အဆိုတော် ၊ မင်းသားကြီး ဦးကျော်ဟိန်း ဆိုရင် မသိသူမရှိလောက်အောင် သူ့ခေတ်သူအခါရယ်တောင် သျှမ်းသျှမ်းတောက်အောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသားတစ်လက်ဖြစ်ပြီးအနုပညာမျိုးရိုးမရှိပဲ သရုပ်ဆောင် သင်တန်းလေး တက်ကာ မင်းသားတစ်ယောက်ဖြစ်လာခဲ့သူပါ။အတန်းပညာကို (၉)တန်းထိသာ သင်ယူခဲ့ပြီး ကျောင်းစာမှာ ဆက်လက်လေ့လာဖို့ စိတ်ဝင်စားခြင်းမရှိခဲ့သလို ဘဝမှာ ရည်မှန်းချက်၊ ဦးတည်ချက် ရယ်လို့ မရှိပဲ
ကြံတော သချိုင်းမြေ မှာ ဖဲရိုက် ၊ ဘိန်းရှူ စသဖြင့် မကောင်းမှု တော်တော်များများနဲ့ မွေလျော်ခဲ့သူဖြစ်ပါတယ်။
စာဖတ်ခြင်းကိုတော့အတော်အတန်လိုက်စားသူ ဦးကျော်ဟိန်းဟာ သရုပ်ဆောင်သင်တန်းကို စာစောင်တစ်ခုမှာတွေ့မြင်ခဲ့ရာက သရုပ်ဆောင်သင်တန်းတက်ဖြစ်ခဲ့ပြီး ပါရမီ ပါလာခဲ့လေတော့လည်း သင်တန်းကိုအောင်မြင်ခဲ့ပါပြန်ပါတယ်။အနုပညာ မျိုးရိုးက မရှိ၊အခြေကြီးတဲ့ မျက်နာကြီးမိသားစုက လည်း မဟုတ်ပြန်တော့ မင်းသားလုပ်ခါစမှာ ဘယ်ထုတ်လုပ်ရေး ၊ဒါရိုက်တာကမှ ကမ်းလှမ်းခဲ့ခြင်းမရှိပဲအဒေါ်ဖြစ်သူ ရဲ့အဆက်အသွယ်နဲ့ ရုပ်ရှင်ကားတစ်ကားမှာ စတင် ရိုက်ကူးခွင့်ရရှိခဲ့ပြန်ပါတယ်။
တက်သစ်စ မင်းသားငယ်မို့ မန္တလေး ရိုက်ကွင်းထိ သွားရောက်သရုပ်ဆောင်ဖို့ရာ လမ်းစရိတ်ကို ဒါရိုက်တာက ထုတ်ပေးခဲ့ခြင်း မရှိခဲ့တဲ့အပေါ် ရထားလမ်းမှာ ပေရပ်နေတုန်း ခေါင်းဆောင် မင်းသမီးကြီးဖြစ်တဲ့ ဒေါ်စံရှားတင်က ရထားလက်မှတ်ဖိုး စိုက်ပေးခဲ့ကာ ကူညီပေးခဲ့ပြီး ဦးကျော်ဟိန်းရဲ့ ပထမဆုံး ကျေးဇူးရှင် ဖြစ်လာခဲ့ပါတယ်။ “ဟာ မာသားကြီးတို့ကလည်း လူချင်းတူတူပဲဗျ ။ပခုံးနှစ်ဖက်ကြားကခေါင်းပေါက်တာ နှာခေါင်းနဲ့အသက်ရှုတာ ” ဆိုတဲ့ ဒိုင်ယာလော့ စာသားတွေနဲ့အတူ ချစ်သူပဲပြုတ်သည်လေးကိုမှအချစ်ကြီးချစ်တဲ့ သူဌေးသားတစ်ယောက်အဖြစ် ပွဲဦးထွက် ရုပ်ရှင်မှာတင် ပရိသတ်တွေရဲ့အကြိတ်အနယ်အားပေးခြင်းကို ခံခဲ့ရပြီးအချိန်တိုလေးအတွင်းအောင်မြင်တဲ့ သရုပ်ဆောင် မင်းသားတစ်လက်ဖြစ်လာခဲ့ပါတယ်။
