ဟိန်းမင်းသူကတော့ မော်ဒယ်သရုပ်ဆောင်အဆိုတော်တစ်ယောက်အနေနဲ့အနုပညာလောကမှာ ရပ်တည်နေတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။Singleတေးသီချင်းပေါင်းမြောက်မြားစွာထွက်ရှိထားပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုအပြည့်အဝရရှိထားတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။မိန်းကလေး ပရိသတ်တွေရဲ့ သည်သည်းလှုပ်အားပေးခြင်းကို ခံရတဲ့ ယောက်ျားလေးအနုပညာရှင်တွေထဲမှာ ဟိန်းမင်းသူကလည်း တစ်ယောက်အနေနဲ့အပါအဝင်ပါ။
လတ်တလောမှာတော့ဟိန်းမင်းသူဟာ မွန်ပြည်နယ်က ရေဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် လှည်းတန်းစင်တာမှာ ရံပုံငွေပွဲလေးတစ်ပွဲပြုလုပ်ပြီး ကိုယ်တိုင်အလှူခံနေခဲ့တာပဲဖြစ်ပါတယ်။ဒီပွဲလေးကနေအလှူခံပြီး ရရှိလာတဲ့အလှူငွေတွေကို ရေးဘေးသင့်ပြည်သူတွေထံကိုလည်း ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းသွားမှာလို့လည်းသိရှိရပါတယ်။
ဟိန်းမင်းသူက ကျိုက်မရောမြို့၊ ခနောင်းကျေးရွာအပါအဝင်အနီးအနားက ရေဘေးသင့်ပြည်သူတွေအတွက် လိုအပ်တဲ့ပစ္စည်းတွေကို ရွေးချယ်လှူဒါန်းမှုတွေပြုလုပ်သွားမှာဖြစ်တဲ့အကြောင်းကို “သူတို့ဘက်မှာလိုအပ်နေတဲ့ ဆီ၊ဆန်၊ဆေးဝါး၊ခေါက်ဆွဲခြောက်ထုပ်၊လိုတယ်လို့ပြောပါတယ်။ကျွန်တော်ကအဲ့တာလေးတွေကိုအဓိကထားပြီး လှူဖြစ်မယ်ထင်ပါတယ်။”လို့ပြောကြားလာတာဖြစ်ပြီး CeleGabarပရိသတ်ကြီးအတွက်ဒီသတင်းလေးကို မျှဝေပေးလိုက်ရပါတယ်နော်။
Source : Exclusive On CeleGabar
Chilli@CeleGabar
ယူနီကုတ်ဖြင့်ဖတ်ရန်။

“ရေဘေးသင့်ပြည်သူတွေအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ရွေးချယ်လှူဒါန်းသွားမယ်ဆိုတဲ့ ဟိန်းမင်းသူ”
ဟိန်းမင်းသူကတော့ မော်ဒယ်သရုပ်ဆောင် အဆိုတော်တစ်ယောက်အနေနဲ့ အနုပညာလောကမှာ ရပ်တည်နေတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။Singleတေးသီချင်းပေါင်းမြောက်မြားစွာထွက်ရှိထားပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုအပြည့်အဝရရှိထားတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။မိန်းကလေး ပရိသတ်တွေရဲ့ သည်သည်းလှုပ်အားပေးခြင်းကို ခံရတဲ့ ယောက်ျားလေး အနုပညာရှင်တွေထဲမှာ ဟိန်းမင်းသူကလည်း တစ်ယောက်အနေနဲ့ အပါအဝင်ပါ။
လတ်တလောမှာတော့ဟိန်းမင်းသူဟာ မွန်ပြည်နယ်က ရေဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် လှည်းတန်းစင်တာမှာ ရံပုံငွေပွဲလေးတစ်ပွဲပြုလုပ်ပြီး ကိုယ်တိုင်အလှူခံနေခဲ့တာပဲဖြစ်ပါတယ်။ဒီပွဲလေးကနေ အလှူခံပြီး ရရှိလာတဲ့ အလှူငွေတွေကို ရေးဘေးသင့်ပြည်သူတွေထံကိုလည်း ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းသွားမှာလို့လည်းသိရှိရပါတယ်။
