ပါတယ်။အမျိုးသမီး ဖြစ်တဲ့ ဟွမ်ဘိုရောင် တက်ပြီးတဲ့နောက် YG Entertainment ရဲ့ ဂုဏ်သတင်းနဲ့ နာမည်ကို ပြန်လည်ထိန်းသိမ်းဖို့အကောင်းဆုံး ပြန်လည်ကြိုးစားနေသော်လည်း K-pop ပရိသတ်တွေဘက်က လျော့ရဲလာတဲ့ ယုံကြည်မှုတွေနဲ့အတူ တစ်ချိန်ကအရူးအမူးအားပေးခဲ့ရတဲ့ Big bang နဲ့ iKoN တို့လိုအဖွဲ့တွေဟာ လူစုံစုံညီညီနဲ့အရင်တိုင်း ပြန်လာနိုင်တော့မှာမဟုတ်ဘူးလို့ ထင်ချတွေးမိနေသလို လာမဲ့ နိုဝင်ဘာလမှာ 2NE1 ကို ပြန်ခေါ်လာမယ် ဆိုတဲ့ YG ဘက်ကလည်း ပရိသတ်ယုံကြည်မှု ပြန်ရဖို့အတော်လေး ကြိုးစားအားထုတ်နေရတယ် လို့ ဆိုရမှာပါ။




Source: Koreaboo and Wikipedia
Khin Mi Mi@CeleGabar
ယူနီကုဒ်နဲ့ ဖတ်ရန်

K-pop ပရိသတ်တွေရဲ့ ယုံကြည်မှုကို လျော့ရဲလာစေတဲ့ YG Entertainment

YG Entertainment ဟာ တောင်ကိုရီးယားနိုင်ငံ အကြီးဆုံးသော ဖျော်ဖြေရေးကုမ္မဏီ တစ်ခုဖြစ်ပြီး အာရှ နဲ့ ယူရိုသာမက ကမ္ဘာတလွှား တွေအထိ နာမည်ကြီးတဲ့ Blackpink တို့လို မိန်းကလေး အဖွဲ့တွေအပြင် Big Bang, Winner, iKon, Treasure 13 နဲ့ 2NE1 တို့လို အဖွဲ့ကောင်းတွေကိုပါ မွေးထုတ်ကာ တင်ဆက်ပေးနိုင်တဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ အကောင်းဆုံး အေဂျင်စီကောင်းတစ်ခုလိုလည်း ဆိုနိုင်ပါတယ်။

သို့ပေမဲ့လည်း အောင်မြင်မှုရဲ့ နောက်ကွယ်မှာ လိုတိုင်းရနေတဲ့ YG Entertainment ရဲ့ YG Family အဖွဲ့ဝင် Idol တချို့ တွေဟာ လွန်ခဲ့တဲ့ လတွေထဲက မူးယစ်ဆေးဝါးအမှု ၊ ပြည့်တန်ဆာ အမှု ၊ နဲ့ အခြားသော လူကျင့်ဝတ်ဆိုင်ရာ ဖောက်ဖျက်မှုများကို ပြုလုပ်ခဲ့ပြီး “ငါးခုတ်မတစ်ကောင်ကြောင့် တလှေလုံး ပုပ်”ခဲ့ရသလို YG Entertainment တစ်ခုလုံးရဲ့ နာမည်ကို သာမက အခြားသော YG Idol တွေအပေါ်မှာပါ အထင်မြင်တွေ တိမ်းစောင်းစေတယ်လို့ ဆိုရမှာပါ။

BigBang အဖွဲ့ဝင် Seungri ဟာ လည်း သူကိုယ်တိုင် ဖွင့်လှစ်ထားတဲ့ Bunning Sun Night Club ရဲ့ နောက်ကွယ် ပြည့်တန်ဆာမှု ၊ မူးယစ်ဆေးဝါးမှုတို့ စသဖြင့် ရှူပ်ထွေးလှတဲ့ နောက်ဆက်တွဲအမှုပေါင်းများစွာနဲ့ အမှုရင်ဆိုင်နေရပြီး BigBang အဖွဲ့မှလည်း ကိုယ်တိုင် နုတ်ထွက် ခဲ့ပါတယ်။ ဒါ့အပြင် YG Entertainment ရဲ့အောက်က နောက်ထပ် ယောကျ်ားလေးအဖွဲ့တစ်ခုဖြစ်တဲ့ iKON အဖွဲ့မှ အဖွဲ့ဝင် တစ်ဦးဖြစ်သူ B.i ဟာလည်းမူးယစ်ဆေးဝါးရောင်းဝယ်မှု/သုံးစွဲမှုမှာ ပါဝင်ပတ်သက်နေခဲ့တဲ့အပြင် B.i ကိုယ်တိုင်ဟာလည်း ကိုယ်ပိုင်ဆန္ဒနဲ့ နုတ်ထွက်ကြောင်း YG က ကြေညာလိုက်ပြီး Artist စာရင်းထဲမှလည်း တရားဝင် ထုတ်ပယ်ခဲ့ပါတယ်။


လတ်တလောမှာ K-pop အနုပညာလောကတစ်ခုလုံးကို အရမ်းကို လှုပ်ခတ်ရှူပ်ထွေးစေခဲ့ပြီး Idol တွေရဲ့ လူမှုရေးကိစ္စ အရှူပ်အရှင်း ၊ အတင်းအဖျင်းတွေနဲ့ ပတ်သက်လို့ YG Entertainment
ရဲ့ Founder တစ်ယောက်ဖြစ်သလို နှစ်ပေါင်း(၂၃) နှစ်တိုင်တိုင် အကောင်းဆုံး ကြိုးစားခဲ့သူ ပိုင်ရှင် ရောင်ဟွန်ဆပ် ကိုယ်တိုင်ကပါ CEO အဖြစ်က နုတ်ထွက်ခဲ့ပါတယ်။ အမျိုးသမီး ဖြစ်တဲ့ ဟွမ်ဘိုရောင် တက်ပြီးတဲ့နောက် YG Entertainment ရဲ့ ဂုဏ်သတင်းနဲ့ နာမည်ကို ပြန်လည်ထိန်းသိမ်းဖို့ အကောင်းဆုံး ပြန်လည်ကြိုးစားနေသော်လည်း K-pop ပရိသတ်တွေဘက်က လျော့ရဲလာတဲ့ ယုံကြည်မှုတွေနဲ့ အတူ တစ်ချိန်က အရူးအမူး အားပေးခဲ့ရတဲ့ Big bang နဲ့ iKoN တို့လို အဖွဲ့တွေဟာ လူစုံစုံညီညီနဲ့ အရင်တိုင်း ပြန်လာနိုင်တော့မှာမဟုတ်ဘူးလို့ ထင်ချတွေးမိနေသလို လာမဲ့ နိုဝင်ဘာလမှာ 2NE1 ကို ပြန်ခေါ်လာမယ် ဆိုတဲ့ YG ဘက်ကလည်း ပရိသတ်ယုံကြည်မှု ပြန်ရဖို့ အတော်လေး ကြိုးစားအားထုတ်နေရတယ် လို့ ဆိုရမှာပါ။




Some text some message..