တစ်ချိန်ကပရိသတ်တွေအသည်းစွဲဖြစ်ခဲ့ဖူးတဲ့အမျိုးသမီးကေပေါပ့်အဖွဲ့(၃)ဖွဲ့
celegabar.com
|
2019-08-29



တောင်ကိုရီးယားအဆိုတော်အဖွဲ့တွေဟာကမ္ဘာနဲ့အဝှမ်းအောင်မြင်မှုရထားတာပါ။လက်ရှိအချိန်မှာလည်း “BTS” “Blackpink” “Exo” “Twice” စတဲ့အဖွဲ့တွေဟာ လျှမ်းလျှမ်းတောက်အောင်မြင်နေတာပါ။ကေပေါပ့်လောကရဲ့အောင်မြင်မှုဟာတော့ (၁၀)စုနှစ်(၂)စုကျော်ရှိနေပါပြီ။

မြန်မာပရိသတ်တွေကြားထဲမှာပါရေပန်းစားခဲ့သလို ကမ္ဘာနဲ့အဝှမ်းအောင်မြင်ခဲ့တဲ့အမျိုးသမီးကေပေါပ့်အဖွဲ့တွေရှိပါတယ်။အဲ့ဒီအထဲကမှ တစ်ချိန်ကပရိသတ်တွေအသည်းစွဲဖြစ်ခဲ့ဖူးတဲ့အဖွဲ့(၃)ဖွဲ့ကတော့

T-ara




T-ara တောင်ကိုရီးယားရဲ့ ကေပေါပ့်အဖွဲ့တွေထဲမှာအလွန်အောင်မြင်ခဲ့တဲ့အဖွဲ့တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် “Roly-Poly” “Day By Day” စတဲ့သီချင်းတွေဟာအတော်လေး လူကြိုက်များခဲ့ပါတယ်။ကေပေါပ့်ပရိသတ်မဟုတ်တဲ့သူတွေတောင်မှနားရည်ဝခဲ့တဲ့သီချင်းတွေလည်းဖြစ်ပါတယ်။ T-ara ဟာ (၂၀၀၉)ခုနှစ်မှာအဖွဲ့ဝင်(၆)ယောက်နဲ့စတင်ဖွဲ့စည်းခဲ့ပေမဲ့အဖွဲ့ဖျက်သိမ်းတဲ့(၂၀၁၇) မှာအဖွဲ့ဝင်(၄)ယောက်သာကျန်တော့တာဖြစ်ပါတယ်။အဖွဲ့ဖျက်သိမ်းသွားပေမဲ့ သူတို့ရဲ့သီချင်းတွေဟာ ပရိသတ်တွေရင်ထဲမှာ စွဲထင်ကျန်နေတုန်းပါပဲ။

Sistar




ကေပေါပ့်ကိုစတင်သိစေခဲ့တဲ့အဖွဲ့တွေထဲမှာ Sistarအဖွဲ့လည်းပါဝင်ပါတယ်။ ဆွဲဆောင်မှုအပြည့်နဲ့ဖမ်းစားနိုင်တဲ့အဖွဲ့ဝင် Bora နဲ့ Hyolyn တို့ စတင်ဖွဲစ့ည်းပြီး Sistar19အဖွဲ့အနေနဲ့ပရိသတ်ရှေ့ကိုစတင်ရောက်ရှိခဲ့ပါတယ်။သူမတို့နှစ်ဦးနဲ့အတူ Soyou နဲ့ Dasom တို့ထပ်မံပါဝင်ပြီး Sistarအဖွဲ့အဖြစ်စတင်ဖွဲ့စည်းခဲ့ပါတယ်။အလွန်ကျော်ကြားခဲ့တဲ့ ”So Cool” “Touch My Body” စတဲ့သီချင်းတွေနဲ့လည်း ပြည်ပကပရိသတ်များစွာကိုရရှိထားပါတယ်။ Sistarအဖွဲ့ကို (၂၀၁၀)မှာစတင်ဖွဲ့စည်းခဲ့ပြီး (၂၀၁၇)မှာဖျက်သိမ်းကြောင်းကြေငြာခဲ့ပါတယ်။

2NE1




2NE1အဖွဲ့မှာဆိုရင် တစ်ယောက်တစ်မျိုးစီထူးချွန်ကြတဲ့ CL ၊ Minzy ၊ Park Bom နဲ့ Dara တို့ပါဝင်ပါတယ်။2NE1 ရဲ့ “Lonely” “Come Back Home” နဲ့ “I Am The Best” စတဲ့သီချင်းတွေဟာ ဝက်ဝက်ကွဲအောင်မြင်ခဲ့သလိုအခုအချိန်ထိလည်း ပရိသတ်တွေကြိုက်နှစ်သက်နေကြတုန်းပါပဲ။နိုင်ငံတကာပရိသတ်အခိုင်အမာရထားတဲ့2NE1ဟာအမျိုးသမီးကေပေါပ့်အဖွဲ့တွေထဲမှာအအောင်မြင်ဆုံးအဖွဲ့တစ်ခုအဖြစ်လည်းသတ်မှတ်ခြင်း ခံထားရတာဖြစ်ပါတယ်။YG Entertainment ကနေမွေးထုတ်လိုက်တဲ့ ဒီအဖွဲ့ဟာ (၂၀၀၉) မှာစတင်ဖွဲ့စည်းခဲ့ပြီး (၂၀၁၆) ခုနှစ်မှာဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။

