” ဘားအံမြို့ရေဘေးသင့်ပြည်သူတွေအတွက် ရွှေကျီးမုန့်များကို လမ်းကြုံဝင်ရောက်လှူဒါန်းခဲ့တဲ့ မအေးသောင်း”
celegabar.com
|
2019-08-10



အေးဝတ်ရည်သောင်းကတော့ မြန်မာဆန်ဆန်လေးနဲ့ ပုရိသတွေအသည်းကိုလှုပ်နှိုး နိုင်သူပါ။အသက်(၁၂)နှစ်တည်းကအနုပညာလောကထဲဝင်လာပြီး မော်ဒယ်အလုပ်ကိုလုပ်ကိုင်လာတဲ့အေးသောင်းကတော့အသက်နဲ့ပတ်သက်ပြီးရိုက်ခတ်မှုတွေရှိခဲ့ပေမယ့်လည်း လက်ရှိမှာအောင်မြင်တဲ့အနုပညာရှင်တစ်ယောက်လို့ ဆိုရမှာပါ။ မကြာသေးမီက မြန်မာနိုင်ငံရဲ့ ရှေးခတ်အလှအပနဲ့ယဉ်ကျေးမှုတွေ စုစည်းတည်ရှိနေတဲ့ ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်ရေးအတွက်အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ခဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။





နှစ်အတော်ကြာအနုပညာအလုပ်နဲ့ဝေးကွာခဲ့ပေမယ့် မြန်မာဆန်တဲ့ ပုံရိပ်လေးတွေနဲ့အတူ ပရိသတ်တွေနဲ့ပြန်လည်ထိတွေ့လာပြီး သူမပထမဆုံးပြန်လည်ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကတော့ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပြီး ပရိသတ်တွေ ကပင်အကယ်ဒမီဆုအတွက် မျှော်မှန်းပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။အနုပညာပွဲတက်တွေအပြင် ဇာတ်ကားတွေကိုလည်းဆက်တိုက်ရိုက်ကူးလာတဲ့အပြင် နန်းဆန်တဲ့အလှပုံရိပ်လေးတွေကိုလည်း ပရိသတ်နဲ့ ထိတွေ့မှုရှိစေရန် သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဝေမျှပေးလေ့ရှိတာပဲ ဖြစ်ပါတယ်။





လက်ရှိမှာတော့ မော်လမြိုင်ဒေသမှာ ဖြစ်ပွားလျက်ရှိတဲ့ ရေကြီးမှုတွေကတော့ မြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့ စိုးရိမ်ဝမ်းနည်းလျက်ရှိကြတာပဲ ဖြစ်ပါတယ်။ထိုရေကြီးမှုတွေ ဘေးကင်းအောင်ဝိုင်ဝန်းတောင်းဆုထောပနာပြုကြသူတွေထဲမှာအနုပညာရှင်တွေလည်း တောင်းဆုပြုကြလျက်ရှိရာ ထိုအနုပညာရှင်တွေထဲမှာအေးသောင်းလည်းအပါအဝင်ဖြစ်ပါတယ်။မအေးသောင်းကတော့ မြဝတီဘက်ကိုခရီးထွက်ရင်း ရေဘေးသင့်ပြည်သူတွေအတွက် ” လမ်းမှာ ရေဘေးအလှူအတွက် ရွှေကျီးမုန့်များကို ဘားအံမြို့မှ တာဝန်ရှိသူများထံဝင်ရောက်လှူဒါန်းခဲ့ပါတယ်ရှင့်” ဆိုပြီး လမ်းကြုံ ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။Cele Gabar ပရိသတ်ကြီးလည်း မအေးသောင်းရဲ့အလှူလေးအတွက် သာဓုခေါ်ခဲ့ပါဦးနော်။



Source: Aye Thaung
Shwe Poe@CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

” ဘားအံမြို့ရေဘေးသင့်ပြည်သူတွေအတွက် ရွှေကျီးမုန့်များကို လမ်းကြုံဝင်ရောက်လှူဒါန်းခဲ့တဲ့ မအေးသောင်း”

အေးဝတ်ရည်သောင်းကတော့ မြန်မာဆန်ဆန်လေးနဲ့ ပုရိသတွေအသည်းကိုလှုပ်နှိုး နိုင်သူပါ။အသက်(၁၂)နှစ်တည်းက အနုပညာလောကထဲဝင်လာပြီး မော်ဒယ်အလုပ်ကိုလုပ်ကိုင်လာတဲ့အေးသောင်းကတော့ အသက်နဲ့ပတ်သက်ပြီးရိုက်ခတ်မှုတွေရှိခဲ့ပေမယ့်လည်း လက်ရှိမှာအောင်မြင်တဲ့အနုပညာရှင်တစ်ယောက်လို့ ဆိုရမှာပါ။ မကြာသေးမီက မြန်မာနိုင်ငံရဲ့ ရှေးခတ်အလှအပနဲ့ယဉ်ကျေးမှုတွေ စုစည်းတည်ရှိနေတဲ့ ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်ရေးအတွက် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ခဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။

နှစ်အတော်ကြာအနုပညာအလုပ်နဲ့ဝေးကွာခဲ့ပေမယ့် မြန်မာဆန်တဲ့ ပုံရိပ်လေးတွေနဲ့အတူ ပရိသတ်တွေနဲ့ပြန်လည်ထိတွေ့လာပြီး သူမပထမဆုံးပြန်လည်ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကတော့ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပြီး ပရိသတ်တွေ ကပင် အကယ်ဒမီဆုအတွက် မျှော်မှန်းပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။အနုပညာပွဲတက်တွေအပြင် ဇာတ်ကားတွေကိုလည်းဆက်တိုက်ရိုက်ကူးလာတဲ့အပြင် နန်းဆန်တဲ့ အလှပုံရိပ်လေးတွေကိုလည်း ပရိသတ်နဲ့ ထိတွေ့မှုရှိစေရန် သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဝေမျှပေးလေ့ရှိတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မော်လမြိုင်ဒေသမှာ ဖြစ်ပွားလျက်ရှိတဲ့ ရေကြီးမှုတွေကတော့ မြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့ စိုးရိမ်ဝမ်းနည်းလျက်ရှိကြတာပဲ ဖြစ်ပါတယ်။ထိုရေကြီးမှုတွေ ဘေးကင်းအောင်ဝိုင်ဝန်းတောင်းဆုထောပနာပြုကြသူတွေထဲမှာ အနုပညာရှင်တွေလည်း တောင်းဆုပြုကြလျက်ရှိရာ ထိုအနုပညာရှင်တွေထဲမှာ အေးသောင်းလည်း အပါအဝင်ဖြစ်ပါတယ်။မအေးသောင်းကတော့ မြဝတီဘက်ကိုခရီးထွက်ရင်း ရေဘေးသင့်ပြည်သူတွေအတွက် ” လမ်းမှာ ရေဘေးအလှူအတွက် ရွှေကျီးမုန့်များကို ဘားအံမြို့မှ တာဝန်ရှိသူများထံဝင်ရောက်လှူဒါန်းခဲ့ပါတယ်ရှင့်” ဆိုပြီး လမ်းကြုံ ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။Cele Gabar ပရိသတ်ကြီးလည်း မအေးသောင်းရဲ့ အလှူလေးအတွက် သာဓုခေါ်ခဲ့ပါဦးနော်။


Source: Aye Thaung
Shwe Poe@CeleGabar




Some text some message..