” နှင်းဆီအပွင့်ရာကျော်ပန်းစည်းနဲ့ သိန်းဆယ်ချီလက်ကိုင်အိတ်တလုံးကို ရို့မန့်တစ်ဆန်ဆန် လက်ဆောင်ပေးခြင်းခံလိုက်ရတဲ့ နေခြည်ဦး”
celegabar.com
|
2019-09-07



“ပုရိသ” ရုပ်ရှင် ဇာတ်ကားကြီးမှာ နိုင်ငံကျော်မင်းသမီးကြီးနဲ့အပြိုင်သရုပ်ဆောင်ထားကာ ပရိသတ်တွေရဲ့အားပေးမှုအခိုင်အမာရရှိနေတဲ့ နေခြည်ဦး ကတော့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး Beauty Bloggerအဖြစ် စတင်ခဲ့ကာအနုပညာလောကထဲကိုဝင်ရောက်လာသူဖြစ်ပြီး ထူးခြားတဲ့အနုပညာစွမ်းရည်ကြောင့်လည်း တစ်ခဏအတွင်းအောင်မြင်မှုရရှိခဲ့သူလည်းဖြစ်ပါတယ်။သူမကတာ့ သရုပ်ဆောင်သစ်တစ်ယောက်လို့ မထင်ရလောက်အောင် သရုပ်ဆောင်ပီပြင်လွန်းတာကြောင့် ပရိသတ်ရဲ့ နှစ်သက်အားပေးခြင်းခံနေရပြီး လက်တလောမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ဆက်တိုက်ဆိုသလို ပါဝင်သရုပ်ဆောင်ခွင့်ရရှိထားပါတယ်။





လတ်တလောမှာလည်း နေခြည်ဦးတစ်ယောက် ချစ်သူအောင်နွေဦးနဲ့ လမ်းခွဲပြတ်စဲ ထားတာပဲ ဖြစ်ပြီးအသည်းကွဲဒဏ်ရာကိုပြေပျောက်ရန်အလုပ်တွေကိုကြိုးစားလုပ်နေတာလည်း ဖြစ်ပါတယ်။နေခြည်ဦးကတော့ ချစ်သူဟောင်းဖြစ်သူအောင်နွေဦးရဲ့ လူသိရှင်ကြားတောင်းပန်ခြင်းကို ခံခဲ့ရပြီး သူမဘက်ကတော့ ချစ်သူဟောင်းကို ပြန်လက်ခံဖို့အစီအစဉ်မရှိဘူးလို့ ခါးခါးသီးသီး ငြင်းဆိုခဲ့ပါတယ်။လတ်တလောမှာတော့ သူမဟာ တနေ့ကိုပန်းစည်းတစ်စည်းလက်ဆောင်ရနေတဲ့အပေါ်မှာ ပရိသတ်တွေကတော့ ချစ်သူအသစ်မကြာခင်ရရှိတော့မှာလားလို့ ထင်ကြေးပေးနေကြပါတယ်။





နေခြည်ဦးကတော့ နှင်ဆီပန်းအပွင့်(၁၀၀၀)နီးပါးပန်းစည်ကြီးနဲ့အမေရိကန်ဒေါ်လာ (၂၀၀၀)ဝန်းကျင်( မြန်မာငွေနဲ့ဆို သိန်း(၃၀)ဝန်းကျင်) တန်ဖိုးရှိ ကမ္ဘကျော် Brand တံဆိပ်ဖြစ်တဲ့ Hermes လက်ကိုင်အိတ်တို့ကို မွေးနေ့မဟုတ်ပဲ ရရှိလိုက်လို့အပျော်ကြီးပျော်နေပါတယ်။သူမရှိလိုက်တဲ့ တန်ဖိုးကြီး လက်ဆောင်ပစ္စည်းကိုတော့ ချစ်သူဟောင်းမှ တောင်းပန်တဲ့အနေနဲ့ပေးတာလား၊ ဒါမှမဟုတ် ပရိသတ်တွေထင်ကြေးပေးထားသလို ချစ်သူသစ်လေးဆီက ရတာလား ဆိုတာကတော့ သူမပရိသတ်တွေအတွက် ဝေခွဲရခက်နေတာလည်းဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရော နေခြည်ဦးကို ဘယ်သူက များ ဒီလိုတန်ဖိုကြီးတဲ့ လက်ဆောင်ကို ပေးလည်းဆိုတာ ထင်ကြေးလေးတွေပေးခဲ့ကြဦးနော်။


