အသက်မပြည့်ပဲ ချစ်တင်းနှောခန်းများကြောင့် ‘တတိယမြောက်ဇနီး’ ရုပ်ရှင်ပြသခွင့်ပိတ်
popolay.com
|
2019-08-21

အာဆီယံရုပ်ရှင်ပြပွဲနှင့် နိုင်ငံတစ်ကာရုပ်ရှင်ပြပွဲများတွင်အနုပညာပြချက်နဲ့ သရုပ်ဆောင်မှုများ ကောင်းလွန်းသဖြင့် ထူးချွန်ဆုများ ရရှိထားသော ဗီယက်နမ်ရုပ်ရှင်ဇာတ်ကား “တတိယမြောက်ဇနီး”တွင်အသက်မပြည့်သေးသော ရုပ်ရှင်မင်းသမီးနှင့် ချစ်တင်နှောသည့်အခန်းများ ခပ်ကြမ်းကြမး ပါဝင်နေတာကြောင့် ဗီယက်နမ်နိုင်ငံတွင် ဇာတ်ကား ရုံတင်ပြသမှုကို ပိတ်ပင်လိုက်သည်။
“တတိယမြောက်ဇနီး” ဇာတ်ကားသည်အာဆီယံရုပ်ရှင်ပွဲတော်တွင်သာမက တိုရန်တိုအပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော် ၂၀၁၈ တွင်လည်း ဆုများရရှိထားသော ဇာတ်ကားကောင်း တစ်ကားဖြစ်သည်။



ဗီယက်နမ်နိုင်ငံရဲ့ ၁၉ ရာစုခေတ်ကို နောက်ခံထားပြီး ဇာတ်အိမ်ဖွဲ့ထားသော ဇာတ်လမ်းတွင် ငယ်ငယ်ရွယ်ရွယ်အသက် ၁၃ နှစ်မိန်းကလေးတစ်ယောက်ဟာ မြေပိုင်ရှင်ကြီးရဲ့ တတိယမြောက်မယားအဖြစ်အသိမ်းခံခဲ့ရပါတယ်။ ရုပ်ရှင်ပြကွက်တွေထဲမှာ ချစ်တင်းနှော လိင်ဆက်ဆံတဲ့အခန်းကနေ ကလေးမွေးလာတာတွေကိုပါ ထည့်သွင်းပြသထားပါတယ်။
ဇာတ်လမ်းအရအသေးစိတ်ရိုက်ကူးထားသောအဆိုပါအခန်းများကို နိုင်ငံခြားတိုင်းပြည်တွေမှာ ရုံတင်ပြသစဉ် ဘာပြဿနာမရှိခဲ့ပေမယ့် ဗီယက်နမ်နိုင်ငံမှာ ပြသခဲ့ရာမှာအငြင်းပွားမှုတွေ ဖြစ်လာခဲ့တာကြောင့် ရုပ်ရှင်ရုံတွေမှာ ပြသခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။
ရုပ်ရှင်ကြည့်ပရိသတ်တွေကအသက် ၁၃ နှစ်သာရှိသေးတဲ့ သရုပ်ဆောင်မင်းသမီးလေး Nguyen Phuong Tra My ရဲ့ ရဲတင်းတဲ့ သရုပ်ဆောင်တဲ့အခန်းတွေကို ကြည့်ကာ ထိတ်လန့်ခဲ့ကြပြီး ပွက်လောရိုက်ခဲ့တာဖြစ်ပါတယ်။
ဒီဇာတ်ကားကို ဖန်တီးသူ Ash Mayfair လဲ ပြင်းထန်စွာ ဝေဖန်ခံခဲ့ရပါတယ်။
ဇာတ်လမ်းနဲ့ ပက်သက်ပြီး Ash Mayfair က “ဒီဇာတ်ကားထဲမှာ ကျွန်တော်တို့ ဘာအမှားမှ မလုပ်ခဲ့ပါဘူး၊ ဘာဥပဒေကိုမှလဲ မချိုးဖောက်ခဲ့ပါဘူး၊ သရုပ်ဆောင်ရဲ့ မိခင်ကိုယ်တိုင်က သမီးကို ပိုက်ဆံယူပြီး သရုပ်ဆောင်ခိုင်းတာပါ၊ ဒီလိုပြောလိုက်လို့ သူတို့ရဲ့ ဂုဏ်သိက္ခာတော့ ပေစွန်းသွားနိုင်ပါတယ်” လို့ ပြောဆိုပါတယ်။
Nguyen Phuong Tra My ဟာ ဇာတ်ကားအတွက် သရုပ်ဆောင်ဖို့ လျှောက်ထားခဲ့တဲ့ လူပေါင်း ၉၀၀ ကျော်ထဲကနေမှ စကာတင် စမ်းသပ်သရုပ်ဆောင်မှုတွေ ဖြတ်ကျော်ပြီးမှ ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။
အခုဆိုရင်အသက် ၁၅ နှစ်ရှိပြီဖြစ်တဲ့ Nguyen Phuong Tra My က သူမရဲ့မိဘတွေက ဒီဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ဖို့ တိုက်တွန်းနားချခဲ့ကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။ သူမဟာ ပြောင်မြောက်စွာ သရုပ်ဆောင်နိုင်ခဲ့ပေမယ့် ဗီယက်နမ်နိုင်ငံမှာ ပြသခွင့်မရတဲ့အပြင် လူတွေရဲ့ လက်ခုပ်သံလဲ ကျဲပါးနေခဲ့ပါတယ်။


နိုင်ငံတကာရုပ်ရှင်ဇာတ်လမ်း သုံးသပ်ဝေဖန်သူတွေကတော့အတိတ်တုန်းကအမျိုးသားတွေဟာ မိန်းမတွေ တစ်ယောက်မကယူပြီး သူတို့တွေအချင်းချင်းအစစအရာရာပြိုင်ဆိုင်စေပြီး၊အမျိုးသမီးတွေ နှိပ်ကွပ်ခံခဲ့ရတာ၊ လျစ်လျူရှုခံခဲ့ရတဲ့အဖြစ်မှန်တွေကို ဒီဇာတ်ကားထဲမှာ My က ပီပြင်စွာ သရုပ်ဆောင်သွားနိုင်တယ်လို့ ချီးကျူးထားကြပါတယ်။
‘The Third Wife’ (တတိယမြောက်ဇနီး) ရုပ်ရှင်ဟာ ဗီယက်နမ်နိုင်ငံမှာ ပြသခွင့်မရပေမယ့်အမေရိကန်နိုင်ငံ ရုပ်ရှင်ရုံတွေမှာအောင်ပွဲခံလျှက်ရှိပြီးအောက်တိုဘာလထိ ဆက်လက်ပြသသွားဦးမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာရော ရုံတင်နိုင်ပါ့မလား..? ဆင်တာတွေအပြည့်နဲ့ ဆိုရင်တော့ ဇာတ်ကားက ကြည့်ဖို့ ထိုက်တန်တော့မှာ မဟုတ်ပါဘူး..။




Some text some message..