“ရရှိလာတဲ့အနုပညာကြေးလေးတွေကို စုပြီး ခိုင်နှင်းဝေရဲ့ ရင်သွေးလေးများဂေဟာမှာ သွားရောက်လှူဒါန်းခဲ့တဲ့ ပန်းရောင်ခြယ်”
celegabar.com
|
2019-08-21



အဆိုတော်ပန်းရောင်ခြယ်ကတော့အဆိုတော် ဂရေဟမ်ရဲ့ သမီးချောလေးဖြစ်ပြီး ချိုသာတဲ့အသံလေးနဲ့ သီချင်းအေးအေးလေးတွေကို သီဆိုကာအောင်မြင်မှုရရှိလာသူလည်းဖြစ်ပါတယ်။သူမရဲ့ဖခင်ကို ယောက္ခမကြီးလို့ ယောက်ျားလေးပရိသတ်တွေကစနောက်ခေါ်ဆိုကြရတဲ့အထိ ချစ်စရာကောင်းတဲ့ မျက်နှာလေးကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။





ပန်းရောင်ခြယ်ဟာ သူမရဲ့ ပထမဦးဆုံးတစ်ကိုယ်တော်အယ်ဘမ်ဖြစ်တဲ့ “Wake Up Daddy”အယ်ဘမ်ကို (၂၀၁၆)ခုနှစ် ဒီဇင်ဘာလ (၂၁)ရက်နေ့ကထွက်ရှိထားတဲ့အပြင် Singleသီချင်းတွေအနေနဲ့ “Butterflies”၊”You Set Me Free”၊”Let It Go”စတဲ့ သီချင်းတွေလည်းထွက်ရှိထားပါတယ်။သီချင်းအေးအေးလေးတွေကိုသီဆိုပြီးအဆိုတော်တစ်ယောက်အနေနဲ့အောင်မြင်လာတဲ့သူမက သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပထမဆုံးဇာတ်လမ်းလေးတစ်ခုကို ရိုက်ကူးထားပါသေးတယ်။





ပန်းရောင်ခြယ်နဲ့ သူမရဲ့ ညီမဖြစ်သူ ပန်းသွန်းခြယ်တို့ညီမနှစ်ယောက်က သြဂုတ်လ (၂၀)ရက်နေ့က သူမတို့ရဲ့အနုပညာကြေးလေးတွေကို စုပြီး ခိုင်နှင်းဝေရဲ့ ရင်သွေးလေးများဂေဟာကို သွားရောက်ပြီး ရင်သွေးလေးတွေအတွက် လှူဒါန်းခဲ့တာဖြစ်ပါတယ်။”အဆိုတော် ကိုဂရေဟမ် ရဲ့ သမီးနှစ်ယောက်ဖြစ်တဲ့ ညီမလေး ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ် ညီအမနှစ်ယောက်က သူတို့ရဲ့အနုပညာကြေးလေးတွေထဲက စုစုပြီး ကျမရဲ့ ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ မှာ ငွေကျပ် ၁၀သိန်း ကျပ်တိတိ မိသားစုလိုက် တူတူ လာရောက်လှူဒါန်းခဲ့ကြပါတယ်ရှင်။”လို့ ခိုင်နှင်းဝေက သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြပေးထားတာဖြစ်ပြီး ပန်းရောင်ခြယ်တို့ ညီမနှစ်ယောက်ရဲ့အလှူလေးကို CeleGabar ပရိသတ်ကြီးတွေသာဓုခေါ်လို့ရအောင်မျှဝေပေးလိုက်ပါတယ်။




Source : Khine Hnin Wai
Chilli@CeleGabar
ယူနီကုတ်ဖြင့်ဖတ်ရန်။


“ရရှိလာတဲ့ အနုပညာကြေးလေးတွေကို စုပြီး ခိုင်နှင်းဝေရဲ့ ရင်သွေးလေးများဂေဟာမှာ သွားရောက်လှူဒါန်းခဲ့တဲ့ ပန်းရောင်ခြယ်”

အဆိုတော်ပန်းရောင်ခြယ်ကတော့ အဆိုတော် ဂရေဟမ်ရဲ့ သမီးချောလေးဖြစ်ပြီး ချိုသာတဲ့ အသံလေးနဲ့ သီချင်းအေးအေးလေးတွေကို သီဆိုကာ အောင်မြင်မှုရရှိလာသူလည်းဖြစ်ပါတယ်။သူမရဲ့ဖခင်ကို ယောက္ခမကြီးလို့ ယောက်ျားလေးပရိသတ်တွေကစနောက်ခေါ်ဆိုကြရတဲ့အထိ ချစ်စရာကောင်းတဲ့ မျက်နှာလေးကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။

ပန်းရောင်ခြယ်ဟာ သူမရဲ့ ပထမဦးဆုံးတစ်ကိုယ်တော် အယ်ဘမ်ဖြစ်တဲ့ “Wake Up Daddy” အယ်ဘမ်ကို (၂၀၁၆)ခုနှစ် ဒီဇင်ဘာလ (၂၁)ရက်နေ့ကထွက်ရှိထားတဲ့အပြင် Singleသီချင်းတွေအနေနဲ့ “Butterflies”၊”You Set Me Free”၊”Let It Go”စတဲ့ သီချင်းတွေလည်းထွက်ရှိထားပါတယ်။သီချင်းအေးအေးလေးတွေကိုသီဆိုပြီး အဆိုတော်တစ်ယောက်အနေနဲ့ အောင်မြင်လာတဲ့သူမက သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပထမဆုံးဇာတ်လမ်းလေးတစ်ခုကို ရိုက်ကူးထားပါသေးတယ်။

ပန်းရောင်ခြယ်နဲ့ သူမရဲ့ ညီမဖြစ်သူ ပန်းသွန်းခြယ်တို့ညီမနှစ်ယောက်က သြဂုတ်လ (၂၀)ရက်နေ့က သူမတို့ရဲ့ အနုပညာကြေးလေးတွေကို စုပြီး ခိုင်နှင်းဝေရဲ့ ရင်သွေးလေးများဂေဟာကို သွားရောက်ပြီး ရင်သွေးလေးတွေအတွက် လှူဒါန်းခဲ့တာဖြစ်ပါတယ်။”အဆိုတော် ကိုဂရေဟမ် ရဲ့ သမီးနှစ်ယောက်ဖြစ်တဲ့ ညီမလေး ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ် ညီအမနှစ်ယောက်က သူတို့ရဲ့ အနုပညာကြေးလေးတွေထဲက စုစုပြီး ကျမရဲ့ ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ မှာ ငွေကျပ် ၁၀သိန်း ကျပ်တိတိ မိသားစုလိုက် တူတူ လာရောက်လှူဒါန်းခဲ့ကြပါတယ်ရှင်။”လို့ ခိုင်နှင်းဝေက သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြပေးထားတာဖြစ်ပြီး ပန်းရောင်ခြယ်တို့ ညီမနှစ်ယောက်ရဲ့ အလှူလေးကို CeleGabar ပရိသတ်ကြီးတွေသာဓုခေါ်လို့ရအောင်မျှဝေပေးလိုက်ပါတယ်။


Source : Khine Hnin Wai
Chilli@CeleGabar




Some text some message..