” ပရိသတ်တွေ ပွဲကျစေခဲ့တဲ့ နာမည်ကြီးဆယ်လီတွေရဲ့ဟန်ပန်ကိုတစ်ပုံစံထဲတူအောင်သရုပ်ဖော်ပြခဲ့တဲ့ မိုင်လေး”
celegabar.com
|
2019-08-21



ရတနာမိုင်ကတော့အသံချိုချိုအေးအေးလေးနဲ့အများနဲ့မတူတဲ့အသံပိုင်ရှင်လေးပဲ ဖြစ်ပါတယ်။အဆိုတော်မိုင်ရဲ့ တစ်ဦးတည်းသောသမီးလေး ဖြစ်ပြီး ရခိုင်တိုင်းရင်းသူလေးပဲ ဖြစ်ပါတယ်။အဆိုတော်ပိုင်းတင်မဟုတ်ဘဲ သရုပ်ဆောင်ပိုင်းကိုလည်းစိတ်ဝင်စားကာ သရုပ်ဆောင်မင်းသမီးတစ်ယောက်ဆိုလည်း မမှားပါဘူးနော်။ပရိသတ်တွေအပေါ်မှာလည်း ဖော်ဖော်ရွေရွေ နဲ့ ဆက်ဆွတတ်တဲ့အပြင်အနုပညာလုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း ရင်းနှီးဖာ်ရွေစွာ ဆက်ဆံတတ်တဲ့ ရခိုင်တိုင်းရင်းသူလေးလို့ ဆိုနိုင်ပါတယ်။





ကလေးလေးသဖွယ် ချစ်စရာကောင်းတဲ့အပြုအမူလေးတွေအပြောလေးတွေအသံလေးတွေကြောင့် တစ်နိုင်ငံလုံးကအမျိုးသားပရိသတ်တွေရဲ့အသည်းကျော်လေးဖြစ်တဲ့အပြင် သူမရဲ့ သီချင်းတွေက မိန်းကလေးပရိသတ်တွေအကြိုက်တွေ့စေတဲ့ သီချင်းမျိုးလေးတွေ လို့ဆိုနိုင်ပါတယ်။အဆိုတော်သရုပ်ဆောင်အပြင်အကဘက်မှာလည်း ကျွမ်းကျင်တဲ့ သူလေးပဲ ဖြစ်ပါတယ်။ဘာသာရေးကိုင်းရှိုင်းကာအလှူအတန်းတွေ မကြာခဏပြုလုပ်ပြီး မိဘကိုအလုပ်အကျွေးပြုကာ သိတတ်လိမ္မာတဲ့ သမီးလိမ္မာတစ်ယောက်လည်း ဖြစ်ပါတယ်။





မကြာသေးမီက ကျရောက်ခဲ့တဲ့ သြဂုတ်လ (၁၇)ရက်နေ့ကတော့ သူမရဲကမွေးနေ့ရက်မြတ်လေး ဖြစ်ခဲ့ပြီးအလှူအတန်းတွေလည်းပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာထက်မှာ ပရိသတ်တွေ ပွဲကျစေခဲ့တဲ့ မိုင်လေးရဲ့ ဗီဒီယိုလေးတစ်ခုကရေပန်းစားနေတာပဲ ဖြစ်ပါတယ်။ရေပန်းစားနေတဲ့ ဗီဒီယိုလေးကတော့ ” Win’s Show Time ” တီဗီပရိုဂရမ်တစ်ခုမှာ ပရိသတ်တွေ ပွဲကျနေတဲ့ နာမည်ကြီးဆယ်လီတွေရဲ့ဟန်ပန်ကိုတစ်ပုံစံထဲတူအောင်သရုပ်ဖော်ပြခဲ့တာဖြစ်ပြီး ပုံစံတူလုပ်ပြခဲ့တဲ့အနုပညာရှင်တွေကတော့အဆိုတော်မိုင်၊မေခလာ၊ဂျင်းနီ၊ဖြူဖြူကျော်သိန်း၊ရေဗက္ကာဝင်း၊ချစ်သုဝေ တို့ပဲ ဖြစ်ပါတယ်။မထင်မှတ၂်ထားတဲ့ မိုင်လေးရဲ့ စွမ်းရည်ကြောင့် ပရိသတ်တွေတော်တော်များများကအသည်းယားစရာကောင်းပြီး ချစ်စရာကောင်းတဲ့အပြင် တော်တယ်လို့လည်း မှတ်ချက်ပေးခံနေရတာပဲ ဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးလည်း မိုင်လေးရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။




