တွတ်ပီ ကာတွန်း စာအုပ်ထဲကအမှန်တကယ် ရှိတဲ့ ရွာနဲ့ လူတွေအကြောင်း ပြောပြလာတဲ့ ကာတွန်းဆရာ ဆွေမင်း ရဲ့ ဇနီး
celegabar.com
|
2019-08-22



ရယ်လည်း ရယ်မော ရသလို ဦးနှောက်အတွက် ရသကောင်းများပေးနိုင်တဲ့ စာအုပ်စာပေများစွာထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ မြိုင်ရာဇာတွတ်ပီ ကာတွန်းဟာ (၁၉၉၀-၁၉၉၅) ခုနှစ်များရဲ့ ကလေးဘ၀ ရဲ့ ပျော်ရွှင်မှုတွေကို သိမ်းပိုက်ထားနိုင်တာပါ။ ယနေ့အချိန်ထိ လူကြီးလူငယ်မရွေးကြိုက် နှစ်သက်ရတဲ့ ကာတွန်းစာအုပ်အမျိုးအစားဖြစ်ပြီး ဒီတွတ်ပီကို ဖန်တီးခဲ့တဲ့ ကာတွန်းဆရာ ဓနုဖြူ (ဆွေမင်း) ကတော့ ကွယ်လွန်ခဲ့ပြီဖြစ်သော်လည်း ယနေ့အချိန်ထိ သူကိုယ်တိုင် ရေးဆွဲခဲ့တဲ့ တွတ်ပီ စာအုပ်များဟာ စာပေလောကမှာ လူကြိုက်မျာေးနဆဲ ဖြစ်ပါတယ်။





ဆရာဆွေမင်း ကွယ်လွန်ပြီးနောက် ဆရာ၏ဇနီးဖြစ်သူ ဒေါ်မို့မို့ဆန်က ဆက်လက် တာဝန်ယူ ထုတ်ဝေခဲ့ပြီး စာဖတ်ပရိသတ်တွေ ယနေ့အချိန်ထိအငြင်းပွားနေရတဲ့ တွတ်ပီကာတွန်းဇာတ်လမ်းထဲမှာ ပါဝင်တဲ့ ရွာနဲ့ ဇာတ်ကောင်တွေဟာအမှန်တကယ် ရှိကြောင်း ကိုလည်းအန်တီ မို့က ပြန်လည်ပြောပြလာခဲ့ပါတယ်။ ဇာတ်လမ်းထဲမှာအဓိက ဇာတ်ကောင်ဖြစ်ပေမဲ့အမှန်တကယ် မရှိတာကတော့ မြိုင်ရာဇာ တွတ်ပီ နဲ့မ သေးမျှင် တို့ စုံတွဲဖြစ်ပြီး တကယ်လက်တွေ့ ဘဝမှာ တကယ်ရှိတဲ့အခြားသော ဇာတ်ကောင်တွေကတော့ လူပျိုကြီး ဗိုက်ကလေးအဖြစ် ပန်းချီ ခိုင်မြင့်မောင် ၊ လူပျိုကြီး စောတင်မောင်အဖြစ် ပန်းချီ စောတင် မောင် ၊အာနိုး လှမိုးအဖြစ် ကိုဘိုဘိုထွန်း ၊ ကျောင်းဆရာလေး ကိုကြည်နိုင် ဟာလည်း တကယ့်အပြင်မှာ ကျောင်းဆရာတစ်ယောက် ဖြစ်သလို




သူကြီး ဘစီကတော့ ဆရာ ဆွေမင်းရဲ့အဘိုးအရင်း ကို ဇာတ်ကောင်တည်ထားတာဖြစ်ပြီး ငွေရှင်ကြေးရှင်အတီး ကလည်းအမှန်တကယ်အပြင်မှာ လူပျိုကြီးအဖြစ်အမေရိက မှာနေထိုင်တဲ့အကြောင်း ပြည့်ပြည့်စုံစုံ ခုလို ပြောပြခဲ့ပါတယ်။ တွတ်ပီ ကာတွန်းဇာတ်လမ်းထဲက ကြုံတိုင်းရွာကတော့ ဓနုဖြူသွားတဲ့ လမ်းမှာအမှန်တကယ်ရှိတဲ့ ကြုံပိုင်းရွာကို နာမည်အနည်းငယ်ပြောင်းကာအသုံးပြုထားတာ ဖြစ်ပြီး မြိုင်သာရွာဟာလည်းအမှန်တကယ် ရှိသလို ကုန်းဘောင်ရွာကတော့ ရန်ကုန်မှာ နေခဲ့တဲ့ လမ်းနာမည်ကို ယူသုံးကာ ဇာတ်လမ်းတည်ထားတာဖြစ်ပါတယ်။






