ရင်သားက ဆွဲဆောင်မှုမရှိတာကြောင့် ကွာရှင်းချင်နေတဲ့အန်ဂျယ်ဟွန်း
popolay.com
|
2019-08-22

ပရိတ်သတ်တွေ F4 ဇာတ်ကားထဲက ဂင်ဂျန်ဒီလို့ သိကြတဲ့ မင်းသမီးချောလေး ဂူဟဲဆောင်းန်ဟာ ခင်ပွန်းသည်က သူမကို ကွာရှင်းပြတ်စဲဖို့ တောင်းဆိုခဲ့ကြောင်း သြဂုတ် ၁၈ ရက်နေ့က ပရိတ်သတ်ကိုအင်စတာဂရမ်ကနေအသိပေးလာပါတယ်။ ဂူဟဲဆောင်းန်ဟာ သြဂုန် ၂၁ ရက်နေ့အထိ သူမဘက်က ကွာရှင်းဖို့ သဘောတူညီထားခြင်းမရှိကြောင်း ရှေ့နေမှတစ်ဆင့်အသိပေးထုတ်ပြန်ကြေညာလာပါတယ်။ ခင်ပွန်းသည်အန်ဂျယ်ဟွန်းမှလဲအင်စတာဂရမ်ကနေတစ်ဆင့် ဂူဟဲဆောင်းန် ကိုအမှန်တကယ် ချစ်လို့လက်ထပ်ခဲ့တာဖြစ်ကြောင်း၊ ဘယ်လိုနည်းနဲ့မှအဆင်မပြေတော့လို့ ကွာရှင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ဖြေရှင်းချက်ထုတ်ပြန်ထားပါတယ်။


>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<



အန်ဂျယ်ဟွန်း ဖြေရှင်းချက် ထုတ်ပြန်ကြေညာပြီးနောက် ဂူဟဲဆောင်းန် ကအင်စတာဂရမ်မှာပဲ ထပ်မံဖြေရှင်းလိုက်ပါတယ်။


“အန်ဂျယ်ဟွန်းဘက်က ဖြေရှင်းချက်ထုတ်ပြန်ထားတဲ့အတွက် ကျွန်မလဲ တစ်ခုခုပြောဖို့လိုပြီထင်လို့ ဖြစ်ကြောင်းကုန်စင်ကိုအခုလိုပြောပြလိုက်ရတာဖြစ်ပါတယ်။ နစ်နာကြေးကို ကျွန်မဘယ်လိုရလာတယ်ဆိုတာက စပြောပါမယ်။ ကျွန်မတို့နှစ်ယောက် ယူတော့ မင်္ဂလာပွဲလုပ်မယ့်အစားအဲ့ပိုက်ဆံတွေကို လှူပစ်ဖို့အကြံဉာဏ်ကတော့ သူ့ဘက်ကထုတ်တာပါ။ ဒါပေမဲ့အမှန်တကယ် လှူလိုက်တဲ့ ပိုက်ဆံတွေကတော့ ကျွန်မတစ်ယောက်တည်းရဲ့ ပိုက်ဆံတွေသာဖြစ်ပါတယ်။



ဒါကြောင့် ကျွန်မအနေနဲ့အနည်းဆုံးတော့ တစ်ဝက်တော့ ပြန်ပေးပါဆိုပြီး တောင်းခဲ့တာပါ။အတူနေတဲ့အိမ်ကအတွင်းပိုင်း ပြင်ဆင်ခ တန်ဖိုးကိုလဲ ကျွန်မပိုက်ဆံနဲ့ပဲအကုန်ကျခံရှင်းပေးထားပါတယ်။ ဒါကြောင့် တစ်နေ့ကို ဝမ် သုံးသောင်းတော့ပေးပါ၊အလုပ်လုပ်တဲ့အတွက် ကိုယ်ရှာတဲ့ပိုက်ဆံ ကိုယ်တိုင်တော့ သုံးကြည့်ချင်ပါသေးတယ်ဆိုပြီး ပြောတာကြောင့် ရခဲ့တာပါ။



