ပရိသတ်တွေရဲ့ Idol Coupleအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ ဒိတ်ဒိတ်ကြဲအနုပညာရှင်တွေစုံတွဲတွေထဲကအဆိုတော် G Fatt နဲ့အဆိုတော်၊ သရုပ်ဆောင် နန်းဆုရတီစိုးတို့ စုံတွဲလေးကတော့ တစ်တွဲအပါအဝင်ဖြစ်ပြီး မနဲ့မောင်စုံတွဲလေးဖြစ်တဲ့ နန်းဆုတို့ စုံတွဲဟာ ဆိုရင် ချစ်သူသက်တမ်း (၂) နှစ်ကျော်ခဲ့ပြီပဲ ဖြစ်ပါတယ်။သူတို့ နှစ်ယောက်ဟာဆိုရင်စိတ်ကောက်လိုက် ပြန်ချော့လိုက်နဲ့ လက်တွဲလာခဲ့ကြတာဖြစ်ပြီး G Fatt ဟာဆိုရင်လည်း ကလေးဆန်တတ်တဲ့ နန်းဆုလေးကိုအလိုလိုက်အလျော့ပေးကာ ဂရုတစိုက်နဲ့ ချစ်ပေးတတ်သူလည်းဖြစ်ပါတယ်။
အဆိုတော်G-Fattနဲ့ နန်းဆုတို့ရဲ့အချစ်ရေးအကြောင်းကို နန်းဆုရဲ့” ရူးအောင်ချစ်ရသူ” သီချင်းကနေ ပရိသတ်တွေစတင်သတိထားမိလာတာဖြစ်ပြီး ထိုသီချင်းလေးကိုလည်း G-Fattကိုယ်တိုင်ရေးစပ် ပါဝင်သရုပ်ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ထိုအချိန်ကစပြီး ပရိသတ်တွေက ချစ်ခင်အားပေးသဘောတူခဲ့တာဖြစ်တဲ့အပြင်အချစ်ရေးအဆင်ပြေလားမပြေလား ဆိုတာ ပရိသတ်တွေကအမြဲ စိတ်ဝင်တစား စောင့်ကြည့် နေကြတယ်ဆိုလည်းမမှားပါဘူးနော်။ လက်ရှိမှာတော့ G Fatt နဲ့နန်းဆုတို့ နှစ်ဦးဟာအချစ်ရေးနဲ့ပတ်သက်ပြီး သူတို့ရဲ့ MyDayမှာ ရင်ဖွင့်ရေးသားလာကြတာကို ပရိသတ်တွေကအထူးစိတ်ဝင်စားနေကြတာပဲ ဖြစ်ပါတယ်။
လမ်းခွဲပြတ်စဲလိုက်တဲ့ သဘောဆောင်တဲ့အရေးအသားတွေကို နှစ်ယောက်လုံး MyDayမှာရေးသားခဲ့ပြီးနောက် G Fatt ရဲ့ MyDayမှာ Friend Zone ဆိုတဲ့ ထိုင်းကားလေးကို တင်ထားတာကြောင့် သူငယ်ချင်းဆက်ဆံရေးနဲ့ နေသွားတော့မှာလားဆိုပြီး သို့လောသို့လော မေးခွန်းလေးတွေ ပရိသတ်တွေက ပြောလာကြတာဖြစ်ပြီး တရားဝင် ထုတ်မပြောသေးပေမယ့် ဖိတ်ကြားခံရတဲ့ ပွဲတွေကို G-Fattနဲ့ နန်းဆု တို့စုံတွဲ ဟာအမြဲအတူတူတက်ရောက်လေ့ရှိပေမယ့် နှစ်ယောက်လုံးဖိတ်ကြားခြင်းခံရတဲ့ SAMSUNG Galaxy ပွဲကိုတော့ နန်းဆုကသူမ မတက်ရောက်နိုင်ကြောင်းကို သူမရဲ့ MyDayမှာ တင်ထားတာကြောင့် လမ်းခွဲပြီလား ဆိုတာကို တစ်ချို့ ပရိသတ်တွေကသိချင်နေကြတာဖြစ်ပြီး တစ်ချို့ ပရိသတ်တွေကတော့ လမ်းမခွဲကြဖို့ ပြန်အဆင်ပြေကြဖို့ မျှော်လင့်နေကြတာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးလည်း G-Fattနဲ့ နန်းဆု တို့ဆက်ဆံရေးဟာ သူငယ်ချင်းဆက်ဆံရေးနဲ့ ဆက်သွားမလားဆိုတာ မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။
Source:G-Fatt,Nansu Yati Soe
Shwe Poe@CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်
” သူငယ်ချင်းဆက်ဆံရေးနဲ့ ဆက်သွားမယ်လို့ ထင်ကြေးပေးခံနေရတဲ့ G-Fattနဲ့ နန်းဆု ”