လူကြိုက်များလှတဲ့ မြိုင်ရာဇာ တွတ်ပီ ကာတွန်းဇာတ်လမ်းကို မြန်မာရုပ်ရှင် ထုတ်လုပ်ရေးတွေတော်တော်များများ မျက်စိကျကာ ရုပ်ရှင်အနေနဲ့ ဝယ်ယူ ရိုက်ကူးခဲ့ကြသော်လည်း ရုပ်ရှင် ကားပေါင်း (၅) ကားရိုက်ကူးခဲ့ပြီးနောက် ရုပ်ရှင်ရဲ့အရည်အသွေးနဲ့ ရိုက်ကူးမှုကို သဘောမကျတာကြောင့် စာဖတ်အရသာကို ပျက်သွားစေမှာ စိုးရိမ်တဲ့အတွက် လက်ရှိမှာတော့ တွတ်ပီ ဇာတ်လမ်းများကို ရုပ်ရှင်ဇာတ်လမ်းအဖြစ် ရိုက်ကူးဖို့ ခွင့်မပြုတော့ဘူးလို့ ဆရာ ဆွေမင်း ရဲ့ ဇနီးဖြစ်သူအန်တီ မို့မို့ ဆန်က ခုလိုပဲ ဆယ်လီကမ္ဘာရဲ့အင်တာဗျူး မှာ ပြောကြားလာခဲ့တာပါ။ ဆယ်လီကမ္ဘာ ပရိသတ်ကြီးထဲက မြိုင်ရာဇာ တွတ်ပီကို ချစ်နှစ်သက် သူများအတွက်အန်တီမို့ရဲ့အင်တာဗျူးလေးကို ဗဟုသုတအလို့ငှာ ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်နော်…။


Source: Exclusive On CeleGabar
Khin Mi Mi@CeleGabar
ယူနီကုဒ်နဲ့ ဖတ်ရန်

တွတ်ပီ ကာတွန်း စာအုပ်ထဲက အမှန်တကယ် ရှိတဲ့ ရွာနဲ့ လူတွေအကြောင်း ပြောပြလာတဲ့ ကာတွန်းဆရာ ဆွေမင်း ရဲ့ ဇနီး




ရယ်လည်း ရယ်မော ရသလို ဦးနှောက် အတွက် ရသကောင်းများပေးနိုင်တဲ့ စာအုပ်စာပေများစွာထဲက တစ်ခု အပါအဝင်ဖြစ်တဲ့ မြိုင်ရာဇာတွတ်ပီ ကာတွန်းဟာ (၁၉၉၀-၁၉၉၅) ခုနှစ်များရဲ့ ကလေးဘ၀ ရဲ့ ပျော်ရွှင်မှုတွေကို သိမ်းပိုက်ထားနိုငတာပါ။ ယနေ့ အချိန်ထိ လူကြီးလူငယ်မရွေးကြိုက် နှစ်သက်ရတဲ့ ကာတွန်းစာအုပ် အမျိုးအစားဖြစ်ပြီး ဒီတွတ်ပီကို ဖန်တီးခဲ့တဲ့ ကာတွန်းဆရာ ဓနုဖြူ (ဆွေမင်း) ကတော့ ကွယ်လွန်ခဲ့ပြီဖြစ်သော်လည်း ယနေ့အချိန်ထိ သူကိုယ်တိုင် ရေးဆွဲခဲ့တဲ့ တွတ်ပီ စာအုပ်များဟာ စာပေလောကမှာ လူကြိုက်မျာေးနဆဲ ဖြစ်ပါတယ်။

