“အရင်ချိန်တွေကို ပြန်ရောက်သွားသလိုခံစားမှုပေးလိုက်တဲ့ ACID ၊ စိုင်းစိုင်းခမ်းလှိုင် ၊ ဘာဘူ၊သားစိုး ၊ M သီဟတို့ ရဲ့ တင်ဆက်မှု”
celegabar.com
|
2019-08-21



Acidအဖွဲ့ဟာဆိုရင် (၂၀၀၀)ခုနှစ်ဝန်းကျင်လောက်က “စတင်ခြင်း”ဆိုတဲ့အခွေနဲ့အတူ HipHop သီချင်းတွေကို စတင်မိတ်ဆက်ပေးခဲ့သူတွေ ဖြစ်ပြီး လက်ဖက်ရည်ဆိုင် တော်တော်များများ မှာအချိန်အတော်ကြာ နေရာယူခဲ့တဲ့ သူတွေကတော့အက်ဆစ်အဖွဲ့ပဲ ဖြစ်ပါတယ်။ထိုခေတ်အချိန်က လူငယ်တွေဟာ သူတို့ဖက်ရှင်၊ သူတို့ Logo ပါတဲ့အင်္ကျီ၊ဆွဲကြိုးတွေ နဲ့အပြိုင်အဆိုင်ရှိုးထုတ်ကြတဲ့အထိအောင်မြင်မှုရရှိခဲ့ပါတယ်။အကြောင်းအမျိုးမျိုးကြောင့် သီချင်းသစ်တွေ ဆက်မထွက်ခဲ့ပေမဲ့ HipHopအကြောင်းပြောရင်အက်ဆစ်ကို ချန်ထားလို့မရပါဘူး။





(၁၈)နှစ်ပြည့်သွားခဲ့ပြီ ဖြစ်တဲ့ Acidအဖွဲ့ရဲ့အဖွဲ့ဝင်တွေကတော့အနဂ္ဂ၊ ဟိန်းဇော်၊ ဇေယျာသော်၊ ရန်ရန်ချမ်း တို့ဖြစ်ပြီး လက်ရှိမှာတော့အဖွဲ့ဝင်(၃)ယောက်သာကျန်ရှိတော့ပါတယ်။ လတ်တလောမှာတော့ MRTV 4 ရုပ်သံလိုင်းမှ နိုင်ငံကျော်အဆိုတော်ကြီးများအတွက် စီစဉ်တင်ဆက်တဲ့ FG Live Lounge ပွဲကြီးကို သြဂုတ်လ (၁၇) ရက်နေ့တွင် Acidအဖွဲ့ဟာဆိုရင်လည်း တချိန်ကနာမည်ကြီးခဲ့ သီချင်းတွေကိုအဆိုတော်ကြီးများနဲ့ တွဲဆိုခဲ့ပါသေးတယ်။





ထိုပွဲမှာတော့ Hip Hop လောကကိုစတင်ခဲ့ကြတဲ့ ဘော်ဒါတွေဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင် ၊ ဘာဘူ၊သားစိုး ၊ M သီဟ တို့နဲ့အတူ ဖျော်ဖြေသီဆိုခဲ့တဲ့ “ဘဝ” ဆိုတဲ့ သီချင်းကတော့အရင်ချိန်တွေကို ပြန်ရောက်သွားစေပါတယ်။CeleGabar ပရိသတ်ကြီးလည်း Acid တို့ရဲ့ သီချင်းလေးကိုနားထောင်ပြီးရင် မှတ်ချက်ပေးခဲ့ပါဦးနော်။


DarDar@CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်




“အရင်ချိန်တွေကို ပြန်ရောက်သွားသလိုခံစားမှုပေးလိုက်တဲ့ ACID ၊ စိုင်းစိုင်းခမ်းလှိုင် ၊ ဘာဘူ၊သားစိုး ၊ M သီဟတို့ ရဲ့ တင်ဆက်မှု”

Acid အဖွဲ့ဟာဆိုရင် (၂၀၀၀)ခုနှစ်ဝန်းကျင်လောက်က “စတင်ခြင်း”ဆိုတဲ့ အခွေနဲ့အတူ HipHop သီချင်းတွေကို စတင်မိတ်ဆက်ပေးခဲ့သူတွေ ဖြစ်ပြီး လက်ဖက်ရည်ဆိုင် တော်တော်များများ မှာအချိန် အတော်ကြာ နေရာယူခဲ့တဲ့ သူတွေကတော့ အက်ဆစ်အဖွဲ့ပဲ ဖြစ်ပါတယ်။ထိုခေတ်အချိန်က လူငယ်တွေဟာ သူတို့ဖက်ရှင်၊ သူတို့ Logo ပါတဲ့ အင်္ကျီ၊ဆွဲကြိုးတွေ နဲ့ အပြိုင်အဆိုင်ရှိုးထုတ်ကြတဲ့ အထိ အောင်မြင်မှုရရှိခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် သီချင်းသစ်တွေ ဆက်မထွက်ခဲ့ပေမဲ့ HipHop အကြောင်းပြောရင် အက်ဆစ်ကို ချန်ထားလို့မရပါဘူး။




(၁၈)နှစ်ပြည့်သွားခဲ့ပြီ ဖြစ်တဲ့ Acid အဖွဲ့ရဲ့အဖွဲ့ဝင်တွေကတော့ အနဂ္ဂ၊ ဟိန်းဇော်၊ ဇေယျာသော်၊ ရန်ရန်ချမ်း တို့ဖြစ်ပြီး လက်ရှိမှာတော့ အဖွဲ့ဝင်(၃)ယောက်သာကျန်ရှိတော့ပါတယ်။ လတ်တလောမှာတော့ MRTV 4 ရုပ်သံလိုင်းမှ နိုင်ငံကျော်အဆိုတော်ကြီးများအတွက် စီစဉ်တင်ဆက်တဲ့ FG Live Lounge ပွဲကြီးကို သြဂုတ်လ (၁၇) ရက်နေ့တွင် Acid အဖွဲ့ဟာဆိုရင်လည်း တချိန်ကနာမည်ကြီးခဲ့ သီချင်းတွေကို အဆိုတော်ကြီးများနဲ့ တွဲဆိုခဲ့ပါသေးတယ်။




ထိုပွဲမှာတော့ Hip Hop လောကကိုစတင်ခဲ့ကြတဲ့ ဘော်ဒါတွေဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင် ၊ ဘာဘူ၊သားစိုး ၊ M သီဟ တို့နဲ့အတူ ဖျော်ဖြေသီဆိုခဲ့တဲ့ “ဘဝ” ဆိုတဲ့ သီချင်းကတော့ အရင်ချိန်တွေကို ပြန်ရောက်သွားစေပါတယ်။CeleGabar ပရိသတ်ကြီးလည်း Acid တို့ရဲ့ သီချင်းလေးကိုနားထောင်ပြီးရင် မှတ်ချက်ပေးခဲ့ပါဦးနော်။




Some text some message..