ကြာရှည်စွာ တွဲလက်ခိုင်မြဲခဲ့ကြတဲ့ Ki Tae Young နဲ့ Eugene တို့ရဲ့အချစ်ဇာတ်လမ်း
popolay.com
|
2019-08-21

ကျွန်တော်တို့ ငယ်ငယ်တုန်းက မြဝတီရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသခဲ့တဲ့ “ရေသူမလေးရဲ့ ချစ်ပုံပြင်” ထဲက ‘ချင်တိုးလိ’ လို့ သိကြတဲ့ မင်းသမီး Eugene ဟာဆိုရင် သရုပ်ဆောင် Ki Tae Young နဲ့ လက်ထပ်ထားပြီး သမီးလေး နှစ်ယောက်ရှိနေပြီပဲဖြစ်ပါတယ်။ ပထမသမီးလေးနာမည်က Rohee ဖြစ်ပြီးအခု သမီးလေး နာမည်က Lorin ပါ။ Creating Destiny ကားမှာအတူပါဝင်သရုပ်ဆောင်ခဲ့ပြီး ချစ်ကြိုးသွယ်ခဲ့ရာက ၂၀၁၁ ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။


>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<




Eugene နဲ့ Ki Tae Young တို့ဟာ ဒီနှစ်ထဲမှာအိမ်ထောင်သက်တမ်း (၁၀)နှစ်တိတိရှိသွားပြီပဲဖြစ်ပါတယ်။ ဇာတ်ကားရိုက်ရင်း တစ်ဦးအပေါ်တစ်ဦး မေတ္တာမျှခဲ့ကြရာက လက်ထပ်ခဲ့ကြတာပါ။ သူတို့နှစ်ဦးရဲ့အချစ်ဇာတ်လမ်းကလဲ စိတ်ဝင်စားစရာပါပဲ။




Creating Destiny ရိုက်ကူးနေစဉ် ၅ လအတောအတွင်း Ki Tae Young က Eugene ကို စိတ်ဝင်စားခြင်းမရှိသေးပါဘူးတဲ့။ Eugene ဟာ ရိုက်ကူးရေးအဖွဲ့တွေနဲ့ ညစာစားပွဲ လိုက်တဲ့အခါ တခြားသူတွေကအတင်းအဖျင်းတွေ ပြောတိုင်းသူက ဘာမှဝင်မပြောဘဲ ဒီတိုင်းလေး ငြိမ်ပြီး နားထောင်နေလေ့ရှိတာကို သတိထားမိရင်းက သူမကြောင်း စိတ်ဝင်စားလာတယ် လို့ ပြောပါတယ်။




Eugene ဟာ Ki Tae Young နဲ့အိမ်ထောင်သက်တမ်း ၁၀ နှစ်ရှိပြီဖြစ်သည့်တိုင်အောင် ခုချိန်ထိ သူများအကြောင်း စိတ်ဝင်စားတာမျိုး၊အတင်းပြောတာမျိုးတွေမရှိကြောင်း ပြောပါတယ်။ “သူ့မှာ သူများအကြောင်း စိတ်ဝင်စားတာမျိုး၊ မနာလိုဖြစ်နေတာမျိုးတွေ သိပ်မရှိဘူး သူနဲ့နေရတာ စိတ်အေးချမ်းတယ်” ဆိုပြီး Life Barအစီအစဉ်မှာပြောပြဖူးပါတယ်။




သမီးကြီးဖြစ်တဲ့ Rohee ကို 2015 မှာ မွေးဖွားခဲ့ကြပါတယ်။ သမီးငယ်လေး Lorin ကိုတော့ 2018 မှာ မွေးဖွားခဲ့တာဖြစ်ပြီး ၁ နှစ်ပြည့်မွေးနေ့ပွဲကို ကျင်းပပေးနေတာပဲဖြစ်ပါတယ်။





Eugene နဲ့ Ki Tae Young တို့ဟာ Rohee ကိုမွေးပြီး Return of Supermanအစီအစဉ်မှာ ပါဝင်ခဲ့ကြတာကြောင့် Rohee လေးကိုတော့ ပရိတ်သတ်ကြီး မျက်မှန်းတန်းမိနေပါပြီ။




Lorin လေးကလဲ သူ့မမ ငယ်ငယ်တုန်းကလို တစ်ပုံစံထဲပါပဲ။





အခု သမီးလေး Lorin တစ်နှစ်ပြည့်သွားပြီဖြစ်လို့ Return of Superman ပရိတ်သတ်ကြီးကတော့ သူတို့ မိသားစုလေးကိုအစီအစဉ်မှာ နောက်တစ်ကြိမ်ပါဝင်ဖို့ မျှော်လင့်နေကြပါတယ်။

Ref:koreaboo

(ပိုပိုလေး)




Some text some message..