”အချစ်ရေးနဲ့ပတ်သက်ပြီးအဆင်မပြေမှုတွေကို တိတ်တဆိတ်ရင်ဖွင့်လာကြတဲ့ G Fatt နဲ့ နန်းဆု တို့ စုံတွဲ “
celegabar.com
|
2019-08-16



ကိုးရီးယားမလေးလို ချစ်စရာကောင်းတဲ့ ရှမ်းတရုတ်ကပြားမလေးအဆိုတော်သရုပ်ဆောင်နန်းဆုရတီစိုးနဲ့ နိုင်ငံကျော်ပြည်သူ့အချစ်တော်အဆိုတော်G-Fattတို့စုံတွဲလေးကတော့ ပရိသတ်တွေကိုအထူးမိတ်ဆက်စရာမလိုတဲ့အနုပညာစုံတွဲလေးပဲ ဖြစ်ပါတယ်။အဆိုတော်G-Fattနဲ့ နန်းဆုတို့ရဲ့အချစ်ရေးအကြောင်းကို နန်းဆုရဲ့” ရူးအောင်ချစ်ရသူ” သီချင်းကနေ ပရိသတ်တွေစတင်သတိထားမိလာတာဖြစ်ပြီး ထိုသီချင်းလေးကိုလည်း G-Fattကိုယ်တိုင်ရေးစပ် ပါဝင်သရုပ်ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။





ပရိသတ်တွေရဲ့ Idol Coupleအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ ဒိတ်ဒိတ်ကြဲအနုပညာရှင်တွေစုံတွဲတွေထဲကအဆိုတော် G Fatt နဲ့အဆိုတော်၊ သရုပ်ဆောင် နန်းဆုရတီစိုးတို့ စုံတွဲလေးကတော့ တစ်တွဲအပါအဝင်ဖြစ်ပြီး မနဲ့မောင်စုံတွဲလေးဖြစ်တဲ့ နန်းဆုတို့ စုံတွဲဟာ ဆိုရင် ချစ်သူသက်တမ်း (၂) နှစ်ကျော်ခဲ့ပြီပဲ ဖြစ်ပါတယ်။သူတို့ နှစ်ယောက်ဟာဆိုရင်စိတ်ကောက်လိုက် ပြန်ချော့လိုက်နဲ့ လက်တွဲလာခဲ့ကြတာဖြစ်ပြီး G Fatt ဟာဆိုရင်လည်း ကလေးဆန်တတ်တဲ့ နန်းဆုလေးကိုအလိုလိုက်အလျော့ပေးကာ ဂရုတစိုက်နဲ့ ချစ်ပေးတတ်သူလည်းဖြစ်ပါတယ်။





လက်ရှိမှာတော့ နန်းဆုဟာအနုပညာပွဲတွေ တက်ရောက်ကာ သီချင်းဘက်ကိုပဲအားစိုက်ကာ သရုပ်ဆောင်အလုပ်တွေကို ခပ်ကျဲကျဲ သာလုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ယနေ့မှာတော့G Fatt နဲ့နန်းဆုတို့ နှစ်ဦးဟာအချစ်ရေးနဲ့ပတ်သက်ပြီး တိတ်တဆိတ် သူတို့ရဲ့ MyDayမှာ ရင်ဖွင့်လာကြတာကြောင့် သူတို့စုံတွဲနှစ်ယောက်ရဲ့အချစ်ရေးဘယ်လိုအခြေအနေရှိလည်း ဆိုတာကိုပရိသတ်တွေ သိချင်နေကြတာပဲ ဖြစ်ပါတယ်။GFattရဲ့ MyDayမှာ “ဘဝမှာ နင်မရှိတော့တဲ့အတွေးတွေဝင်တိုင်းငါ ” ဆိုပြီး တင်ပြီးတဲ့နောက် နန်းဆုကလည်း ယနေ့ညနေပိုင်းမှာ “ကံပါသလောက်ချစ်ခဲ့ပြီးပြီ” လို့ဆိုပြီး သူမရဲ့ MyDay မှာတင်ခဲ့တာပဲ ဖြစ်ပါတယ်။တရားဝင်တော့ ပြောဆိုထားခြင်းမရှိသေးတာပဲ ဖြစ်တာကြောင့် CeleGabar ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ မနဲ့မောင်စုံတွဲလေးဖြစ်တဲ့ GFattနဲ့ နန်းဆု တို့ စုံတွဲရဲ့အချစ်ရေးလေးကို မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။




