အောင်မြင်တဲ့အနုပညာ ညီအမတွေ ဖြစ်တဲ့ မကြီးစိုး ခေါ် စိုးမြတ်သူဇာ ၊ စိုးမြတ်နန္ဒာ ၊ စိုးပြည့်သဇင် နဲ့ စန္ဒီမြင့်လွင် တို့ ညီအမတွေကို မသိသူ မရှိလောက်အောင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ ထိပ်တန်း မင်းသမီးတွေဖြစ်ပါတယ်။ စိုးမြတ်သူဇာ ၊ စိုးမြတ်နန္ဒာ နဲ့ စိုးပြည့်သဇင် တို့ သုံးယောက်လုံးကတော့ သရုပ်ဆောင် မင်းသမီးအလုပ်ကို ဇောက်ချလုပ်ကိုင်ကြပြီး လက်ရှိမှာအကယ်ဒမီ သရုပ်ဆောင်ဆုများကို သိမ်းပိုက်ထားနိုင်သူတွေ ဖြစ်ပါတယ်။
ညီအမ (၄)ယောက် ပေါင်းကာ “မင်းသမီး” ပိုးထည်တိုက်ကို စုပေါင်းဖွင့်လှစ်ခဲ့ပြီး ဆိုင်ဖွင့်စ လေးမှာတင် ဝယ်သူတွေက ကြိတ်ကြိတ်တိုးအားပေးခဲ့ကြသလို ယနေ့အချိန်ထိ ပိုးထည်ချစ်သူ ဝယ်သူတွေရဲ့ လက်စွဲ ဆိုင်ကောင်းလေးတစ်ဆိုင်အဖြစ်လည်းအောင်မြင်မှု ရရှိနေတာဖြစ်ပါတယ်။အကြီးဆုံး ဖြစ်တဲ့ မကြီးစိုးကတော့ ဟာသ၊ ဒရမ်မာ မရိုးရလောက်အောင် သရုပ်ဆောင်နိုင်သူ ဝါရင့် သရုပ်ဆောင်မင်းသမီးကြီးတစ်လက်ဖြစ်တဲ့ ပြင် ညီအမတွေအားလုံးရဲ့ စံပြအမကြီးတစ်ယောက်ဖြစ်သလိုအမ ကြီးအမိရာအဖြစ် ညီမတွေကိုအုပ်ချုပ်နိုင်သူလည်းဖြစ်ပါတယ်။
လက်ရှိမှာတော့အငယ်ဆုံး ညီမလေးဖြစ်တဲ့ စိုးပြည့်က ဒါရိုက်တာ ဦးမီးပွားရဲ့ ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခြင်း ခံခဲ့ရပြီး ဇာတ်လမ်းမှာ ပါဝင်တဲ့ ဇာတ်ကောင်တစ်ခုကတော့ မကြီးစိုး ရဲ့ ငယ်ဘ၀ ဇာတ်ရုပ်ကို ဖက်ရှင်နဲ့ ပတ်သက်လို့ ခေါင်းအစ ခြေအဆုံး တိတိကျကျ ပုံဖော်ကာ ပါဝင်ရိုက်ကူးကြမဲ့အကြောင်းကို စိုပြည့်က သူမရဲ့ လူမှုကွန်ရက် စာမျက်နာ ထက်မှာ ဖော်ပြထားတာမို့ ဆယ်လီကမ္ဘာ ပရိသတ်ကြီးရေ…. မကြီးစိုးရဲ့ ငယ်ဘဝကို စိုးပြည့်တစ်ယောက် ဘယ်လိုသရုပ်ဆောင်ထားမလဲ ဆိုတာ ရုပ်ရှင်ဇာတ်ကားကြီး ထွက်လာခဲ့ရင်အားပေးကြပါဦးနော်…..

