“အဖေ့ရဲ့ သီချင်းလေးကြောင့် ငိုခဲ့ရကြောင်း ရင်ဖွင့်လာတဲ့ မိုးအောင်ရင်”
celegabar.com
|
2019-08-21



မိုးအောင်ရင်ကတော့ ကောင်မလေးတွေသဲသဲလှုပ်ချစ်တာကိုခံနေရတဲ့အနုပညာရှင်တွေထဲကတစ်ယောက်အပါအဝင်ဖြစ်ပြီးတော့ နှုတ်ခမ်းနီမလေးတွေရဲ့ ဝန်းရံမှုကို ပိုင်ဆိုင်ရရှိထားတာဖြစ်ပါတယ်။ နိုင်ငံတော်ကပေးတဲ့အပြစ်ဒဏ်ကိုခံခဲ့ရတဲ့ မင်းသားတစ်လက်ဖြစ်ပြီးတော့ လက်ရှိမှာအနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေတဲ့ သူတစ်ယောက်ပါ။




လက်ရှိမှာတော့ မိုးအောင်ရင်ဟာ ထောင်ကထွက်ပြီး ပထမဆုံး ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “Oxygen” ရုပ်ရှင်ဇတ်ကားကြီးမှာ ရဲအောင်၊မြင့်မြတ်၊ ရွှေမှုံရတီတို့နဲ့အတူ ပါဝင်ပံ့ပိုးပြီး သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကတော့ သူငယ်ချင်းနှစ်ယောက် ချစ်သူကောင်မလေးကို လုတဲ့ ပုံစံမျိုးလေး ရိုက်ကူးမှာ ဖြစ်ပြီး မိုးအောင်ရင်က မိဘမဲ့ကလေးကျောင်းကနေ ချမ်းသာတဲ့ မိဘတွေကခေါ်မွေးစားတာကြောင့် နည်းနည်းဆိုးပြီးဂေါ်တဲ့ ကာရိုက်တာလေးနဲ့ သရုပ်ဆောင်မှာ ဖြစ်တယ်လို့ သိခဲ့ရပါတယ်။မိုးအောင်ရင်ကတော့အဖေအချစ်တော်သားတစ်ယောက်ဖြစ်ပြီးတော့




ဖေဖေသီချင်းလေးကြောင့် မျက်ရည်ဝဲခဲ့ရပါတယ်ဆိုတာကို”အဖေကအနုပညာလမ်းကြောင်းပေါ်မရောက်စေချင်တာစိုးရိမ်ရတယ်။နောင်တစ်ချိန်ထပ်မမှားဘူးလို့ ပြောလို့မရဘူးလို့ သူမှာစိုးရိမ်မူရှိတယ်။ကျွန်တော်အဖေမှမဟုတ်ဘူး ဘယ်မိဘဖြစ်ဖြစ်ကိုယ့်သားသမီးကိုပူကျတာကြီးပဲ၊ ကျွန်တော်ကသူကိုအပူတွေတောက်လျှာက်ပေးခဲ့ပြီးပြီ ဒါတွေကိုသုံးနေတာကိုသူသိတည်းကသူမှာအပူတွေရှိတယ်။ကျွန်တော်ကြောင့်နောက်ထပ်အပူတွေကိုထပ်မပေးတော့ဘူး ကျွန်တော်ကြောင့်ဝမ်းသာရတာ ပီတိဖြစ်နေတာ ဂုဏ်ယူရတာမျိုးတွေကိုပဲ ကျွန်တာ်ကြိုးစားတော့မယ်။အဖေ့ရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့အဖေ့စကားသီချင်းက ကျွန်တော် မျက်ရည်ဝဲခဲ့ရတဲ့ သီချင်းလေးပါ။အဲသီချင်းလေးကြောင့် ပိုပြီးဝမ်းနည်းမိတယ် ကိုယ်ချင်းစာမိတယ်။အဖေ့ကငါ့ကိုအဲလောက်ဂရုမစိုက်ဘူးလို့ ငယ်ငယ်တည်းကထင်ခဲ့တာ ဂရုစိုက်တဲ့ပုံလည်း တစ်ခါမပြဘူးအနုပညာအလုပ်လုပ်တော့လည်း စိတ်မဝင်စားဘူး ခုတော့ ငါ့သားလေးငါ့သားလေးနဲ့ ကျွန်တော်ဘာလုပ်လုပ်ပြောပြနေရတယ်။အဖေတကယ်ချစ်တယ်ဆိုတာကို ခုမှသိခဲ့ရတယ်”ဆိုပြီး ရင်ဖွင့် ပြောပြခဲ့တာကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ရပါတယ်…..