ဆရာဆွေမင်း ကွယ်လွန်ပြီးနောက် ဆရာ၏ဇနီးဖြစ်သူ ဒေါ်မို့မို့ဆန်က ဆက်လက် တာဝန်ယူ ထုတ်ဝေခဲ့ပြီး စာဖတ်ပရိသတ်တွေ ယနေ့အချိန်ထိ အငြင်းပွားနေရတဲ့ တွတ်ပီကာတွန်းဇာတ်လမ်းထဲမှာ ပါဝင်တဲ့ ရွာနဲ့ ဇာတ်ကောင်တွေဟာ အမှန်တကယ် ရှိကြောင်း ကိုလည်း အန်တီ မို့က ပြန်လည်ပြောပြလာခဲ့ပါတယ်။ ဇာတ်လမ်းထဲမှာ အဓိက ဇာတ်ကောင်ဖြစ်ပေမဲ့ အမှန်တကယ် မရှိတာကတော့ မြိုင်ရာဇာ တွတ်ပီ နဲ့မ သေးမျှင် တို့ စုံတွဲဖြစ်ပြီး တကယ်လက်တွေ့ ဘဝမှာ တကယ်ရှိတဲ့ အခြားသော ဇာတ်ကောင်တွေကတော့ လူပျိုကြီး ဗိုက်ကလေး အဖြစ် ပန်းချီ ခိုင်မြင့်မောင် ၊ လူပျိုကြီး စောတင်မောင် အဖြစ် ပန်းချီ စောတင် မောင် ၊ အာနိုး လှမိုး အဖြစ် ကိုဘိုဘိုထွန်း ၊ ကျောင်းဆရာလေး ကိုကြည်နိုင် ဟာလည်း တကယ့်အပြင်မှာ ကျောင်းဆရာတစ်ယောက် ဖြစ်သလို

သူကြီး ဘစီကတော့ ဆရာ ဆွေမင်းရဲ့ အဘိုးအရင်း ကို ဇာတ်ကောင်တည်ထားတာဖြစ်ပြီး ငွေရှင်ကြေးရှင် အတီး ကလည်း အမှန်တကယ် အပြင်မှာ လူပျိုကြီး အဖြစ် အမေရိက မှာနေထိုင်တဲ့ အကြောင်း ပြည့်ပြည့်စုံစုံ ခုလို ပြောပြခဲ့ပါတယ်။ တွတ်ပီ ကာတွန်းဇာတ်လမ်းထဲက ကြုံတိုင်းရွာကတော့ ဓနုဖြူသွားတဲ့ လမ်းမှာ အမှန်တကယ်ရှိတဲ့ ကြုံပိုင်းရွာကို နာမည်အနည်းငယ်ပြောင်းကာ အသုံးပြုထားတာ ဖြစ်ပြီး မြိုင်သာရွာဟာလည်း အမှန်တကယ် ရှိသလို ကုန်းဘောင်ရွာကတော့ ရန်ကုန်မှာ နေခဲ့တဲ့ လမ်းနာမည်ကို ယူသုံးကာ ဇာတ်လမ်းတည်ထားတာဖြစ်ပါတယ်။ လူကြိုက်များလှတဲ့ မြိုင်ရာဇာ တွတ်ပီ ကာတွန်းဇာတ်လမ်းကို မြန်မာရုပ်ရှင် ထုတ်လုပ်ရေးတွေတော်တော်များများ မျက်စိကျကာ ရုပ်ရှင် အနေနဲ့ ဝယ်ယူ ရိုက်ကူးခဲ့ကြသော်လည်း ရုပ်ရှင် ကားပေါင်း (၅) ကားရိုက်ကူးခဲ့ပြီးနောက် ရုပ်ရှင်ရဲ့ အရည်အသွေးနဲ့ ရိုက်ကူးမှုကို သဘောမကျတာကြောင့် စာဖတ်အရသာကို ပျက်သွားစေမှာ စိုးရိမ်တဲ့ အတွက် လက်ရှိမှာတော့ တွတ်ပီ ဇာတ်လမ်းများကို ရုပ်ရှင်ဇာတ်လမ်း အဖြစ် ရိုက်ကူးဖို့ ခွင့်မပြုတော့ဘူးလို့ ဆရာ ဆွေမင်း ရဲ့ ဇနီးဖြစ်သူ အန်တီ မို့မို့ ဆန်က ခုလိုပဲ ဆယ်လီကမ္ဘာရဲ့ အင်တာဗျူး မှာ ပြောကြားလာခဲ့တာပါ။ ဆယ်လီကမ္ဘာ ပရိသတ်ကြီးထဲက မြိုင်ရာဇာ တွတ်ပီကို ချစ်နှစ်သက် သူများအတွက် အန်တီမို့ရဲ့ အင်တာဗျူးလေးကို ဗဟုသုတ အလို့ငှာ ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်နော်…။


Source: Exclusive On CeleGabar
Khin Mi Mi@CeleGabar




Some text some message..