Ref:Wekipedia

Sweet – CeleGabar

ယူနီကုဒ်ဖြင့်ဖတ်ရန်



တစ်ချိန်ကပရိသတ်တွေအသည်းစွဲဖြစ်ခဲ့ဖူးတဲ့ အမျိုးသမီးကေပေါပ့်အဖွဲ့(၃)ဖွဲ့
တောင်ကိုရီးယားအဆိုတော်အဖွဲ့တွေဟာကမ္ဘာနဲ့အဝှမ်းအောင်မြင်မှုရထားတာပါ။
လက်ရှိအချိန်မှာလည်း “BTS” “Blackpink” “Exo” “Twice” စတဲ့အဖွဲ့တွေဟာ လျှမ်းလျှမ်းတောက်အောင်မြင်နေတာပါ။ကေပေါပ့်လောကရဲ့အောင်မြင်မှုဟာတော့ (၁၀)စုနှစ်(၂)စုကျော်ရှိနေပါပြီ။
မြန်မာပရိသတ်တွေကြားထဲမှာပါရေပန်းစားခဲ့သလို ကမ္ဘာနဲ့အဝှမ်းအောင်မြင်ခဲ့တဲ့ အမျိုးသမီးကေပေါပ့်အဖွဲ့တွေရှိပါတယ်။အဲ့ဒီအထဲကမှ တစ်ချိန်ကပရိသတ်တွေအသည်းစွဲဖြစ်ခဲ့ဖူးတဲ့ အဖွဲ့(၃)ဖွဲ့ကတော့
T-ara


T-ara တောင်ကိုရီးယားရဲ့ ကေပေါပ့်အဖွဲ့တွေထဲမှာ အလွန်အောင်မြင်ခဲ့တဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် “Roly-Poly” “Day By Day” စတဲ့သီချင်းတွေဟာ အတော်လေး လူကြိုက်များခဲ့ပါတယ်။ကေပေါပ့်ပရိသတ်မဟုတ်တဲ့သူတွေတောင်မှနားရည်ဝခဲ့တဲ့သီချင်းတွေလည်းဖြစ်ပါတယ်။ T-ara ဟာ (၂၀၀၉)ခုနှစ်မှာ အဖွဲ့ဝင်(၆)ယောက်နဲ့စတင်ဖွဲ့စည်းခဲ့ပေမဲ့ အဖွဲ့ဖျက်သိမ်းတဲ့(၂၀၁၇) မှာ အဖွဲ့ဝင်(၄)ယောက်သာကျန်တော့တာဖြစ်ပါတယ်။ အဖွဲ့ဖျက်သိမ်းသွားပေမဲ့ သူတို့ရဲ့သီချင်းတွေဟာ ပရိသတ်တွေရင်ထဲမှာ စွဲထင်ကျန်နေတုန်းပါပဲ။
Sistar


ကေပေါပ့်ကိုစတင်သိစေခဲ့တဲ့အဖွဲ့တွေထဲမှာ Sistarအဖွဲ့လည်းပါဝင်ပါတယ်။ ဆွဲဆောင်မှုအပြည့်နဲ့ဖမ်းစားနိုင်တဲ့ အဖွဲ့ဝင် Bora နဲ့ Hyolyn တို့ စတင်ဖွဲစ့ည်းပြီး Sistar19 အဖွဲ့အနေနဲ့ပရိသတ်ရှေ့ကိုစတင်ရောက်ရှိခဲ့ပါတယ်။သူမတို့နှစ်ဦးနဲ့အတူ Soyou နဲ့ Dasom တို့ထပ်မံပါဝင်ပြီး Sistar အဖွဲ့အဖြစ်စတင်ဖွဲ့စည်းခဲ့ပါတယ်။အလွန်ကျော်ကြားခဲ့တဲ့ ”So Cool” “Touch My Body” စတဲ့သီချင်းတွေနဲ့လည်း ပြည်ပကပရိသတ်များစွာကိုရရှိထားပါတယ်။ Sistar အဖွဲ့ကို (၂၀၁၀)မှာစတင်ဖွဲ့စည်းခဲ့ပြီး (၂၀၁၇)မှာဖျက်သိမ်းကြောင်းကြေငြာခဲ့ပါတယ်။
2NE1

2NE1 အဖွဲ့မှာဆိုရင် တစ်ယောက်တစ်မျိုးစီထူးချွန်ကြတဲ့ CL ၊ Minzy ၊ Park Bom နဲ့ Dara တို့ပါဝင်ပါတယ်။2NE1 ရဲ့ “Lonely” “Come Back Home” နဲ့ “I Am The Best” စတဲ့သီချင်းတွေဟာ ဝက်ဝက်ကွဲအောင်မြင်ခဲ့သလို အခုအချိန်ထိလည်း ပရိသတ်တွေကြိုက်နှစ်သက်နေကြတုန်းပါပဲ။နိုင်ငံတကာပရိသတ်အခိုင်အမာရထားတဲ့2NE1ဟာ အမျိုးသမီးကေပေါပ့်အဖွဲ့တွေထဲမှာ အအောင်မြင်ဆုံးအဖွဲ့တစ်ခုအဖြစ်လည်းသတ်မှတ်ခြင်း ခံထားရတာဖြစ်ပါတယ်။YG Entertainment ကနေမွေးထုတ်လိုက်တဲ့ ဒီအဖွဲ့ဟာ (၂၀၀၉) မှာစတင်ဖွဲ့စည်းခဲ့ပြီး (၂၀၁၆) ခုနှစ်မှာဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။




Some text some message..