ဇနီးသည်နဲ့ ထိပ်တိုက်အမှုရင်ဆိုင်တာမျိုးတွေ မဖြစ်ချင်ဘူးလို့ပြောလာတဲ့အန်ဂျယ်ဟွန်း
popolay.com
|
2019-09-06

သရုပ်ဆောင်အန်ဂျယ်ဟွန်းဟာ ဇနီးသည် ဂူဟဲဆောင်းန်ကို ကွာရှင်းပြတ်စဲတော့မည်ဖြစ်ကြောင်း ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့က ဂူဟဲဆောင်းန်အင်စတာဂရမ်မှာ တင်ခဲ့တဲ့ ပို့စ်တွေအရ ပရိတ်သတ်သိရှိခဲ့ရပါတယ်။အန်ဂျယ်ဟွန်းဘက်က ကွာရှင်းလိုပေမဲ့ ဂူဟဲဆောင်းန် ဘက်က ကွာရှင်းပြတ်စဲဖို့ ယနေ့အချိန်ထိ သဘောတူထားခြင်းမျိုးမရှိသေးပါဘူး။


>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<



ဂူဟဲဆောင်းန်ဟာအန်ဂျယ်ဟွန်းကို ကွာရှင်းပေးဖို့အကြောင်းအမျိုးမျိုး ပြနေခဲ့ပါတယ်။ ဒီကြားထဲအန်ဂျယ်ဟွန်းနဲ့ဒရာဇာတ်လမ်းတွဲမှာအတူတွဲဖက်သရုပ်ဆောင်နေတဲ့ မင်းသမီးအိုယွန်းဆောကိုပါ စွပ်စွဲပြောဆိုထားတာကြောင့် တရားစွဲဆိုခြင်းကိုလဲ ခံထားရပါတယ်။



ဖြစ်ပျက်လာရတဲ့အကြောင်းကိစ္စတွေနဲ့ ပတ်သတ်ပြီးအန်ဂျယ်ဟွန်း ရှေ့နေကအောက်ပါအတိုင်း ထုတ်ဖော်ပြောကြားလာပါတယ်။



“အန်ဂျယ်ဟွန်းဟာ ကိစ္စတွေအားလုံးပြီးသွားတာနဲ့ သူ့ဘက်က စိတ်ခံစားချက်တွေကို ထုတ်ဖော်ပြသသွားမယ်လို့ ပြောပါတယ်။အခုပရိတ်သတ်သိနေရတဲ့အကြောင်းအရာတွေက ဂူဟဲဆောင်းန်ဘက်ကနေပြီး တစ်ဖက်သတ်ယူဆထားတဲ့ ဇာတ်လမ်းတွေပါ။အန်ဂျယ်ဟွန်းဘက်က ကြည့်ရင် တချို့တစ်ဝက်က မှန်မနေပါဘူး။



အန်ဂျယ်ဟွန်းက ဒီလိုအခြေအနေမျိုးမှာ ဇနီးသည်ကို တရားစွဲဆိုတာမျိုးတွေ မလုပ်ချင်ဘူးလို့ပြောပါတယ်။ ဂူဟဲဆောင်းန်ဘက်က လူမှုကွန်ယက်မှာပြောဆိုနေတာတွေ ရပ်တန့်ဖို့ ကွားရှင်းဖို့ စွဲချက်တင်တာအပြင် ဒီ့ထက်လုပ်နိုင်တာဘာမှမရှိတော့ပါဘူး။ ဒီအရာတွေကို သက်သေအဖြစ်ထားပြီး တရားရုံးမှာ ကွာရှင်းပေးဖို့ စွဲချက်တင်သွားမှာပါ။



အန်ဂျယ်ဟွန်းကတော့ ဇနီးသည် စိတ်ထိခိုက်မှာစိုးတဲ့အတွက်အခုလိုအမှုရင်ဆိုင်တာမျိုးတွေ မလုပ်လိုကြောင်း ပြောထားပါတယ်။” ဆိုပြီးအန်ဂျယ်ဟွန်း ရှေ့နေ Bang Jung Hyun မှ ပရိတ်သတ်ကိုအသိပေးပြောကြားသွားပါတယ်။

Ref:koreaboo

(ပိုပိုလေး)




Some text some message..