“သမီးလေးတွေကို ကျောင်းပို့ပြီးအပြန်အလွဲလေးတွေ ဖြစ်သွားခဲ့တာကို ပရိသတ်ကို ပြန်လည်ဝေမျှလိုက်တဲ့ နန္ဒာလှိုင်”
celegabar.com
|
2019-08-28



နန္ဒာလှိုင်ကတော့ ကိုယ်လုံးကိုယ်ပေါက်လှလွန်းရုံသာမက ချစ်စရာကောင်းလွန်းလှတဲ့ မျက်နှာသွင်ပြင်တို့ကြောင့် တစ်ခတ်တစ်ခါနာမည်ကျော်ကြားခဲ့တဲ့ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ ( ၁၉၉၈) ခုနှစ်မှာ ” ရွှေနံ့သာစံအိမ် “ဇာတ်မှာအကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုကို ရရှိခဲ့ပြီး (၂၀၀၆ ) ခုနှစ်တွင်အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့သူပဲ ဖြစ်ပါတယ်။ပရိသတ်တွေ လွန်စွာချစ်ရတဲ့ မင်းသားတွေဖြစ်တဲ့ ဒွေး၊နိုင်းနိုင်းတို့နဲ့အတွဲညီခဲ့တဲ့ မင်းသမီးတစ်လက်လို့ ဆိုရမှာပါ။(၂၀၀၈) ခုနှစ် မေလတွင် လက်ထပ်ခဲ့အိမ်ထောင်ပြုပြီးနောက်မှာအနုပညာအလုပ်တွေကိုလုံးဝ ရပ်နားခဲ့တာပဲ ဖြစ်ပါတယ်။





နန္ဒာလှိုင်ဟာအိမ်ထောင်ကျသွားပြီးနောက်ပိုင်းအနုပညာအလုပ်တွေကို နားထားခဲ့ပေမယ့် သူမရဲ့လူမှုကွန်ရက်မှာ ယနေ့ထိ ပရိသတ်တွေရဲ့အားပေးမှုကိုအခိုင်အမာ ရရှိထားသူလည်း ဖြစ်ပါတယ်။သူမရဲ့အိမ်ထောင်ရေးကတော့ သမီးလေး( ၃) ယောက်ရတဲ့အထိအရမ်းချစ်ပေးကာ ရိုမန့်တစ်ဆန်လွန်းတဲ့ ခင်ပွန်းကိုပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။နန္ဒာလှိုင်ဟာ ခင်ပွန်းဖြစ်သူနဲ့အတူ ဘုရားတည်၊ ကျောင်းဆောက်တာတွေမှာ ပါဝင်ကုသိုလ်ယူဖြစ်သလိုအခြား ပရဟိတလုပ်ငန်းတွေမှာလည်း ပါဝင်ဆောင်ရွက်လျက်ရှိတာပဲ ဖြစ်ပါတယ်။





လက်ရှိမှာတော့ သူမရဲ့မိသားစု ပုံစံလေးကို ပရိသတ်တွေကိုချပြလေ့ရှိပြီး ဘယ်ရောက်နေကြောင်း ဘာလုပ်နေကြောင်းကို ပရိသတ်တွေကိုအမြဲ ဝေမျှလေ့ရှိတာပဲ ဖြစ်ပါတယ်။အရှိကိုအရှိတိုင်း ဖော်ပြတတ်တဲ့ သူမကို ပရိသတ်တွေကအခုချိန်ထိအားပေးဆဲပဲ ဖြစ်ပါတယ်။” ကလေးကျောင်းပို့ပြီးအပြန်မုန့်ဝင်ဝယ်တာပိုက်ဆံရှင်းခါနီးအိတ်ကိုဖွင့်ကြည့်တော့ ” ဆိုပြီး ပိုက်ဆံအကြွေလေး တွေပဲပါလာတဲ့အလွဲလေးကိုပြောပြထားတာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးလည်း ပွင့်လင်းလွန်းတဲ့ နန္ဒာလှိုင်ကို ချစ်ရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။