ရုပ်ရှင်ရိုက်နေတုန်း မကြာခဏ ဆိုသလို ပျောက်ပျောက်သွားတတ်ပြီးအစ မပြတ်သေးတဲ့ ဘိန်း ကို ပြန်လည်ခိုးရှူခဲ့ရာက ဆရာသမားဖြစ်သူ ဦးဝင်းဖေ ရဲ့အကြည့်နဲ့ ငြူစူမှုအပေါ် နောင်တရခဲ့ပြီး ဆရာကို ချစ်တဲ့ စိတ်နဲ့ ဆရာဝန်ရဲ့အကူညီတောင် မပါပဲ ဘိန်းပြတ်အောင် ဖြတ်ခဲ့ပါတယ်။ မှားမှန်းသိလျှက်နဲ့ ဆက်လုပ်နေမိတဲ့အချိန်တိုင်းမှာ မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ရပြီး ဘဝကိုအကောင်းဆုံးပြုပြင်ပြောင်းလဲခဲ့ကာ လူတွေအပေါ်မှာအကျိုးပြုမဲ့ သဘာဝဆန်ဆန်၊ ပညာပေးဆန်ဆန် ရုပ်ရှင်တော်တော်များများကို ရိုက်ကူးခဲ့သလို (၁၉၆၇) ခုနှစ် မှ (၂၀၀၈) ခုနှစ်အထိ နှစ်ပေါင်း(၄၁) နှစ်အတွင်း ရုပ်ရှင်ကားပေါင်း (၂၂၂)ကား ၊ ဗီဒီယို ကားပေါင်း (၃၆၂) ကားအပြင် သီချင်းခွေပေါင်း (၁၄) ခွေထုတ်ဝေခဲ့ပြီး ထိုခေတ် ထိုအခါက ဦးကျော်ဟိန်းရဲ့ စကား ပြောဟန် ၊သီချင်း ဆိုဟန် နဲ့အမူအရာတွေဟာအရမ်းကို ရေပန်းစားခဲ့ပါတယ်။
ငယ်စဉ်ကတည်းက ပညာရေးက ဆုံးခန်းမတိုင် ၊ ရည်မှန်းချက် မရှိ၊ ဖဲရိုက် ဘိန်းရှူခဲ့တဲ့ ခပ်ဆိုးဆိုး လူငယ်လေးတစ်ယောက်ဟာ နိုင်ငံကျော်တဲ့ သရုပ်ဆောင် မင်းသား ၊အဆိုတော်တစ်ယောက် ဖြစ်လာခဲ့မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြသလို ဘဝမှာ ဘယ်လောက်ပင် နာမည်ဆိုး ၊အမဲစက် ရှိစေကာမူအမှန်ကို သိတဲ့ စိတ်နဲ့အကောင်းဆုံးပြုပြင်နိုင်ခဲ့တဲ့ ဦးကျော်ဟိန်းဟာ ဘဝရဲ့အသက်အရွယ်အတိုင်းအတာတစ်ခုမှာတော့ ခေါင်းချတဲ့ထိ မြင့်မြတ်သော ရဟန်းဘဝအဖြစ် ကုန်ဆုံးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရဟန်း ဘွဲ့အမည်ဦး ကိတ္တိသာရအဖြစ်အမေရိက တွင် သီတင်းသုံးနေထိုင်လျှက်ရှိပြီး တစ်ချိန်က မင်းသားကြီး ဦးကျော်ဟိန်းရဲ့ ဘ၀ ဇာတ်ကြောင်း တစ်စေ့တစ်စောင်းပုံရိပ်တွေမှာအမှားမကင်းဖူးတဲ့ ယနေ့ခေတ် လူငယ်တွေတိုင်းအတုယူ ပြင်ဆင်သင့်သလို ဝါသနာပါရာအလုပ်တစ်ခု သို့မဟုတ် လမ်းကြောင်းမှန်တစ်ခုကို တစိုက်မတ်မတ်လုပ်ဆောင်ပြီး ကြိုးစားဖို့ပါပဲ…။
Source: wikipedia
Khin Mi Mi- CeleGabar
ယူနီကုဒ်နဲ့ ဖတ်ရန်
ရှူတင်သွားဖို့လမ်းစရိတ်တောင်မရှိခဲ့တဲ့ မင်းသားပေါက်စဦးကျော်ဟိန်းရဲ့ အတုယူစရာဘဝဇာတ်ကြောင်းတစ်စေ့တစ်စောင်း