Source:Exclusive on CeleGabar
ချစ်သဲမေ@CeleGabar


ယူနီကုတ်ဖြင့်ဖတ်ရန်

“အဖေ့ရဲ့ သီချင်းလေးကြောင့် ငိုခဲ့ရကြောင်း ရင်ဖွင့်လာတဲ့ မိုးအောင်ရင်”

မိုးအောင်ရင်ကတော့ ကောင်မလေးတွေသဲသဲလှုပ်ချစ်တာကိုခံနေရတဲ့ အနုပညာရှင်တွေထဲကတစ်ယောက်အပါအဝင်ဖြစ်ပြီးတော့ နှုတ်ခမ်းနီမလေးတွေရဲ့ ဝန်းရံမှုကို ပိုင်ဆိုင်ရရှိထားတာဖြစ်ပါတယ်။ နိုင်ငံတော်ကပေးတဲ့ အပြစ်ဒဏ်ကိုခံခဲ့ရတဲ့ မင်းသားတစ်လက်ဖြစ်ပြီးတော့ လက်ရှိမှာ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေတဲ့ သူတစ်ယောက်ပါ။




လက်ရှိမှာတော့ မိုးအောင်ရင်ဟာ ထောင်ကထွက်ပြီး ပထမဆုံး ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “Oxygen” ရုပ်ရှင်ဇတ်ကားကြီးမှာ ရဲအောင်၊မြင့်မြတ်၊ ရွှေမှုံရတီတို့နဲ့အတူ ပါဝင်ပံ့ပိုးပြီး သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကတော့ သူငယ်ချင်းနှစ်ယောက် ချစ်သူကောင်မလေးကို လုတဲ့ ပုံစံမျိုးလေး ရိုက်ကူးမှာ ဖြစ်ပြီး မိုးအောင်ရင်က မိဘမဲ့ကလေးကျောင်းကနေ ချမ်းသာတဲ့ မိဘတွေကခေါ်မွေးစားတာကြောင့် နည်းနည်းဆိုးပြီးဂေါ်တဲ့ ကာရိုက်တာလေးနဲ့ သရုပ်ဆောင်မှာ ဖြစ်တယ်လို့ သိခဲ့ရပါတယ်။မိုးအောင်ရင်ကတော့ အဖေအချစ်တော်သားတစ်ယောက်ဖြစ်ပြီးတော့


ဖေဖေသီချင်းလေးကြောင့် မျက်ရည်ဝဲခဲ့ရပါတယ်ဆိုတာကို”အဖေကအနုပညာလမ်းကြောင်းပေါ်မရောက်စေချင်တာစိုးရိမ်ရတယ်။နောင်တစ်ချိန်ထပ်မမှားဘူးလို့ ပြောလို့မရဘူးလို့ သူမှာစိုးရိမ်မူရှိတယ်။ကျွန်တော်အဖေမှမဟုတ်ဘူး ဘယ်မိဘဖြစ်ဖြစ်ကိုယ့်သားသမီးကိုပူကျတာကြီးပဲ၊ ကျွန်တော်ကသူကို အပူတွေတောက်လျှာက်ပေးခဲ့ပြီးပြီ ဒါတွေကိုသုံးနေတာကိုသူသိတည်းကသူမှာအပူတွေရှိတယ်။ကျွန်တော်ကြောင့်နောက်ထပ်အပူတွေကိုထပ်မပေးတော့ဘူး ကျွန်တော်ကြောင့်ဝမ်းသာရတာ ပီတိဖြစ်နေတာ ဂုဏ်ယူရတာမျိုးတွေကိုပဲ ကျွန်တာ်ကြိုးစားတော့မယ်။အဖေ့ရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ အဖေ့စကားသီချင်းက ကျွန်တော် မျက်ရည်ဝဲခဲ့ရတဲ့ သီချင်းလေးပါ။အဲသီချင်းလေးကြောင့် ပိုပြီးဝမ်းနည်းမိတယ် ကိုယ်ချင်းစာမိတယ်။အဖေ့ကငါ့ကို အဲလောက်ဂရုမစိုက်ဘူးလို့ ငယ်ငယ်တည်းကထင်ခဲ့တာ ဂရုစိုက်တဲ့ပုံလည်း တစ်ခါမပြဘူး အနုပညာအလုပ်လုပ်တော့လည်း စိတ်မဝင်စားဘူး ခုတော့ ငါ့သားလေးငါ့သားလေးနဲ့ ကျွန်တော်ဘာလုပ်လုပ်ပြောပြနေရတယ်။အဖေတကယ်ချစ်တယ်ဆိုတာကို ခုမှသိခဲ့ရတယ်”ဆိုပြီး ရင်ဖွင့် ပြောပြခဲ့တာကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ရပါတယ်…..
Source:Exclusive on CeleGabar
ချစ်သဲမေ@CeleGabar




Some text some message..