လက်ရှိမှာတော့အောင်ရေချမ်းက ဝါရင့်သရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသား ခန့်စည်သူ၊ မင်းသမီး ခိုင်သင်းကြည်တို့နဲ့အတူ "ဆူးပန်းခွေ သွယ်ဘယက်နှင့် ပေရွက်လိပ် နားတောင်းဆင်" ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို ရိုက်ကူးနေရတာ ဖြစ်ပါတယ်။အခုလည်းအောင်ရေချမ်း ခရီးသွားရင်း ကားပေါ်မှာအပျော်တမ်းဆော့ကစားထားတဲ့ Tik Tok ဗီဒီယိုလေးကို မျှဝေထားပါတယ်။
အောင်ရေချမ်းက " ခရီးသွားရင်းပျော်ဆော့ကြ မန္တလေးမှာတွေ့ကြမယ်" ဆိုပြီး သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး စနောက်ဆော့ကစားထားတဲ့ Tik Tok ဗီဒီယိုလေးကို မျှဝေလိုက်တာ ဖြစ်ပါတယ်။အောင်ရေချမ်းတို့သူငယ်ချင်းတစ်စုကအရက်ပုလင်းလေးတွေကိုင်ပြီးအခွီပုံစံလုပ်ပြခဲ့ကြတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက်အောင်ရေချမ်းတို့သူငယ်ချင်းတစ်စုရဲ့အခွီတလိုင်း Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။