Shwe Poe@CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

” ပရိသတ်တွေ ပွဲကျစေခဲ့တဲ့ နာမည်ကြီးဆယ်လီတွေရဲ့ဟန်ပန်ကိုတစ်ပုံစံထဲတူအောင်သရုပ်ဖော်ပြခဲ့တဲ့ မိုင်လေး”

ရတနာမိုင်ကတော့ အသံချိုချိုအေးအေးလေးနဲ့ အများနဲ့မတူတဲ့ အသံပိုင်ရှင်လေးပဲ ဖြစ်ပါတယ်။ အဆိုတော်မိုင်ရဲ့ တစ်ဦးတည်းသောသမီးလေး ဖြစ်ပြီး ရခိုင်တိုင်းရင်းသူလေးပဲ ဖြစ်ပါတယ်။ အဆိုတော်ပိုင်းတင်မဟုတ်ဘဲ သရုပ်ဆောင်ပိုင်းကိုလည်းစိတ်ဝင်စားကာ သရုပ်ဆောင်မင်းသမီးတစ်ယောက်ဆိုလည်း မမှားပါဘူးနော်။ပရိသတ်တွေအပေါ်မှာလည်း ဖော်ဖော်ရွေရွေ နဲ့ ဆက်ဆွတတ်တဲ့အပြင် အနုပညာလုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း ရင်းနှီးဖာ်ရွေစွာ ဆက်ဆံတတ်တဲ့ ရခိုင်တိုင်းရင်းသူလေးလို့ ဆိုနိုင်ပါတယ်။

ကလေးလေးသဖွယ် ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေ အပြောလေးတွေ အသံလေးတွေကြောင့် တစ်နိုင်ငံလုံးက အမျိုးသားပရိသတ်တွေရဲ့ အသည်းကျော်လေးဖြစ်တဲ့အပြင် သူမရဲ့ သီချင်းတွေက မိန်းကလေးပရိသတ်တွေ အကြိုက်တွေ့စေတဲ့ သီချင်းမျိုးလေးတွေ လို့ဆိုနိုင်ပါတယ်။ အဆိုတော်သရုပ်ဆောင်အပြင် အကဘက်မှာလည်း ကျွမ်းကျင်တဲ့ သူလေးပဲ ဖြစ်ပါတယ်။ဘာသာရေးကိုင်းရှိုင်းကာ အလှူအတန်းတွေ မကြာခဏပြုလုပ်ပြီး မိဘကို အလုပ်အကျွေးပြုကာ သိတတ်လိမ္မာတဲ့ သမီးလိမ္မာတစ်ယောက်လည်း ဖြစ်ပါတယ်။

မကြာသေးမီက ကျရောက်ခဲ့တဲ့ သြဂုတ်လ (၁၇)ရက်နေ့ကတော့ သူမရဲကမွေးနေ့ရက်မြတ်လေး ဖြစ်ခဲ့ပြီး အလှူအတန်းတွေလည်းပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာထက်မှာ ပရိသတ်တွေ ပွဲကျစေခဲ့တဲ့ မိုင်လေးရဲ့ ဗီဒီယိုလေးတစ်ခုကရေပန်းစားနေတာပဲ ဖြစ်ပါတယ်။ရေပန်းစားနေတဲ့ ဗီဒီယိုလေးကတော့ ” Win’s Show Time ” တီဗီပရိုဂရမ်တစ်ခုမှာ ပရိသတ်တွေ ပွဲကျနေတဲ့ နာမည်ကြီးဆယ်လီတွေရဲ့ဟန်ပန်ကိုတစ်ပုံစံထဲတူအောင်သရုပ်ဖော်ပြခဲ့တာဖြစ်ပြီး ပုံစံတူလုပ်ပြခဲ့တဲ့ အနုပညာရှင်တွေကတော့ အဆိုတော်မိုင်၊မေခလာ၊ဂျင်းနီ၊ဖြူဖြူကျော်သိန်း၊ရေဗက္ကာဝင်း၊ချစ်သုဝေ တို့ပဲ ဖြစ်ပါတယ်။မထင်မှတ၂်ထားတဲ့ မိုင်လေးရဲ့ စွမ်းရည်ကြောင့် ပရိသတ်တွေတော်တော်များများက အသည်းယားစရာကောင်းပြီး ချစ်စရာကောင်းတဲ့အပြင် တော်တယ်လို့လည်း မှတ်ချက်ပေးခံနေရတာပဲ ဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးလည်း မိုင်လေးရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။


Shwe Poe@CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်




Some text some message..