Source : Nandar Hlaing
Shwe Poe – CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

“သမီးလေးတွေကို ကျောင်းပို့ပြီး အပြန် အလွဲလေးတွေ ဖြစ်သွားခဲ့တာကို ပရိသတ်ကို ပြန်လည်ဝေမျှလိုက်တဲ့ နန္ဒာလှိုင်”

နန္ဒာလှိုင်ကတော့ ကိုယ်လုံးကိုယ်ပေါက်လှလွန်းရုံသာမက ချစ်စရာကောင်းလွန်းလှတဲ့ မျက်နှာသွင်ပြင်တို့ကြောင့် တစ်ခတ်တစ်ခါနာမည်ကျော်ကြားခဲ့တဲ့ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ ( ၁၉၉၈) ခုနှစ်မှာ ” ရွှေနံ့သာစံအိမ် “ဇာတ်မှာ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို ရရှိခဲ့ပြီး (၂၀၀၆ ) ခုနှစ်တွင် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့သူပဲ ဖြစ်ပါတယ်။ပရိသတ်တွေ လွန်စွာချစ်ရတဲ့ မင်းသားတွေဖြစ်တဲ့ ဒွေး၊နိုင်းနိုင်းတို့နဲ့ အတွဲညီခဲ့တဲ့ မင်းသမီးတစ်လက်လို့ ဆိုရမှာပါ။(၂၀၀၈) ခုနှစ် မေလတွင် လက်ထပ်ခဲ့အိမ်ထောင်ပြုပြီးနောက်မှာ အနုပညာအလုပ်တွေကိုလုံးဝ ရပ်နားခဲ့တာပဲ ဖြစ်ပါတယ်။

နန္ဒာလှိုင်ဟာ အိမ်ထောင်ကျသွားပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို နားထားခဲ့ပေမယ့် သူမရဲ့လူမှုကွန်ရက်မှာ ယနေ့ထိ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားသူလည်း ဖြစ်ပါတယ်။သူမရဲ့အိမ်ထောင်ရေးကတော့ သမီးလေး( ၃) ယောက်ရတဲ့အထိ အရမ်းချစ်ပေးကာ ရိုမန့်တစ်ဆန်လွန်းတဲ့ ခင်ပွန်းကိုပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။နန္ဒာလှိုင်ဟာ ခင်ပွန်းဖြစ်သူနဲ့အတူ ဘုရားတည်၊ ကျောင်းဆောက်တာတွေမှာ ပါဝင်ကုသိုလ်ယူဖြစ်သလို အခြား ပရဟိတလုပ်ငန်းတွေမှာလည်း ပါဝင်ဆောင်ရွက်လျက်ရှိတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ သူမရဲ့မိသားစု ပုံစံလေးကို ပရိသတ်တွေကိုချပြလေ့ရှိပြီး ဘယ်ရောက်နေကြောင်း ဘာလုပ်နေကြောင်းကို ပရိသတ်တွေကိုအမြဲ ဝေမျှလေ့ရှိတာပဲ ဖြစ်ပါတယ်။အရှိကိုအရှိတိုင်း ဖော်ပြတတ်တဲ့ သူမကို ပရိသတ်တွေက အခုချိန်ထိ အားပေးဆဲပဲ ဖြစ်ပါတယ်။” ကလေးကျောင်းပို့ပြီး အပြန်မုန့်ဝင်ဝယ်တာပိုက်ဆံရှင်းခါနီး အိတ်ကိုဖွင့်ကြည့်တော့ ” ဆိုပြီး ပိုက်ဆံအကြွေလေး တွေပဲပါလာတဲ့ အလွဲလေးကိုပြောပြထားတာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးလည်း ပွင့်လင်းလွန်းတဲ့ နန္ဒာလှိုင်ကို ချစ်ရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။


Source : Nandar Hlaing
Shwe Poe – CeleGabar




Some text some message..