အဆိုတော် ၊ မင်းသားကြီး ဦးကျော်ဟိန်း ဆိုရင် မသိသူမရှိလောက်အောင် သူ့ခေတ်သူအခါရယ်တောင် သျှမ်းသျှမ်းတောက် အောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသားတစ်လက်ဖြစ်ပြီး အနုပညာမျိုးရိုးမရှိပဲ သရုပ်ဆောင် သင်တန်းလေး တက်ကာ မင်းသားတစ်ယောက်ဖြစ်လာခဲ့သူပါ။ အတန်းပညာကို (၉)တန်းထိသာ သင်ယူခဲ့ပြီး ကျောင်းစာမှာ ဆက်လက်လေ့လာဖို့ စိတ်ဝင်စားခြင်းမရှိခဲ့သလို ဘဝမှာ ရည်မှန်းချက်၊ ဦးတည်ချက် ရယ်လို့ မရှိပဲ
ကြံတော သချိုင်းမြေ မှာ ဖဲရိုက် ၊ ဘိန်းရှူ စသဖြင့် မကောင်းမှု တော်တော်များများနဲ့ မွေလျော်ခဲ့သူဖြစ်ပါတယ်။
စာဖတ်ခြင်းကိုတော့ အတော်အတန်လိုက်စားသူ ဦးကျော်ဟိန်းဟာ သရုပ်ဆောင်သင်တန်းကို စာစောင်တစ်ခုမှာတွေ့မြင်ခဲ့ရာက သရုပ်ဆောင်သင်တန်းတက်ဖြစ်ခဲ့ပြီး ပါရမီ ပါလာခဲ့လေတော့လည်း သင်တန်းကို အောင်မြင်ခဲ့ပါပြန်ပါတယ်။ အနုပညာ မျိုးရိုးက မရှိ၊ အခြေကြီးတဲ့ မျက်နာကြီးမိသားစုက လည်း မဟုတ်ပြန်တော့ မင်းသားလုပ်ခါစမှာ ဘယ်ထုတ်လုပ်ရေး ၊ဒါရိုက်တာကမှ ကမ်းလှမ်းခဲ့ခြင်းမရှိပဲ အဒေါ်ဖြစ်သူ ရဲ့ အဆက်အသွယ်နဲ့ ရုပ်ရှင်ကားတစ်ကားမှာ စတင် ရိုက်ကူးခွင့်ရရှိခဲ့ပြန်ပါတယ်။
တက်သစ်စ မင်းသားငယ်မို့ မန္တလေး ရိုက်ကွင်းထိ သွားရောက်သရုပ်ဆောင်ဖို့ရာ လမ်းစရိတ်ကို ဒါရိုက်တာက ထုတ်ပေးခဲ့ခြင်း မရှိခဲ့တဲ့အပေါ် ရထားလမ်းမှာ ပေရပ်နေတုန်း ခေါင်းဆောင် မင်းသမီးကြီးဖြစ်တဲ့ ဒေါ်စံရှားတင်က ရထားလက်မှတ်ဖိုး စိုက်ပေးခဲ့ကာ ကူညီပေးခဲ့ပြီး ဦးကျော်ဟိန်းရဲ့ ပထမဆုံး ကျေးဇူးရှင် ဖြစ်လာခဲ့ပါတယ်။ “ဟာ မာသားကြီးတို့ကလည်း လူချင်းတူတူပဲဗျ ။ပခုံးနှစ်ဖက်ကြားကခေါင်းပေါက်တာ နှာခေါင်းနဲ့အသက်ရှုတာ ” ဆိုတဲ့ ဒိုင်ယာလော့ စာသားတွေနဲ့ အတူ ချစ်သူပဲပြုတ်သည်လေးကိုမှ အချစ်ကြီးချစ်တဲ့ သူဌေးသားတစ်ယောက် အဖြစ် ပွဲဦးထွက် ရုပ်ရှင်မှာတင် ပရိသတ်တွေရဲ့ အကြိတ်အနယ် အားပေးခြင်းကို ခံခဲ့ရပြီး အချိန်တိုလေးအတွင်း အောင်မြင်တဲ့ သရုပ်ဆောင် မင်းသားတစ်လက်ဖြစ်လာခဲ့ပါတယ်။
