ဖြူစင်တဲ့အပြုံးတွေကြောင့် ထိုင်းနိုင်ငံသတင်းစာမျက်နာမှာ ထပ်မံ ဖော်ပြခြင်း ခံရတဲ့အုပ်စိုးခန့်
celegabar.com
|
2019-08-21



အုပ်အုပ်လို့ မိန်းကလေး ပရိသတ်တွေ ချစ်စနိုး ခေါ်ဆိုရတဲ့အဆိုတော်အုပ်စိုးခန့်ဟာ “ချစ်နေပြီ” ဆိုတဲ့ သီချင်းနဲ့ စတင် လူသိများလာခဲ့တဲ့ ဆယ်ကျော်သက်အဆိုတော် တစ်ဦးဖြစ်ပြီး ”အပြစ်မမြင်” ဆိုတဲ့ သီချင်းကတော့ သူ့ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ သီချင်းဖြစ်တဲ့အပြင် လက်ရှိမှာ လူကြိုက်အများဆုံးအသည်းကွဲ သီချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။





လက်ရှိမှာတော့ မင်းသား တစ်လက်အနေနနဲ့ ပါ သရုပ်ဆောင် လောကထဲ ဝင်ရောက်လာခဲ့ပြီး “အိမ်မက်တွေ မိုးတဲ့အိမ်” ရုပ်သံဇာတ်လမ်းတွဲမှာအခြားသော ဒိတ်ဒိတ်ကြဲ မင်းသား ၊မင်းသမီးတွေနဲ့အတူ ပါဝင် သရုပ်ဆောင်ဖို့ ကမ်းလှမ်းခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။အချစ်ရေးနဲ့ ပတ်သက်လို့ Single တစ်ယောက် ဖြစ်သော်လည်း ဆယ်ကျော်သက် မင်းသမီးငယ်လေး ယွန်းယွန်း နဲ့ ချစ်သူတွေဖြစ်ကြောင်း နာမည်တွေ ထွက်ရှိခဲ့ဖူးပါတယ်။





လတ်တလောမှာတော့ မြန်မာနိုင်ငံက မင်းသား ၊မော်ဒယ်လ် တော်တော်များများဟာ ထိုင်းနိုင်ငံရဲ့ သတင်းစာမျက်နာထက်တွေထိ နေရာယူအောင်မြင်မှု ရရှိနေပြီး လွန်ခဲ့တဲ့ တပတ်ကလည်း သတင်းစာမျက်နာ တစ်ခုမှာ ဆွဲဆောင်မှုအရှိဆုံး မြန်မာမင်းသား(၅)ဦးစာရင်းမှာအုပ်စိုးခန့်ကို ဖော်ပြထားခဲ့ပါတယ်။ လက်ရှိမှာလည်း ThaiTVnအမည်ရတဲ့ သတင်းစာမျက်နာတစ်ခုမှာအုပ်စိုးခန့်ရဲ့ ပုံတွေကို ထပ်မံဖော်ပြခဲ့ပြီး ထိုင်းကအမျိုးသမီးငယ်ပရိသတ်လေးတွေကအုပ်စိုးခန့်ရဲ့ ဖြူစင်ပွင့်လင်းမှု ရှိတဲ့အပြုံးလေးတွေကြောင့် သဘောကျနှစ်သက်နေရကြောင်းလည်း ရေးသားထားပါတယ်။အုပ်စိုးခန့်ဟာအဆိုတော် တစ်ယောက်ဖြစ်တဲ့အပြင် သရုပ်ဆောင် တစ်ယောက်ဖြစ်ကြောင်း နဲ့ ချစ်ဖို့ ကောင်းတဲ့ ကောင်လေးတစ်ယောက်အဖြစ်ပါ ထိုင်းဘာသာစကားနဲ့ ဖော်ပြထားတာမို့ ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ရပါတယ်။




