ကွာရှင်းပြီးမှအရင်ကထက်ပို ဆွဲဆောင်မှုရှိတဲ့အလှမျိုးနဲ့ မြင်တွေ့ရတဲ့ဆောင်းဟယ်ကျို
popolay.com
|
2019-08-20

“ဆောင်းဦးရွက်ကြွေ ချစ်သက်သေ” ဇာတ်လမ်းတွဲနဲ့အတူ ကိုးရီးယားကား ကြိုက်နှစ်သက်သူ ပရိတ်သတ်တွေအတွက်အချစ်ဦးလို့ဆိုရမယ့် သရုပ်ဆောင် ဆောင်းဟယ်ကျိုကိုတော့အထူးတလည် မိတ်ဆက်ပေးဖို့ လိုအပ်မယ် မထင်ပါဘူး။ နာမည်အရင်းကတော့ ‘ဆောင်းဟယ်ကျို’ ဆိုပေမဲ့ မြန်မာပရိတ်သတ်တွေကတော့ သူမကို ‘အွန်စော’ လို့သာ မှတ်ထားကြပါတယ်။


>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<




ဆောင်းဟယ်ကျိုဟာ ၁၉၉၆ ခုနှစ်ကတည်းကအနုပညာလောကကို မော်ဒယ်၊ သရုပ်ဆောင်အနေနဲ့ ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။အနုပညာ သက်တမ်းအားဖြင့် ၂၃ နှစ်တိတိရှိပြီပဲဖြစ်ပါတယ်။




ရုပ်ရှင်သရုပ်ဆောင်အဖြစ်အချိန်အတော်ကြာ ရပ်တည်ခဲ့တဲ့သူမဟာ ကြော်ငြာမော်ဒယ်တစ်ယောက်အနေနဲ့ နာမည်ကြီးသူတစ်ဦးလဲဖြစ်ပါတယ်။ ဆောင်းဟယ်ကျိုကြော်ငြာပေးတဲ့ ကုန်ပစ္စည်းတိုင်း နာမည်မကြီးတဲ့ brands ဆိုတာ မရှိသလောက်ပါပဲ။





လတ်တလော ဆောင်းဟယ်ကျိုဟာ Suecomma Bonnie ကထုတ်လုပ်လိုက်တဲ့ ဖိနပ်ဒီဇိုင်းအသစ် Shine On Me ကို ကြော်ငြာရိုက်ကူးပေးထားတာပဲဖြစ်ပါတယ်။



ပုံမှန်အားဖြင့် ဆောင်းဟယ်ကျိုရဲ့ ရိုးရှင်းတဲ့အလှကို မြင်တွေ့နေရတာ မဆန်းတော့ပါဘူး။ ဒီတစ်ခါမှာတော့အရင်ကနဲ့ မတူပဲ ဆွဲဆောင်မှုရှိတဲ့ smoky eyes တွေကို ခြယ်သထားတာမျိုးတွေ့ရပါတယ်။




အရင်တုန်းက ရိုးရိုးရှင်းရှင်းပုံစံလေးနဲ့လဲ လှခဲ့သလိုအခုလို ခပ်မိုက်မိုက်ပုံစံလေး ပြင်ဆင်ပြန်တော့လဲ တမူထူးခြားပြီးလှနေတာပါပဲ။



Suecomma Bonnie ရဲ့ Shine On Me Campaign မှာ သူမဘယ်လိုအထာကျကျ ပုံစံမျိုးတွေနဲ့ ရိုက်ကူးထားလဲဆိုတာကို ဗွီဒီယိုမှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်>>



Ref:soompi

(ပိုပိုလေး)




Some text some message..