ဟိန်းမင်းသူက ကျိုက်မရောမြို့၊ ခနောင်းကျေးရွာအပါအဝင် အနီးအနားက ရေဘေးသင့်ပြည်သူတွေအတွက် လိုအပ်တဲ့ပစ္စည်းတွေကို ရွေးချယ်လှူဒါန်းမှုတွေပြုလုပ်သွားမှာဖြစ်တဲ့အကြောင်းကို “သူတို့ဘက်မှာလိုအပ်နေတဲ့ ဆီ၊ဆန်၊ဆေးဝါး၊ခေါက်ဆွဲခြောက်ထုပ်၊လိုတယ်လို့ပြောပါတယ်။ကျွန်တော်ကအဲ့တာလေးတွေကို အဓိကထားပြီး လှူဖြစ်မယ်ထင်ပါတယ်။”လို့ပြောကြားလာတာဖြစ်ပြီး CeleGabarပရိသတ်ကြီးအတွက်ဒီသတင်းလေးကို မျှဝေပေးလိုက်ရပါတယ်နော်။
Source : Exclusive On CeleGabar
Chilli@CeleGabar
ဒီတပတ်မှာတော့ ပရိသတ်တွေရဲ့ မိုဘိုင်းဖုန်းထဲမှာ မရှိမဖြစ် ဒေါင်းလုခ် ရယူပြီး သိမ်းထားကာ နားထောင်သင့်တဲ့ ဒီတပတ် သြဂုတ်လရဲ့ လူကြိုက်အများဆုံးသီချင်း (၁၀) ပုဒ်ကို ဖော်ပြပေးချင်ပါတယ်။ လူကြိုက်အများဆုံးသီချင်းတွေအဖြစ်အသည်းကွဲ ၊အချစ် ၊ ဖန်စီ နဲ့ ရသ မတူညီတဲ့ သီချင်းတွေများစွာထဲက ဘယ်သီချင်း လေးတွေက ပရိသတ်တွေရဲ့ ရင်ဘတ်မှာ နေရာ ယူနိုင်ခဲ့သလဲ ဆိုတာ
10/Slient
လွန်ခဲ့တဲ့ လအနည်းငယ်က ထွက်ရှိခဲ့တဲ့ ရွှေထူး ရဲ့ သီချင်း တစ်ပုဒ်ဖြစ်တဲ့ “Slient” သီချင်းကတော့ JOOX ရဲ့ လူကြိုက်အများဆုံး သီချင်းများ စာရင်း မှာ ယခု ရက်တပတ်ထိ နေရာယူလို့ နေပြီး featuring ကိုတော့ Mood ကပါဝင်သီဆို ထားတာဖြစ်ပါတယ်။

9/ံHeart is Stone
“ဘာကြောင့် မင်းထိုင်ငိုနေလဲ နောက်တစ်ယောက်အသစ်ရှာတွဲ “ဆိုတဲ့ သီချင်းစာသားတွေနဲ့အတူအသည်းကွဲသူများနေတဲ့ မြန်မာပရိသတ်တွေကြား လူကြိုက်များခဲ့တဲ့ Ice cold ၊ ပြုံးမြသွယ် နဲ့ မိုးအာကာဝင်း တို့ သုံးယောက် သီဆိုထားတဲ့ “Heart is Stone” သီချင်းကတော့ လက်ရှိ JOOx မှာ နံပတ် (၁၀) နေရာ ကို ရောက်ရှိနေပါတယ်။
8/ပြန်ချစ်ကြမယ်
အဆိုတော် မင်းခန့် နဲ့ ကိုထက် တို့ရဲ့ သီချင်းဖြစ်တဲ့ “ပြန်ချစ်ကြမယ်” သီချင်းလေးကလည်း လက်ရှိ JOOXရဲ့ လူကြိုက်အများဆုံး နံပါတ်(၈) နေရာမှာ ရပ်တည်လို့ နေပါတယ်။

7/ခွင့်လတ်ပေးဖို့ တောင်းပန်ချင်
Tik Tok နဲ့ Facebook စာမျက်နာတွေထိ နေရာယူထားနိုင်ခဲ့တဲ့အဆိုတော် ချယ်ရီသင်းရဲ့ “ခွင့်လွတ်ပေးဖို့ တောင်းပန်ချင်” သီချင်းလေးဟာ ထွက်ရှိခဲ့တာ လအနည်းငယ်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း JOOX ရဲ့ လူကြိုက်အများဆုံး နံပါတ်(၇) နေရာမှာ ရှိလို့ နေဆဲပါ။
6/အဆင်ပြေပါတယ်
“ငါအဆင်ပြေပါတယ် .. မင်းရက်စက်ချင်လည်း” ဆိုတဲ့ နီနီခင်ဇော် ရဲ့အသည်းကွဲသီချင်းလေးတစ်ပုဒ်ဖြစ်တဲ့ “အဆင်ပြေပါတယ်” သီချင်းလေးဟာ လတ်တလောမှာ ရေပန်းအစားဆုံး ဖြစ်လို့ နေပါတယ်။
