Gong Yoo, Lee Dong Wook တို့နဲ့ ခုထိအဆက်အသွယ်ရှိတဲ့အကြောင်းပြောပြလာတဲ့ Kim Go Eun
popolay.com
|
2019-08-16

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ နာမည်ကြီး လူကြိုက်များခဲ့တဲ့ Goblin ဇာတ်လမ်းတွဲမှ သရုပ်ဆောင် Kim Go Eun ဟာ လတ်တလော မမတို့အသည်းစွဲနေတဲ့ မင်းသားချော Jung Hae In နဲ့အတူ ရုပ်ရှင်ဇာတ်ကား Tune In For Love မှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Kim Go Eun ဟာ Goblin ရိုက်ကူးနေစဉ်အတူသရုပ်ဆောင်ခဲ့ကြတဲ့ Gong Yoo, Lee Dong Wook , Yoo In Na တို့နဲ့ ယနေ့ထိအဆက်အသွယ်ရှိနေပြီးအခင်အမင် မပြတ်တဲ့အကြောင်း Happy together 4 မှာပြောပြလာပါတယ်။ ဦးလေးကြီး နှစ်ယောက်အကြောင်းကို Kim Go Eun ဘယ်လို ပြောပြသွားတယ်ဆိုတာသိရှိဖို့ ပိုပိုလေးနဲ့အတူ လိုက်ပါစီးမျောလိုက်ရအောင်။


>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<



Kim Go Eun ဟာ လတ်တလောTune In For Love ဇာတ်ကားကို ပရိုမိုးရှင်းဆင်းဖို့ Jung Hae In နဲ့အတူ Happy together 4အစီအစဉ်မှာပါဝင်ခဲ့ပါတယ်။



Kim Go Eun ကို Goblin ဇာတ်လမ်းတွဲမှ သရုပ်ဆောင်တွေနဲ့ ပတ်သတ်ပြီးအစီအစဉ်တင်ဆက်သူ Jo Se Ho ကမေးမြန်းလာပါတယ်။ ဒီလိုမေးမြန်းရတဲ့အကြောင်းအရင်းကတော့ Jo Se Ho ကို Gong Yoo နဲ့ Lee Dong Wook တို့က Kim Go Eun ကိုအစီအစဉ်ရိုက်ကူးနေစဉ်အတောအတွင်း ဂရုစိုက်ပေးဖို့ မှာကြားလိုက်တာကြောင့်ဖြစ်ပါတယ်။




Jo Se Ho မေးမြန်းတဲ့အခါ Kim Go Eun က “ကျွန်မ Goblin မှာအတူသရုပ်ဆောင်ခဲ့တဲ့အစ်ကိုတွေအစ်မတွေနဲ့အခုထိ ခင်မင်နေတုန်းပါပဲ။ Gong Yoo, Lee Dong Wook , Yoo In Na နဲ့ ကျွန်မအပါအဝင် လေးယောက်လုံးဟာ မောင်နှမအရင်းအချာတွေလို ခင်မင်ကြပါတယ်။” ဆိုပြီး ပြောပြသွားပါတယ်။




တစ်ဖန် Gong Yoo နဲ့ Lee Dong Wook တို့က သူမနဲ့ Yoo In Naအပေါ်အစ်ကိုကြီးတွေဆိုပြီးအမြဲတမ်း ပွစိပွစိ ပြောနေတတ်တယ်လို့ ဆိုပါတယ်။ Goblin ဇာတ်ကားမှာအတူပါဝင်ခဲ့ကြပြီး ခုချိန်ထိ မောင်နှမတွေလို ခင်မင်နေကြတာကို မြင်တွေ့ရတာ ဝမ်းသာကြည်နူးစရာပါ။





Ref:allkpop

(ပိုပိုလေး)




Some text some message..