ပိုင်ဟွေ့ဝတ်စုံဟာ တရုတ်နိုင်ငံမှာ(၁၉၂၀)ခုနှစ်တုန်းကခေတ်စားခဲ့တဲ့ဖက်ရှင်တစ်ခုဖြစ်ပါတယ်။ လက်ရှိခေတ်မှာလည်း မူရင်းပုံစံအပေါ်မှာအမျိုးမျိုးပြောင်းလဲပြီး ရုပ်ရှင်မင်းသမီးတွေနဲ့ ကျောင်းသူလေးတွေကပြန်လည်ဝတ်ဆင်ကြတာဖြစ်ပါတယ်။ခေတ်ဟောင်းစတိုင်ဆိုပေမဲ့ ယခုထက်ထိလူကြိုက်များနေသေးတဲ့ပိုင်ဟွေ့ကို မြန်မာနိုင်ငံမှာတောင်မှ ရေပန်းစားပြီးဝတ်ဆင်ခဲ့ကြဖူးပါတယ်။ပိုင်ဟွေ့ကိုဝတ်ဆင်ခဲ့ကြတဲ့ တရုတ်မင်းသမီးတွေထဲမှာမှ ဒီဝတ်စုံနဲ့အထူးလိုက်ဖက်လွန်းတယ်လို့ သတ်မှတ်ခံရတဲ့မင်းသမီး(၅)ဦးဖော်ပြပေးလိုက်ပါတယ်။
Tiffany Tang
မြန်မာပရိသတ်တွေနဲ့မစိမ်းတဲ့တရုတ်မင်းသမီးတစ်လက်ပါ။ လူကြိုက်များခဲ့တဲ့ The princess of Weiyoung (ဧကရီဝေရှန်း)ဇာတ်ကားမှာအဓိကဇာတ်ဆောင်အနေနဲ့ပါဝင်ထားပါတယ်။အနီရောင်တောက်တောက် ပိုင်ဟွေ့ဝတ်စုံကိုဝတ်ဆင်ထားတာဟာ ပွဲတစ်ခုကိုသွားမဲ့အပြင်အဆင်မျိုးဖြစ်နေပြီး တောက်ပထည်ဝါနေတာပါ။
Yangi Mi
တရုတ်နိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်ပြီး ဇာတ်လမ်းတွဲနဲ့ဇာတ်ကားတော်တော်များများမှာ ပါဖူးတာကြောင့် ပရိသတ်တွေမြင်ဖူးကြမှာပါ။လက်ရှှိတရုတ်နိုင်ငံမှာလူသိများနေတဲ့ “The Greatest Craftsman” ဇာတ်ကားမှာပါတဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာပိုင်ဟွေ့ကိုဝတ်ဆင်ထားတာပါ။ ပြီးပြည့်စုံတဲ့ဖက်ရှင်အပြင်အဆင်ဟာ တရုတ်နိုင်ငံမှာလူပြောများခဲ့ပါတယ်။
Liu Yi Fei
မြန်မာနိုင်ငံမှာဂူဂူးလို့လူသိများတဲ့မင်းသမီးချောလေးပါ။ပင်ကိုယ်အလှကိုပိုင်ဆိုင်ထားတဲ့ Liu Yi Fei ဟာဘယ်ဝတ်စုံနဲ့ကိုမဆိုလိုက်ဖက်လွန်းပါတယ်။ပိုင်ဟွေ့ဝတ်ထားတဲ့အခါမှာလည်းကျက်သရေရှိရှိကိုလှနေတာပါ။
Victoria Song
f(x)အဖွဲ့ဟောင်းတစ်ယောက်ဖြစ်တဲ့ Victoria Song ကတော့အဆိုတော်၊သရုပ်ဆောင် တစ်ယောက်ပါ။ တရုတ်နိုင်ငံမှာတော့ Victoria ဟာYang Mi ပြီးရင်ပေါ်ပြူလာအဖြစ်ဆုံး မင်းသမီးတစ်လက်ဖြစ်ပါတယ်။ တီဗွီရှိုးတစ်ခုမှာဆိုရင် ပိုင်ဟွေ့ဝတ်စုံကိုဝတ်ဆင်ခဲ့ပြီး ဒီဝတ်စုံနဲ့စတိုင်ကျလှပနေမှုဟာပရိသတ်တွေကိုဖမ်းစားနိုင်ခဲ့ပါတယ်။ရိုးရှင်းလှပတဲ့ဝတ်စုံလေးနဲ့တောင်မှ ပြောစမှတ်တွင်လောက်အောင်စတိုင်ကျသူပါ။
Songyi
နောက်ထပ်ပိုင်ဟွေ့ဝတ်စုံနဲ့လိုက်ဖက်တဲ့သူကတော့ မင်းသမီးချော Songyi ဖြစ်ပါတယ်။ပိုင်ဟွေ့ကို The Disguiser ဆိုတဲ့ တရုတ်ဇာတ်လမ်းတွဲတစ်ခုမှာဝတ်ဆင်ခဲ့တာပါ။ ဒီဝတ်စုံနဲ့လိုက်ဖက်လွန်းတဲ့သူမကို ပိုင်ဟွေ့ကိုဝတ်ဆင်ဖို့မွေးဖွားလာတဲ့သူ လို့ မှတ်ချက်ပေးခံရတာလည်းဖြစ်ပါတယ်။
Source:hotpottv
Sweet@CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်