ရုပ်ရှင်ရိုက်နေတုန်း မကြာခဏ ဆိုသလို ပျောက်ပျောက်သွားတတ်ပြီး အစ မပြတ်သေးတဲ့ ဘိန်း ကို ပြန်လည်ခိုးရှူခဲ့ရာက ဆရာသမားဖြစ်သူ ဦးဝင်းဖေ ရဲ့ အကြည့်နဲ့ ငြူစူမှုအပေါ် နောင်တရခဲ့ပြီး ဆရာကို ချစ်တဲ့ စိတ်နဲ့ ဆရာဝန်ရဲ့ အကူညီတောင် မပါပဲ ဘိန်းပြတ်အောင် ဖြတ်ခဲ့ပါတယ်။ မှားမှန်းသိလျှက်နဲ့ ဆက်လုပ်နေမိတဲ့ အချိန်တိုင်းမှာ မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ရပြီး ဘဝကို အကောင်းဆုံးပြုပြင်ပြောင်းလဲခဲ့ကာ လူတွေ အပေါ်မှာ အကျိုးပြုမဲ့ သဘာဝဆန်ဆန်၊ ပညာပေးဆန်ဆန် ရုပ်ရှင်တော်တော်များများကို ရိုက်ကူးခဲ့သလို (၁၉၆၇) ခုနှစ် မှ (၂၀၀၈) ခုနှစ် အထိ နှစ်ပေါင်း(၄၁) နှစ် အတွင်း ရုပ်ရှင်ကားပေါင်း (၂၂၂)ကား ၊ ဗီဒီယို ကားပေါင်း (၃၆၂) ကားအပြင် သီချင်းခွေပေါင်း (၁၄) ခွေထုတ်ဝေခဲ့ပြီး ထိုခေတ် ထိုအခါက ဦးကျော်ဟိန်းရဲ့ စကား ပြောဟန် ၊သီချင်း ဆိုဟန် နဲ့ အမူအရာတွေဟာ အရမ်းကို ရေပန်းစားခဲ့ပါတယ်။
ငယ်စဉ်ကတည်းက ပညာရေးက ဆုံးခန်းမတိုင် ၊ ရည်မှန်းချက် မရှိ၊ ဖဲရိုက် ဘိန်းရှူခဲ့တဲ့ ခပ်ဆိုးဆိုး လူငယ်လေးတစ်ယောက်ဟာ နိုင်ငံကျော်တဲ့ သရုပ်ဆောင် မင်းသား ၊ အဆိုတော်တစ်ယောက် ဖြစ်လာခဲ့မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြသလို ဘဝမှာ ဘယ်လောက်ပင် နာမည်ဆိုး ၊ အမဲစက် ရှိစေကာမူ အမှန်ကို သိတဲ့ စိတ်နဲ့ အကောင်းဆုံးပြုပြင်နိုင်ခဲ့တဲ့ ဦးကျော်ဟိန်းဟာ ဘဝရဲ့ အသက်အရွယ် အတိုင်းအတာတစ်ခုမှာတော့ ခေါင်းချတဲ့ထိ မြင့်မြတ်သော ရဟန်းဘဝအဖြစ် ကုန်ဆုံးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရဟန်း ဘွဲ့ အမည်ဦး ကိတ္တိသာရအဖြစ် အမေရိက တွင် သီတင်းသုံးနေထိုင်လျှက်ရှိပြီး တစ်ချိန်က မင်းသားကြီး ဦးကျော်ဟိန်းရဲ့ ဘ၀ ဇာတ်ကြောင်း တစ်စေ့တစ်စောင်းပုံရိပ်တွေမှာ အမှားမကင်းဖူးတဲ့ ယနေ့ခေတ် လူငယ်တွေတိုင်း အတုယူ ပြင်ဆင်သင့်သလို ဝါသနာပါရာ အလုပ်တစ်ခု သို့မဟုတ် လမ်းကြောင်းမှန်တစ်ခုကို တစိုက်မတ်မတ်လုပ်ဆောင်ပြီး ကြိုးစားဖို့ပါပဲ…။
Source: wikipedia
Khin Mi Mi- CeleGabar