ပရိသတ်တွေချစ်ကြတဲ့ ရုပ်သံဇာတ်လမ်းတွဲမင်းသား တစ်လက်ဖြစ်တဲ့ ဟိန်းထက်ကတော့အားပေးသူ ပရိသတ်အခိုင်အမာ ရရှိထားသူလည်းဖြစ်ပြီး သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်သံဇာတ်လမ်းတွဲတိုင်းက ပရိသတ်တွေကြား တော်တော်လေး နာမည်ကြီးပြီး လူကြိုက်များခဲ့တာကို တွေ့ရပါတယ်။ဟိန်းထက်ကတော့ “မမထိပ်နှင့်အမွှေစံအိမ်” ရုပ်သံဇာတ်လမ်းတွဲကြီးမှာတော့အဆိုတော်ဖြစ်ရန်အတွက်အမွေအမြဲတမ်းတောင်းနေတတ်တဲ့ ဂျစ်ကန်ကန်ကောင်လေး “ဖိုးထူး” ဆိုတဲ့ ဇာတ်ကောင်နဲ့ ပရိသတ်တွေရဲ့ စတင်အားပေးမှုရရှိခဲ့ပါတယ်။
“အရိပ်” ရုပ်သံဇာတ်ကားကြီးမှာလည်းအဓိကကျတဲ့ ခေါင်းဆောင်မင်းသားနေရာဖြစ်တဲ့ “ညီလင်းညို”ဆိုတဲ့ ဇာတ်ကောင်နေရာ မှအကောင်းဆုံးသရုပ်ဆောင်ထားပြီး ရဲဝန်ထမ်း ကာရိုက်တာနဲ့လိုက်ဖက်လွန်းတာကြောင့် နှုတ်ခမ်းနီမလေးတွေကြား သည်းသည်းလှုပ်အားပေးမှုကိုရရှိခဲ့ပါတယ်။ လတ်တလော ပရိသတ်တွေကြားရေပန်းစားနေတဲ့ “ငွေစက္ကူ (၇)ရွက်” ရုပ်သံဇာတ်လမ်းမှာဆိုရင်လည်း “ကိုအောင်ဝေ” ဆိုတဲ့ ဇာတ်ကောင်နဲ့ ပရိသတ်တွေရဲ့အားပေးမှုကို ထပ်မံသိမ်းပိုက်ထားပြီး သူပါဝင်သရုပ်ဆောင်ထားတဲ့ “တတိယမြောက် ဆုံမှတ်” ရုပ်သံဇာတ်လမ်းတွဲကြီးဟာ MRTV 4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်တော့မှာ ဖြစ်ပါတယ်။
မကြာမီမှာ စတင်ရိုက်ကူးတော့မည့် စာရေးဆရာမကြီး မစန္ဒာရဲ့ “ဂျီဟောသူ” ရုပ်သံဇာတ်လမ်းတွဲကြီးမှာအဓိကဇာတ်ကောင်တစ်ခုဖြစ်တဲ့ “ကိုရင်မောင်” ဆိုတဲ့ ကာရိုက်တာသစ်နဲ့ မြင်တွေ့ရတော့မှာဖြစ်ပြီး “ကိုယ်က ကိုရင်မောင်ဆို ကိုယ့်ရဲ့မမယ်မက” လို့ သူရဲ့ လူမှုကွန်ရက် စာမျက်နာမှ မမယ်မရှာပုံတော်ဖွင့်လိုက်တာကို CeleGabar ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။
Source: Hein Htet
DarDar@CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်
“မမယ်မ ရှာပုံတော်ဖွင့်လိုက်တဲ့ ဟိန်းထက် ”
ပရိသတ်တွေချစ်ကြတဲ့ ရုပ်သံဇာတ်လမ်းတွဲမင်းသား တစ်လက်ဖြစ်တဲ့ ဟိန်းထက်ကတော့ အားပေးသူ ပရိသတ်အခိုင်အမာ ရရှိထားသူလည်းဖြစ်ပြီး သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်သံဇာတ်လမ်းတွဲတိုင်းက ပရိသတ်တွေကြား တော်တော်လေး နာမည်ကြီးပြီး လူကြိုက်များခဲ့တာကို တွေ့ရပါတယ်။ဟိန်းထက်ကတော့ “မမထိပ်နှင့်အမွှေစံအိမ်” ရုပ်သံဇာတ်လမ်းတွဲကြီးမှာတော့ အဆိုတော်ဖြစ်ရန်အတွက် အမွေအမြဲတမ်းတောင်းနေတတ်တဲ့ ဂျစ်ကန်ကန်ကောင်လေး “ဖိုးထူး” ဆိုတဲ့ ဇာတ်ကောင်နဲ့ ပရိသတ်တွေရဲ့ စတင် အားပေးမှုရရှိခဲ့ပါတယ်။
“အရိပ်” ရုပ်သံဇာတ်ကားကြီးမှာလည်း အဓိကကျတဲ့ ခေါင်းဆောင်မင်းသားနေရာဖြစ်တဲ့ “ညီလင်းညို”ဆိုတဲ့ ဇာတ်ကောင်နေရာ မှ အကောင်းဆုံးသရုပ်ဆောင်ထားပြီး ရဲဝန်ထမ်း ကာရိုက်တာနဲ့လိုက်ဖက်လွန်းတာကြောင့် နှုတ်ခမ်းနီမလေးတွေကြား သည်းသည်းလှုပ်အားပေးမှုကိုရရှိခဲ့ပါတယ်။ လတ်တလော ပရိသတ်တွေကြားရေပန်းစားနေတဲ့ “ငွေစက္ကူ (၇)ရွက်” ရုပ်သံဇာတ်လမ်းမှာဆိုရင်လည်း “ကိုအောင်ဝေ” ဆိုတဲ့ ဇာတ်ကောင်နဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ထပ်မံသိမ်းပိုက်ထားပြီး သူပါဝင်သရုပ်ဆောင်ထားတဲ့ “တတိယမြောက် ဆုံမှတ်” ရုပ်သံဇာတ်လမ်းတွဲကြီးဟာ MRTV 4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်တော့မှာ ဖြစ်ပါတယ်။
မကြာမီမှာ စတင်ရိုက်ကူးတော့မည့် စာရေးဆရာမကြီး မစန္ဒာရဲ့ “ဂျီဟောသူ” ရုပ်သံဇာတ်လမ်းတွဲကြီးမှာ အဓိကဇာတ်ကောင်တစ်ခုဖြစ်တဲ့ “ကိုရင်မောင်” ဆိုတဲ့ ကာရိုက်တာသစ်နဲ့ မြင်တွေ့ရတော့မှာဖြစ်ပြီး “ကိုယ်က ကိုရင်မောင်ဆို ကိုယ့်ရဲ့မမယ်မက” လို့ သူရဲ့ လူမှုကွန်ရက် စာမျက်နာမှ မမယ်မရှာပုံတော်ဖွင့်လိုက်တာကို CeleGabar ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။