5/ချစ်တယ်
အချစ်တစ်မျက်နာကို ချည်း ကြည့်တဲ့အချစ်ရူးမလေးအဖြစ် ကိုယ်တိုင်သရုပ်ဆောင်ကာ ချစ်တဲ့ စကားတွေကို တဖွဖွ ဆိုမဲ့ ရွှေမှုန်ရတီရဲ့ ဒုတိယမြောက် သီချင်းလေးဖြစ်တဲ့ “ချစ်တယ်”သီချင်းလေးကတော့ နံပါတ်(၅) နေရာမှာ ရပ်တည်လို့ နေပါတယ်။
4/I Do
X-box နဲ့ Mild တို့ရဲ့ “I Do” သီချင်းဟာလည်း လက်ရှိမှာ JOOX ရဲ့ လူကြိုက်အများဆုံး နံပါတ်(၄) နေရာမှာ ရပ်တည်လို့ နေပြီး ဖုန်းထဲမှာ ဒေါင်းလုခ် ရယူကာ နားထောင်သင့်တဲ့ သီချင်းလေးလည်း ဖြစ်ပါတယ်။
3/Live Fast
မြန်မာပရိသတ်တွေကြား လူကြိုက်အများဆုံး နံပါတ်(၃) နေရာမှာ ရပ်တည်နေတဲ့ ” Live Fast” သီချင်းကတော့ Alan Walkerနဲ့ A$ap Rockyတို့ရဲ့ လောလောလတ်လတ် ထွက်ရှိထားတဲ့ သီချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။

2/ကြည်ဖြူမယ်ဆိုရင်
ယော်မင်းဦး နဲ့ လွှမ်းပိုင်တို့ရဲ့ ကျောင်းသားဘ၀အချစ်ဇာတ်လမ်းပုံစံ သီချင်းလေး တစ်ပုဒ်ဖြစ်တဲ့ “ကြည်ဖြူမယ်ဆိုရင် ” သီချင်းလေးဟာလည်း ထွက်ရှိခဲ့ပြီးတဲ့ လက်ရှိအချိန်ထိ JOOX မှာ နံပါတ်(၂)
နေရာကို ရယူထားနိုင်ပါတယ်။
1/ကျွန်တော်ရဲ့ချစ်သူ
သြဂုတ်လရဲ့ (၂) ပတ်လောက် Top (1)အဖြစ် ရပ်တည်နေတဲ့ သီချင်းကတော့ ရွှေထူးရဲ့ “ကျွန်တော်ရဲ့ချစ်သူ ” ဖြစ်ပြီး ဇနီးချောလေး ရွှေမှုန်ရတီကို ရည်ညွန်း သီဆိုထားတဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်ကြောင်းလည်း သိရှိရပါတယ်။
Source: JOOX Chart
Khin Mi Mi@CeleGabar
ယူနီကုဒ်နဲ့ ဖတ်ရန်
ဒီတပတ်အတွင်း သြဂုတ်လရဲ့ လူကြိုက်အများဆုံး သီချင်း (၁၀) ပုဒ်
ဒီတပတ်မှာတော့ ပရိသတ်တွေရဲ့ မိုဘိုင်းဖုန်းထဲမှာ မရှိမဖြစ် ဒေါင်းလုခ် ရယူပြီး သိမ်းထားကာ နားထောင်သင့်တဲ့ ဒီတပတ် သြဂုတ်လရဲ့ လူကြိုက်အများဆုံးသီချင်း (၁၀) ပုဒ်ကို ဖော်ပြပေးချင်ပါတယ်။ လူကြိုက်အများဆုံးသီချင်းတွေ အဖြစ် အသည်းကွဲ ၊ အချစ် ၊ ဖန်စီ နဲ့ ရသ မတူညီတဲ့ သီချင်းတွေများစွာထဲက ဘယ်သီချင်း လေးတွေက ပရိသတ်တွေရဲ့ ရင်ဘတ်မှာ နေရာ ယူနိုင်ခဲ့သလဲ ဆိုတာ
10/Slient
လွန်ခဲ့တဲ့ လအနည်းငယ်က ထွက်ရှိခဲ့တဲ့ ရွှေထူး ရဲ့ သီချင်း တစ်ပုဒ်ဖြစ်တဲ့ “Slient” သီချင်းကတော့ JOOX ရဲ့ လူကြိုက်အများဆုံး သီချင်းများ စာရင်း မှာ ယခု ရက်တပတ်ထိ နေရာယူလို့ နေပြီး featuring ကိုတော့ Mood ကပါဝင်သီဆို ထားတာဖြစ်ပါတယ်။
9/ံHeart is Stone