Source:GFatt​,Nansu Yati Soe
Shwe Poe@CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

” အချစ်ရေးနဲ့ပတ်သက်ပြီး အဆင်မပြေမှုတွေကို တိတ်တဆိတ်ရင်ဖွင့်လာကြတဲ့ G Fatt နဲ့ နန်းဆု တို့ စုံတွဲ ”

ကိုးရီးယားမလေးလို ချစ်စရာကောင်းတဲ့ ရှမ်းတရုတ်ကပြားမလေး အဆိုတော်သရုပ်ဆောင်နန်းဆုရတီစိုးနဲ့ နိုင်ငံကျော်ပြည်သူ့အချစ်တော် အဆိုတော်G-Fattတို့စုံတွဲလေးကတော့ ပရိသတ်တွေကို အထူးမိတ်ဆက်စရာမလိုတဲ့အနုပညာစုံတွဲလေးပဲ ဖြစ်ပါတယ်။အဆိုတော်G-Fattနဲ့ နန်းဆုတို့ရဲ့ အချစ်ရေးအကြောင်းကို နန်းဆုရဲ့” ရူးအောင်ချစ်ရသူ” သီချင်းကနေ ပရိသတ်တွေစတင်သတိထားမိလာတာဖြစ်ပြီး ထိုသီချင်းလေးကိုလည်း G-Fattကိုယ်တိုင်ရေးစပ် ပါဝင်သရုပ်ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ Idol Couple အဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေစုံတွဲတွေထဲက အဆိုတော် G Fatt နဲ့ အဆိုတော်၊ သရုပ်ဆောင် နန်းဆုရတီစိုးတို့ စုံတွဲလေးကတော့ တစ်တွဲအပါအဝင်ဖြစ်ပြီး မနဲ့မောင်စုံတွဲလေးဖြစ်တဲ့ နန်းဆုတို့ စုံတွဲဟာ ဆိုရင် ချစ်သူသက်တမ်း (၂) နှစ်ကျော်ခဲ့ပြီပဲ ဖြစ်ပါတယ်။သူတို့ နှစ်ယောက်ဟာဆိုရင်စိတ်ကောက်လိုက် ပြန်ချော့လိုက်နဲ့ လက်တွဲလာခဲ့ကြတာဖြစ်ပြီး G Fatt ဟာဆိုရင်လည်း ကလေးဆန်တတ်တဲ့ နန်းဆုလေးကို အလိုလိုက်အလျော့ပေးကာ ဂရုတစိုက်နဲ့ ချစ်ပေးတတ်သူလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ နန်းဆုဟာ အနုပညာပွဲတွေ တက်ရောက်ကာ သီချင်းဘက်ကိုပဲ အားစိုက်ကာ သရုပ်ဆောင်အလုပ်တွေကို ခပ်ကျဲကျဲ သာလုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ယနေ့မှာတော့G Fatt နဲ့နန်းဆုတို့ နှစ်ဦးဟာ အချစ်ရေးနဲ့ပတ်သက်ပြီး တိတ်တဆိတ် သူတို့ရဲ့ MyDayမှာ ရင်ဖွင့်လာကြတာကြောင့် သူတို့စုံတွဲနှစ်ယောက်ရဲ့ အချစ်ရေးဘယ်လိုအခြေအနေရှိလည်း ဆိုတာကိုပရိသတ်တွေ သိချင်နေကြတာပဲ ဖြစ်ပါတယ်။GFattရဲ့ MyDayမှာ “ဘဝမှာ နင်မရှိတော့တဲ့ အတွေးတွေဝင်တိုင်းငါ ” ဆိုပြီး တင်ပြီးတဲ့နောက် နန်းဆုကလည်း ယနေ့ညနေပိုင်းမှာ “ကံပါသလောက်ချစ်ခဲ့ပြီးပြီ” လို့ဆိုပြီး သူမရဲ့ MyDay မှာတင်ခဲ့တာပဲ ဖြစ်ပါတယ်။တရားဝင်တော့ ပြောဆိုထားခြင်းမရှိသေးတာပဲ ဖြစ်တာကြောင့် CeleGabar ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ မနဲ့မောင်စုံတွဲလေးဖြစ်တဲ့ GFattနဲ့ နန်းဆု တို့ စုံတွဲရဲ့ အချစ်ရေးလေးကို မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။


Source:GFatt,Nansu Yati Soe
Shwe Poe@CeleGabar





ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..