တစ်ချိန်က ကလေးတွေရဲ့ ငယ်ဘ၀အားလပ်ချိန်ကိုအပိုင်ယူလွှမ်းထားနိုင်တဲ့ စာအုပ်စာပေကောင်းဖြစ်တဲ့ “မြိုင်ရာဇာ တွတ်ပီ” ကာတွန်းဟာ ကလေး ၊လူငယ်တွေသာမက လူကြီးတွေပါ ကြိုက်နှစ်ခြိုက်စွာ ဖတ်ရှူရတဲ့ စွန့်စားခန်း နဲ့ ဟာသ ဆန်ဆန်ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး သုတ နဲ့ ရသ နှစ်မျိုးလုံးကို ပေးစွမ်းနိုင်တာပါ။ ကာတွန်းဇာတ်ကောင်ကို ဖန်တီးခဲ့တဲ့ ဆရာ ကို ဆွေမင်း(ဓနုဖြူ) ကတော့ ကွယ်လွန်သွားခဲ့ပြီဖြစ်သော်လည်း ကျန်ရစ်ခဲ့တဲ့ ဇနီးသည်အန်တီမို့မို့ဆန် က ဆက်လက် တာဝန်ယူကာ တွတ်ပီ ပရိသတ်များကို မျက်ခြေမပြတ်စေရန် စာအုပ်များကို ဆက်လက်ထုတ်ဝေပေးခဲ့တာလည်းဖြစ်ပါတယ်။
လူကြိုက်များလှတဲ့ မြိုင်ရာဇာ တွတ်ပီ ကာတွန်းဇာတ်လမ်းထဲက ဇာတ်ကောင်များကို မြန်မာရုပ်ရှင်လောကမှ ထုတ်လုပ်ရေးနဲ့ ဒါရိုက်တာများက ပြန်လည်ဝယ်ယူကာ ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းကာ စုစုပေါင်း ရုပ်ရှင်ဇာတ်ကားပေါင်း (၅)ကားတိတိ ရိုက်ကူးခဲ့ပြီးနောက်မှာတော့ ရုပ်ရှင်ရဲ့အရည်အသွေး နဲ့ ဖန်တီးတင်ဆက်မှုများကို သဘောမကျတာကြောင့် ဆက်လက်ရိုက်ကူးခွင့်မပြုတော့ဘူးလို့အန်တီ မို့က ခုလို ဆိုထားပါတယ်။မြိုင်ရာဇာ တွတ်ပီ ဇာတ်လမ်းနဲ့ ပတ်သက်လို့ ရုပ်ရှင်ထွက်ရှိဖို့ မရှိသော်လည်း မကြာခင် မှာ 3D Animation နဲ့ ဖန်တီးထားတဲ့ ကာတွန်းဇာတ်ကား ထွက်ရှိဖို့ရှိကြောင်းအန်တီမို့က ဆိုလာခဲ့ပါတယ်။
“ဂျပန်ရတနာသိုက်” ဆိုတဲ့ ဇာတ်လမ်းကို 3D Animation နည်းပညာနဲ့ ပဲခူးက လူငယ်လေးတစ်ယောက်က သူ့ရဲ့ ကိုယ်ပိုင်အလုပ်ကို ထွက်ကာ ရုပ်ထွက်နဲ့အရည်အသွေးကောင်းဖို့အတွက်အသေးစိတ် ဖြစ်အောင်ဖန်တီးနေသလိုအကုန်လုံးနီးပါးပြီးသလောက် ရှိနေပြီဖြစ်သော်လည်း တစ်ယောက်တည်း ဖန်တီးရတာမို့ လိုအပ်ချက်တချို့ နဲ့ ထောက်ပံ့မှုတွေ လိုအပ်နေပြီၤးအသံသွင်းဖို့ တစ်ခုသာကျန်သောကြောင်းအန်တီမို့က ခုလိုပဲ ပြောပြလာပါတယ်။ ကလေး တွနဲ့ လူကြီးတွေကိုအပန်းဖြေဖို့ ရာ 3D-ကာတွန်း မကြာခင်မှာ ထွက်ရှိလာတော့မှာဖြစ်သလိုအားလုံးစိတ်ဝင်စားနေမှာဖြစ်တဲ့ ဒီကာတွန်းရဲ့အကြမ်းထည် Video လေးကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ရပါတယ်နော်…။
Source:Exclusive on CeleGabar
Khin Mi Mi@CeleGabar
ယူနီကုဒ်နဲ့ ဖတ်ရန်