“ဘာကြောင့် မင်းထိုင်ငိုနေလဲ နောက်တစ်ယောက် အသစ်ရှာတွဲ “ဆိုတဲ့ သီချင်းစာသားတွေနဲ့ အတူ အသည်းကွဲသူများနေတဲ့ မြန်မာပရိသတ်တွေကြား လူကြိုက်များခဲ့တဲ့ Ice cold ၊ ပြုံးမြသွယ် နဲ့ မိုးအာကာဝင်း တို့ သုံးယောက် သီဆိုထားတဲ့ “Heart is Stone” သီချင်းကတော့ လက်ရှိ JOOx မှာ နံပတ် (၁၀) နေရာ ကို ရောက်ရှိနေပါတယ်။
8/ပြန်ချစ်ကြမယ်
အဆိုတော် မင်းခန့် နဲ့ ကိုထက် တို့ရဲ့ သီချင်းဖြစ်တဲ့ “ပြန်ချစ်ကြမယ်” သီချင်းလေးကလည်း လက်ရှိ JOOXရဲ့ လူကြိုက်အများဆုံး နံပါတ်(၈) နေရာမှာ ရပ်တည်လို့ နေပါတယ်။
7/ခွင့်လတ်ပေးဖို့ တောင်းပန်ချင်
Tik Tok နဲ့ Facebook စာမျက်နာတွေထိ နေရာယူထားနိုင်ခဲ့တဲ့ အဆိုတော် ချယ်ရီသင်းရဲ့ “ခွင့်လွတ်ပေးဖို့ တောင်းပန်ချင်” သီချင်းလေးဟာ ထွက်ရှိခဲ့တာ လအနည်းငယ်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း JOOX ရဲ့ လူကြိုက်အများဆုံး နံပါတ်(၇) နေရာမှာ ရှိလို့ နေဆဲပါ။
6/အဆင်ပြေပါတယ်
“ငါ အဆင်ပြေပါတယ် .. မင်းရက်စက်ချင်လည်း” ဆိုတဲ့ နီနီခင်ဇော် ရဲ့ အသည်းကွဲသီချင်းလေးတစ်ပုဒ်ဖြစ်တဲ့ “အဆင်ပြေပါတယ်” သီချင်းလေးဟာ လတ်တလောမှာ ရေပန်းအစားဆုံး ဖြစ်လို့ နေပါတယ်။
5/ချစ်တယ်
အချစ်တစ်မျက်နာကို ချည်း ကြည့်တဲ့ အချစ်ရူးမလေး အဖြစ် ကိုယ်တိုင်သရုပ်ဆောင်ကာ ချစ်တဲ့ စကားတွေကို တဖွဖွ ဆိုမဲ့ ရွှေမှုန်ရတီရဲ့ ဒုတိယမြောက် သီချင်းလေးဖြစ်တဲ့ “ချစ်တယ်”သီချင်းလေးကတော့ နံပါတ်(၅) နေရာမှာ ရပ်တည်လို့ နေပါတယ်။
4/I Do
X-box နဲ့ Mild တို့ရဲ့ “I Do” သီချင်းဟာလည်း လက်ရှိမှာ JOOX ရဲ့ လူကြိုက်အများဆုံး နံပါတ်(၄) နေရာမှာ ရပ်တည်လို့ နေပြီး ဖုန်းထဲမှာ ဒေါင်းလုခ် ရယူကာ နားထောင်သင့်တဲ့ သီချင်းလေးလည်း ဖြစ်ပါတယ်။
3/Live Fast
မြန်မာပရိသတ်တွေကြား လူကြိုက်အများဆုံး နံပါတ်(၃) နေရာမှာ ရပ်တည်နေတဲ့ ” Live Fast” သီချင်းကတော့ Alan Walkerနဲ့ A$ap Rockyတို့ရဲ့ လောလောလတ်လတ် ထွက်ရှိထားတဲ့ သီချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။
2/ကြည်ဖြူမယ်ဆိုရင်
ယော်မင်းဦး နဲ့ လွှမ်းပိုင်တို့ရဲ့ ကျောင်းသားဘ၀ အချစ်ဇာတ်လမ်းပုံစံ သီချင်းလေး တစ်ပုဒ်ဖြစ်တဲ့ “ကြည်ဖြူမယ်ဆိုရင် ” သီချင်းလေးဟာလည်း ထွက်ရှိခဲ့ပြီးတဲ့ လက်ရှိအချိန်ထိ JOOX မှာ နံပါတ်(၂)
နေရာကို ရယူထားနိုင်ပါတယ်။
1/ကျွန်တော်ရဲ့ချစ်သူ
သြဂုတ်လရဲ့ (၂) ပတ်လောက် Top (1) အဖြစ် ရပ်တည်နေတဲ့ သီချင်းကတော့ ရွှေထူးရဲ့ “ကျွန်တော်ရဲ့ချစ်သူ ” ဖြစ်ပြီး ဇနီးချောလေး ရွှေမှုန်ရတီကို ရည်ညွန်း သီဆိုထားတဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်ကြောင်းလည်း သိရှိရပါတယ်။
Source: JOOX chart
Khin Mi Mi@CeleGabar
ယူနီကုဒ်နဲ့ ဖတ်ရန်