Source: ThaiTVn
Khin Mi Mi@CeleGabar
ယူနီကုဒ်နဲ့ ဖတ်ရန်


ဖြူစင်တဲ့အပြုံးတွကြောင့် ထိုင်းနိုင်ငံသတင်းစာမျက်နာမှာ ထပ်မံ ဖော်ပြခြင်း ခံရတဲ့ အုပ်စိုးခန့်

အုပ်အုပ်လို့ မိန်းကလေး ပရိသတ်တွေ ချစ်စနိုး ခေါ်ဆိုရတဲ့ အဆိုတော် အုပ်စိုးခန့်ဟာ “ချစ်နေပြီ” ဆိုတဲ့ သီချင်းနဲ့ စတင် လူသိများလာခဲ့တဲ့ ဆယ်ကျော်သက် အဆိုတော် တစ်ဦးဖြစ်ပြီး ” အပြစ်မမြင်” ဆိုတဲ့ သီချင်းကတော့ သူ့ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ သီချင်းဖြစ်တဲ့ အပြင် လက်ရှိမှာ လူကြိုက်အများဆုံး အသည်းကွဲ သီချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။


လက်ရှိမှာတော့ မင်းသား တစ်လက် အနေနနဲ့ ပါ သရုပ်ဆောင် လောကထဲ ဝင်ရောက်လာခဲ့ပြီး “အိမ်မက်တွေ မိုးတဲ့ အိမ်” ရုပ်သံဇာတ်လမ်းတွဲမှာ အခြားသော ဒိတ်ဒိတ်ကြဲ မင်းသား ၊မင်းသမီးတွေနဲ့အတူ ပါဝင် သရုပ်ဆောင်ဖို့ ကမ်းလှမ်းခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။
အချစ်ရေးနဲ့ ပတ်သက်လို့ Single တစ်ယောက် ဖြစ်သော်လည်း ဆယ်ကျော်သက် မင်းသမီးငယ်လေး ယွန်းယွန်း နဲ့ ချစ်သူတွေဖြစ်ကြောင်း နာမည်တွေ ထွက်ရှိခဲ့ဖူးပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံက မင်းသား ၊မော်ဒယ်လ် တော်တော်များများဟာ ထိုင်းနိုင်ငံရဲ့ သတင်းစာမျက်နာထက်တွေထိ နေရာယူ အောင်မြင်မှု ရရှိနေပြီး လွန်ခဲ့တဲ့ တပတ်ကလည်း သတင်းစာမျက်နာ တစ်ခုမှာ ဆွဲဆောင်မှု အရှိဆုံး မြန်မာမင်းသား(၅)ဦးစာရင်းမှာ အုပ်စိုးခန့်ကို ဖော်ပြထားခဲ့ပါတယ်။ လက်ရှိမှာလည်း ThaiTVn အမည်ရတဲ့ သတင်းစာမျက်နာတစ်ခုမှာ အုပ်စိုးခန့်ရဲ့ ပုံတွေကို ထပ်မံဖော်ပြခဲ့ပြီး ထိုင်းက အမျိုးသမီးငယ်ပရိသတ်လေးတွေက အုပ်စိုးခန့်ရဲ့ ဖြူစင်ပွင့်လင်းမှု ရှိတဲ့ အပြုံးလေးတွေကြောင့် သဘောကျနှစ်သက်နေရကြောင်းလည်း ရေးသားထားပါတယ်။ အုပ်စိုးခန့်ဟာ အဆိုတော် တစ်ယောက်ဖြစ်တဲ့အပြင် သရုပ်ဆောင် တစ်ယောက်ဖြစ်ကြောင်း နဲ့ ချစ်ဖို့ ကောင်းတဲ့ ကောင်လေးတစ်ယောက် အဖြစ်ပါ ထိုင်းဘာသာစကားနဲ့ ဖော်ပြထားတာမို့ ဆယ်လီကမ္ဘာပရိသတ်ကြီး အတွက် ဖော်ပြပေးလိုက်ရပါတယ်။


Source:
Khin Mi Mi@CeleGabar




Some text some message..