အိမ်မှာ ခွေးတစ်ကောင်သေသွားတော့ သူစိတ်ဓာတ်ကျလို့ ဆရာဝန်နဲ့ ပြပေးပါတယ်။ စိတ်အခြေအနေ ပြန်ကောင်းပြီးနောက်အရက်တွေစသောက်လာပြီး ဘယ်ကမှန်းမသိတဲ့ မိန်းကလေးတွေနဲ့ စပြီးဆက်သွယ်လာပါတယ်။ မွေးနေ့မှာ ကျွန်မကပဲအမဲသားစွပ်ပြုတ်လုပ်ကျွေးတာကို တစ်ဇွန်းနှစ်ဇွန်းလောက် ပဲစားပြီးအဲ့ဒီမိန်းကလေးတွေနဲ့သွားပြီးပါတီကျင်းပနေပါတယ်။ သူ့အမေအိမ်မှာအဲကွန်း၊ ရေခဲသေတ္တာ၊အဝတ်လျှော်စက် ဘာမှမရှိလို့ ကျွန်မကိုယ်တိုင် ဝယ်ပေးခဲ့ပါတယ်။အဲ့နေ့မှာ ကျွန်မတို့အငြင်းပွားခဲ့ကြပါသေးတယ်။



တစ်အိမ်စီ စပြီးခွဲနေဖို့ကိုလည်း သူ့ဘက်ကစပြောတာပါ။ ကျွန်မဘက်က သူ့ကို သရုပ်ဆောင်တဲ့ဘက်မှာ ပိုအာရုံစိုက်စေချင်လို့ ခွင့်ပြုပေးခဲ့ပါတယ်။ ဇနီးမယားတစ်ယောက်အနေနဲ့ သူနေတဲ့ နေရာကို ဝင်ထွက်ခွင့်ရှိတယ်လို့ ယူဆပါတယ်။ ဒါပေမဲ့အဲ့အိမ်ကို သွားတိုင်း သူရှိမနေပါဘူး။ ကျွန်မလဲ သူ့လို တစ်ယောက်တည်း နေရင်ရောလို့ မေးတော့ Yongin မှာရှိတဲ့အိမ်ကို ကွာရှင်းပြီးရင် ပေးမယ်လို့ ပြောပါတယ်။ ကွာရှင်းမယ်ဆိုတဲ့ စကားကို သူ့ဘက်ကအရင်ပြောထွက်လာတာပါ။



အဲ့အချိန်ကစပြီး ကွာရှင်းဖို့ကို တတွတ်တွတ်ပြောနေခဲ့တာ ကျွန်မ ဘာမှားနေလို့ ကွာရှင်းချင်နေရတာလဲ လို့မေးတော့ ကျွန်မက သူ့အတွက် ဆွဲဆောင်မှုမရှိလို့ ပြောပါတယ်။ ကျွန်မရဲ့ ရင်သားနဲ့ nipples တွေက ဆွဲဆောင်မှုမရှိတာကြောင့် ကွာရှင်းချင်တယ်လို့ သူပြောပါတယ်။အတူရှိနေတဲ့အချိန်မျိုးမှာတောင် Youtube မှာ ယောင်္ကျားတွေကြည့်လေ့ရှိတဲ့ ဗွီဒီယိုတွေကို တစ်ညလုံး ထိုင်ကြည့်နေပြီး ကျွန်မကိုရှိနေတယ်လို့တောင် မအောက်မေ့မိပါဘူး။အိမ်ထဲမှာ ဒီတိုင်းရှိနေတဲ့ သရဲတစ်ကောင်လိုပါပဲ။ နင်ချစ်ခဲ့တဲ့အမျိုးသမီးကအခုဆို သရဲကနေအဆင့်တက်ပြီး ဖုတ်ကောင်တောင်ဖြစ်နေပါပြီ” ဆိုပြီးအင်စတာဂရမ်မှာ ရေးသားထားပါတယ်။

Ref:Kookoo900

(ပိုပိုလေး)




Some text some message..