ပိုငျဟှေ့ဝတျစုံနဲ့အလိုကျဖကျဆုံးလို့သတျမှတျခံရတဲ့ တရုတျမငျးသမီး(၅)ဦး
ပိုင်ဟွေ့ဝတ်စုံဟာ တရုတ်နိုင်ငံမှာ(၁၉၂၀)ခုနှစ်တုန်းကခေတ်စားခဲ့တဲ့ဖက်ရှင်တစ်ခုဖြစ်ပါတယ်။ လက်ရှိခေတ်မှာလည်း မူရင်းပုံစံအပေါ်မှာ အမျိုးမျိုးပြောင်းလဲပြီး ရုပ်ရှင်မင်းသမီးတွေနဲ့ ကျောင်းသူလေးတွေကပြန်လည်ဝတ်ဆင်ကြတာဖြစ်ပါတယ်။ခေတ်ဟောင်းစတိုင်ဆိုပေမဲ့ ယခုထက်ထိလူကြိုက်များနေသေးတဲ့ပိုင်ဟွေ့ကို မြန်မာနိုင်ငံမှာတောင်မှ ရေပန်းစားပြီးဝတ်ဆင်ခဲ့ကြဖူးပါတယ်။ပိုင်ဟွေ့ကိုဝတ်ဆင်ခဲ့ကြတဲ့ တရုတ်မင်းသမီးတွေထဲမှာမှ ဒီဝတ်စုံနဲ့အထူးလိုက်ဖက်လွန်းတယ်လို့ သတ်မှတ်ခံရတဲ့မင်းသမီး(၅)ဦးဖော်ပြပေးလိုက်ပါတယ်။
Tiffany Tang
မြန်မာပရိသတ်တွေနဲ့မစိမ်းတဲ့တရုတ်မင်းသမီးတစ်လက်ပါ။ လူကြိုက်များခဲ့တဲ့ The princess of Weiyoung (ဧကရီဝေရှန်း)ဇာတ်ကားမှာအဓိကဇာတ်ဆောင်အနေနဲ့ပါဝင်ထားပါတယ်။ အနီရောင်တောက်တောက် ပိုင်ဟွေ့ဝတ်စုံကိုဝတ်ဆင်ထားတာဟာ ပွဲတစ်ခုကိုသွားမဲ့အပြင်အဆင်မျိုးဖြစ်နေပြီး တောက်ပထည်ဝါနေတာပါ။
Yangi Mi
တရုတ်နိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်ပြီး ဇာတ်လမ်းတွဲနဲ့ဇာတ်ကားတော်တော်များများမှာ ပါဖူးတာကြောင့် ပရိသတ်တွေမြင်ဖူးကြမှာပါ။လက်ရှိတရုတ်နိုင်ငံမှာလူသိများနေတဲ့ “The Greatest Craftsman” ဇာတ်ကားမှာပါတဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာပိုင်ဟွေ့ကိုဝတ်ဆင်ထားတာပါ။ ပြီးပြည့်စုံတဲ့ဖက်ရှင်အပြင်အဆင်ဟာ တရုတ်နိုင်ငံမှာလူပြောများခဲ့ပါတယ်။
Liu Yi Fei
မြန်မာနိုင်ငံမှာဂူဂူးလို့လူသိများတဲ့မင်းသမီးချောလေးပါ။ပင်ကိုယ်အလှကိုပိုင်ဆိုင်ထားတဲ့ Liu Yi Fei ဟာဘယ်ဝတ်စုံနဲ့ကိုမဆိုလိုက်ဖက်လွန်းပါတယ်။ပိုင်ဟွေ့ဝတ်ထားတဲ့အခါမှာလည်းကျက်သရေရှိရှိကိုလှနေတာပါ။
Victoria Song
f(x) အဖွဲ့ဟောင်းတစ်ယောက်ဖြစ်တဲ့ Victoria Song ကတော့ အဆိုတော်၊သရုပ်ဆောင် တစ်ယောက်ပါ။ တရုတ်နိုင်ငံမှာတော့ Victoria ဟာYang Mi ပြီးရင်ပေါ်ပြူလာအဖြစ်ဆုံး မင်းသမီးတစ်လက်ဖြစ်ပါတယ်။ တီဗွီရှိုးတစ်ခုမှာဆိုရင် ပိုင်ဟွေ့ဝတ်စုံကိုဝတ်ဆင်ခဲ့ပြီး ဒီဝတ်စုံနဲ့စတိုင်ကျလှပနေမှုဟာပရိသတ်တွေကိုဖမ်းစားနိုင်ခဲ့ပါတယ်။ရိုးရှင်းလှပတဲ့ဝတ်စုံလေးနဲ့တောင်မှ ပြောစမှတ်တွင်လောက်အောင်စတိုင်ကျသူပါ။
Songyi
နောက်ထပ်ပိုင်ဟွေ့ဝတ်စုံနဲ့လိုက်ဖက်တဲ့သူကတော့ မင်းသမီးချော Songyi ဖြစ်ပါတယ်။ပိုင်ဟွေ့ကို The Disguiser ဆိုတဲ့ တရုတ်ဇာတ်လမ်းတွဲတစ်ခုမှာဝတ်ဆင်ခဲ့တာပါ။ ဒီဝတ်စုံနဲ့လိုက်ဖက်လွန်းတဲ့သူမကို ပိုင်ဟွေ့ကိုဝတ်ဆင်ဖို့မွေးဖွားလာတဲ့သူ လို့ မှတ်ချက်ပေးခံရတာလည်းဖြစ်ပါတယ်။