ပရိသတ်တွေနဲ့အနုပညာရှင်တွေက ချစ်စနိုးနဲ့အန်ကယ်လေးလို့ ခေါ်ဆိုကြတဲ့ လူမင်းကတော့အနုပညာလောကမှာအောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ထားကာ (၁၉၈၇) ခုနှစ်ကတည်းကအနုပညာလောကကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီးအကယ်ဒမီ (၃)ဆု ရယူထားနိုင်တဲ့ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်လည်းဖြစ်ပါတယ်။ (၂၀၀၂)ခုနှစ်မှာ “ရွှေမှုန်ကြဲတဲ့ မိုးကောင်းကင်”ရုပ်ရှင်ဇာတ်ကားကြီးနဲ့အကောင်းဆုံးအမျိုးသားဇာတ်ဆောင်အကယ်ဒမီဆုကြီးကို ရရှိခဲ့ပါတယ်။
လူမင်းဟာ “ကျန်စစ်သား”ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ တစ်ဦးအနေနဲ့ ရိုက်ကူးခဲ့ပြီး နောက်ထပ်အကယ်ဒမီဆုကြီး ကိုရရှိပိုင်ဆိုင်ထားတဲ့အပြင် (၂၀၁၆)ခုနှစ်မှာ “ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနဲ့ မြိုင်ရာဇာတာတေ” ဇာတ်ကားကြီးနဲ့အကယ်ဒမီဆုကြီးကို ထပ်မံရရှိထားတဲ့အကယ်ဒမီများရှင် နိုင်ငံကျော်သရုပ်ဆောင်တစ်ဦးပဲဖြစ်ပါတယ်။လက်ရှိမှာလည်း ပရိသတ်ရဲ့ စိတ်ဝင်းတစားစောင့်ကြည့်မှုခံနေရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးမည့် ဗိုလ်ချုပ်ရုပ်ရှင်ကို ဦးဆောင်ရိုက်ကူးသွာဖို့ကို လုံးပန်းနေတာလည်းဖြစ်ပါတယ်။
လူမင်းကတော့ ဒါရိုက်တာတစ်ဦးသာမက မင်းသားတစ်ယောက်အနေနဲ့ပါ ပါဝင်ရိုက်ကူးထားတဲ့ “ညစ်တွန်း” ရုပ်ရှင်ဇာတ်ကားကြီးကတော့ စက်တင်ဘာလ (၁၉) ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ပြီး ထိုဇာတ်ကားကြီးမှာတော့အဓိကဇာတ်ကောင် Taxi မောင်းဆရာ “ဇော်ထက်”အဖြစ်နဲ့ပါဝင်သရုပ်ထားပါတယ်။လက်ရှိမှာ လူမင်း ကာရိုက်တာအမြည်း ဗီဒီယို ထွက်ရှိထားပြီး ထိုေီဒီယိုထဲက လူမင်းရဲက ကာရိုက်တာနဲ့အကယ်ဒမီ ရရှိဦးမလားလို့ ထင်ကြေးပေးခံနေရပါတယ်။CeleGabar ပရိသတ်ကြီးအတွက်အကယ်ဒမီလူမင်းရဲ့ ဇာတ်ကောင်မိတ်ဆက် ဗီဒီယိုလေးကို မျှဝေလိုက်ပါတယ်။
Source: ညစ်တွန်း ရုပ်ရှင်ဇာတ်ကားကြီး
DarDar-CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်
” “ညစ်တွန်း” ရုပ်ရှင်ဇာတ်ကားကြီးထဲက လူ့ဂွစာ ကာရိုက်တာနဲ့ နောက်ထပ် အကယ်ဒမီရဦးမလားလို့ ထင်ကြေးပေးခံနေရတဲ့ လူမင်း”
ပရိသတ်တွေနဲ့ အနုပညာရှင်တွေက ချစ်စနိုးနဲ့ အန်ကယ်လေးလို့ ခေါ်ဆိုကြတဲ့ လူမင်းကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ထားကာ (၁၉၈၇) ခုနှစ်ကတည်းကအနုပညာလောကကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီးအကယ်ဒမီ (၃)ဆု ရယူထားနိုင်တဲ့ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်လည်းဖြစ်ပါတယ်။ (၂၀၀၂)ခုနှစ်မှာ “ရွှေမှုန်ကြဲတဲ့ မိုးကောင်းကင်”ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်အကယ်ဒမီဆုကြီးကို ရရှိခဲ့ပါတယ်။
လူမင်းဟာ “ကျန်စစ်သား”ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ တစ်ဦးအနေနဲ့ ရိုက်ကူးခဲ့ပြီး နောက်ထပ်အကယ်ဒမီဆုကြီး ကိုရရှိပိုင်ဆိုင်ထားတဲ့အပြင် (၂၀၁၆)ခုနှစ်မှာ “ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနဲ့ မြိုင်ရာဇာတာတေ” ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုကြီးကို ထပ်မံရရှိထားတဲ့ အကယ်ဒမီများရှင် နိုင်ငံကျော်သရုပ်ဆောင်တစ်ဦးပဲဖြစ်ပါတယ်။လက်ရှိမှာလည်း ပရိသတ်ရဲ့ စိတ်ဝင်းတစားစောင့်ကြည့်မှုခံနေရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးမည့် ဗိုလ်ချုပ်ရုပ်ရှင်ကို ဦးဆောင်ရိုက်ကူးသွာဖို့ကို လုံးပန်းနေတာလည်းဖြစ်ပါတယ်။
လူမင်းကတော့ ဒါရိုက်တာတစ်ဦးသာမက မင်းသားတစ်ယောက်အနေနဲ့ပါ ပါဝင်ရိုက်ကူးထားတဲ့ “ညစ်တွန်း” ရုပ်ရှင်ဇာတ်ကားကြီးကတော့ စက်တင်ဘာလ (၁၉) ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ပြီး ထိုဇာတ်ကားကြီးမှာတော့ အဓိကဇာတ်ကောင် Taxi မောင်းဆရာ “ဇော်ထက်” အဖြစ်နဲ့ပါဝင်သရုပ်ထားပါတယ်။လက်ရှိမှာ လူမင်း ကာရိုက်တာအမြည်း ဗီဒီယို ထွက်ရှိထားပြီး ထိုေီဒီယိုထဲက လူမင်းရဲက ကာရိုက်တာနဲ့ အကယ်ဒမီ ရရှိဦးမလားလို့ ထင်ကြေးပေးခံနေရပါတယ်။CeleGabar ပရိသတ်ကြီးအတွက် အကယ်ဒမီလူမင်းရဲ့ ဇာတ်ကောင်မိတ်ဆက် ဗီဒီယိုလေးကို မျှဝေလိုက်ပါတယ်။