Source:Soe Pyae Thazin
Khin Mi Mi @CeleGabar
ယူနီကုဒ်နဲ့ ဖတ်ရန်

အမအကြီးဆုံးဖြစ်သူ စိုးမြတ်သူဇာရဲ့ ငယ်ဘဝဇာတ်ရုပ်ကို ရုပ်ရှင်ထဲမှာ ပြန်လည် သရုပ်ဆောင်မဲ့ စိုးပြည့်သဇင်
အောင်မြင်တဲ့ အနုပညာ ညီအမတွေ ဖြစ်တဲ့ မကြီးစိုး ခေါ် စိုးမြတ်သူဇာ ၊ စိုးမြတ်နန္ဒာ ၊ စိုးပြည့်သဇင် နဲ့ စန္ဒီမြင့်လွင် တို့ ညီအမတွေကို မသိသူ မရှိလောက်အောင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ ထိပ်တန်း မင်းသမီးတွေဖြစ်ပါတယ်။ စိုးမြတ်သူဇာ ၊ စိုးမြတ်နန္ဒာ နဲ့ စိုးပြည့်သဇင် တို့ သုံးယောက်လုံးကတော့ သရုပ်ဆောင် မင်းသမီး အလုပ်ကို ဇောက်ချလုပ်ကိုင်ကြပြီး လက်ရှိမှာ အကယ်ဒမီ သရုပ်ဆောင်ဆုများကို သိမ်းပိုက်ထားနိုင်သူတွေ ဖြစ်ပါတယ်။
ညီအမ (၄)ယောက် ပေါင်းကာ “မင်းသမီး” ပိုးထည်တိုက်ကို စုပေါင်းဖွင့်လှစ်ခဲ့ပြီး ဆိုင်ဖွင့်စ လေးမှာတင် ဝယ်သူတွေက ကြိတ်ကြိတ်တိုးအားပေးခဲ့ကြသလို ယနေ့ အချိန်ထိ ပိုးထည်ချစ်သူ ဝယ်သူတွေရဲ့ လက်စွဲ ဆိုင်ကောင်းလေးတစ်ဆိုင် အဖြစ်လည်း အောင်မြင်မှု ရရှိနေတာဖြစ်ပါတယ်။ အကြီးဆုံး ဖြစ်တဲ့ မကြီးစိုးကတော့ ဟာသ၊ ဒရမ်မာ မရိုးရလောက်အောင် သရုပ်ဆောင်နိုင်သူ ဝါရင့် သရုပ်ဆောင်မင်းသမီးကြီးတစ်လက်ဖြစ်တဲ့ ပြင် ညီအမတွေ အားလုံးရဲ့ စံပြ အမကြီးတစ်ယောက်ဖြစ်သလို အမ ကြီး အမိရာ အဖြစ် ညီမတွေကို အုပ်ချုပ်နိုင်သူလည်းဖြစ်ပါတယ်။
လက်ရှိမှာတော့ အငယ်ဆုံး ညီမလေးဖြစ်တဲ့ စိုးပြည့်က ဒါရိုက်တာ ဦးမီးပွားရဲ့ ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခြင်း ခံခဲ့ရပြီး ဇာတ်လမ်းမှာ ပါဝင်တဲ့ ဇာတ်ကောင်တစ်ခုကတော့ မကြီးစိုး ရဲ့ ငယ်ဘ၀ ဇာတ်ရုပ်ကို ဖက်ရှင်နဲ့ ပတ်သက်လို့ ခေါင်းအစ ခြေအဆုံး တိတိကျကျ ပုံဖော်ကာ ပါဝင်ရိုက်ကူးကြမဲ့ အကြောင်းကို စိုပြည့်က သူမရဲ့ လူမှုကွန်ရက် စာမျက်နာ ထက်မှာ ဖော်ပြထားတာမို့ ဆယ်လီကမ္ဘာ ပရိသတ်ကြီးရေ…. မကြီးစိုးရဲ့ ငယ်ဘဝကို စိုးပြည့်တစ်ယောက် ဘယ်လိုသရုပ်ဆောင်ထားမလဲ ဆိုတာ ရုပ်ရှင်ဇာတ်ကားကြီး ထွက်လာခဲ့ရင် အားပေးကြပါဦးနော်…..
Source: Soe Pyae Thazin
Khin Mi Mi @CeleGabar