မြိုင်ရာဇာတွတ်ပီကို ရုပ်ရှင်ရိုက်ကူးခွင့်မပြုထားပေမဲ့ 3D-ကာတွန်းထွက်လာဖို့ရှိတဲ့ဆိုတဲ့ ဆရာဆွေမင်းရဲ့ ဇနီး မို့မို့ဆန်
တစ်ချိန်က ကလေးတွေရဲ့ ငယ်ဘ၀ အားလပ်ချိန်ကို အပိုင်ယူလွှမ်းထားနိုင်တဲ့ စာအုပ်စာပေကောင်းဖြစ်တဲ့ “မြိုင်ရာဇာ တွတ်ပီ” ကာတွန်းဟာ ကလေး ၊လူငယ်တွေသာမက လူကြီးတွေပါ ကြိုက်နှစ်ခြိုက်စွာ ဖတ်ရှူရတဲ့ စွန့်စားခန်း နဲ့ ဟာသ ဆန်ဆန်ဇာတ်လမ်း အမျိုးအစားဖြစ်ပြီး သုတ နဲ့ ရသ နှစ်မျိုးလုံးကို ပေးစွမ်းနိုင်တာပါ။ ကာတွန်းဇာတ်ကောင်ကို ဖန်တီးခဲ့တဲ့ ဆရာ ကို ဆွေမင်း(ဓနုဖြူ) ကတော့ ကွယ်လွန်သွားခဲ့ပြီဖြစ်သော်လည်း ကျန်ရစ်ခဲ့တဲ့ ဇနီးသည် အန်တီမို့မို့ဆန် က ဆက်လက် တာဝန်ယူကာ တွတ်ပီ ပရိသတ်များကို မျက်ခြေမပြတ်စေရန် စာအုပ်များကို ဆက်လက်ထုတ်ဝေပေးခဲ့တာလည်းဖြစ်ပါတယ်။
လူကြိုက်များလှတဲ့ မြိုင်ရာဇာ တွတ်ပီ ကာတွန်းဇာတ်လမ်းထဲက ဇာတ်ကောင်များကို မြန်မာရုပ်ရှင်လောကမှ ထုတ်လုပ်ရေးနဲ့ ဒါရိုက်တာများက ပြန်လည်ဝယ်ယူကာ ရုပ်ရှင်အဖြစ် ပြန်လည် အသက်သွင်းကာ စုစုပေါင်း ရုပ်ရှင်ဇာတ်ကားပေါင်း (၅)ကားတိတိ ရိုက်ကူးခဲ့ပြီးနောက်မှာတော့ ရုပ်ရှင်ရဲ့ အရည်အသွေး နဲ့ ဖန်တီးတင်ဆက်မှုများကို သဘောမကျတာကြောင့် ဆက်လက်ရိုက်ကူးခွင့်မပြုတော့ဘူးလို့ အန်တီ မို့က ခုလို ဆိုထားပါတယ်။မြိုင်ရာဇာ တွတ်ပီ ဇာတ်လမ်းနဲ့ ပတ်သက်လို့ ရုပ်ရှင်ထွက်ရှိဖို့ မရှိသော်လည်း မကြာခင် မှာ 3D Animation နဲ့ ဖန်တီးထားတဲ့ ကာတွန်းဇာတ်ကား ထွက်ရှိဖို့ရှိကြောင်း အန်တီမို့က ဆိုလာခဲ့ပါတယ်။
“ဂျပန်ရတနာသိုက်” ဆိုတဲ့ ဇာတ်လမ်းကို 3D Animation နည်းပညာနဲ့ ပဲခူးက လူငယ်လေးတစ်ယောက်က သူ့ရဲ့ ကိုယ်ပိုင် အလုပ်ကို ထွက်ကာ ရုပ်ထွက်နဲ့ အရည်အသွေးကောင်းဖို့ အတွက် အသေးစိတ် ဖြစ်အောင်ဖန်တီးနေသလို အကုန်လုံးနီးပါးပြီးသလောက် ရှိနေပြီဖြစ်သော်လည်း တစ်ယောက်တည်း ဖန်တီးရတာမို့ လိုအပ်ချက်တချို့ နဲ့ ထောက်ပံ့မှုတွေ လိုအပ်နေပြီၤး အသံသွင်းဖို့ တစ်ခုသာကျန်သောကြောင်း အန်တီမို့က ခုလိုပဲ ပြောပြလာပါတယ်။ ကလေး တွနဲ့ လူကြီးတွေကို အပန်းဖြေဖို့ ရာ 3D-ကာတွန်း မကြာခင်မှာ ထွက်ရှိလာတော့မှာဖြစ်သလို အားလုံးစိတ်ဝင်စားနေမှာဖြစ်တဲ့ ဒီကာတွန်းရဲ့ အကြမ်းထည် Video လေးကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ရပါတယ်နော်…။
Source:Exclusive on CeleGabar
Khin Mi Mi@CeleGabar