Source: Nay Chi Oo
DarDar-CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်




” နှင်းဆီအပွင့်ရာကျော်ပန်းစည်းနဲ့ သိန်းဆယ်ချီလက်ကိုင်အိတ်တလုံးကို ရို့မန့်တစ်ဆန်ဆန် လက်ဆောင်ပေးခြင်းခံလိုက်ရတဲ့ နေခြည်ဦး”

“ပုရိသ” ရုပ်ရှင် ဇာတ်ကားကြီးမှာ နိုင်ငံကျော်မင်းသမီးကြီးနဲ့ အပြိုင်သရုပ်ဆောင်ထားကာ ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိနေတဲ့ နေခြည်ဦး ကတော့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး Beauty Blogger အဖြစ် စတင်ခဲ့ကာ အနုပညာလောကထဲကိုဝင်ရောက်လာသူဖြစ်ပြီး ထူးခြားတဲ့ အနုပညာစွမ်းရည်ကြောင့်လည်း တစ်ခဏအတွင်း အောင်မြင်မှုရရှိခဲ့သူလည်းဖြစ်ပါတယ်။သူမကတာ့ သရုပ်ဆောင်သစ်တစ်ယောက်လို့ မထင်ရလောက်အောင် သရုပ်ဆောင်ပီပြင်လွန်းတာကြောင့် ပရိသတ်ရဲ့ နှစ်သက်အားပေးခြင်းခံနေရပြီး လက်တလောမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ဆက်တိုက်ဆိုသလို ပါဝင်သရုပ်ဆောင်ခွင့်ရရှိထားပါတယ်။

လတ်တလောမှာလည်း နေခြည်ဦးတစ်ယောက် ချစ်သူအောင်နွေဦးနဲ့ လမ်းခွဲပြတ်စဲ ထားတာပဲ ဖြစ်ပြီး အသည်းကွဲဒဏ်ရာကိုပြေပျောက်ရန် အလုပ်တွေကိုကြိုးစားလုပ်နေတာလည်း ဖြစ်ပါတယ်။နေခြည်ဦးကတော့ ချစ်သူဟောင်းဖြစ်သူအောင်နွေဦးရဲ့ လူသိရှင်ကြားတောင်းပန်ခြင်းကို ခံခဲ့ရပြီး သူမဘက်ကတော့ ချစ်သူဟောင်းကို ပြန်လက်ခံဖို့ အစီအစဉ်မရှိဘူးလို့ ခါးခါးသီးသီး ငြင်းဆိုခဲ့ပါတယ်။လတ်တလောမှာတော့ သူမဟာ တနေ့ကိုပန်းစည်းတစ်စည်းလက်ဆောင်ရနေတဲ့အပေါ်မှာ ပရိသတ်တွေကတော့ ချစ်သူအသစ်မကြာခင်ရရှိတော့မှာလားလို့ ထင်ကြေးပေးနေကြပါတယ်။

နေခြည်ဦးကတော့ နှင်ဆီပန်းအပွင့်(၁၀၀၀)နီးပါးပန်းစည်ကြီးနဲ့ အမေရိကန်ဒေါ်လာ (၂၀၀၀)ဝန်းကျင်( မြန်မာငွေနဲ့ဆို သိန်း(၃၀)ဝန်းကျင်) တန်ဖိုးရှိ ကမ္ဘကျော် Brand တံဆိပ်ဖြစ်တဲ့ Hermes လက်ကိုင်အိတ်တို့ကို မွေးနေ့မဟုတ်ပဲ ရရှိလိုက်လို့ အပျော်ကြီးပျော်နေပါတယ်။သူမရှိလိုက်တဲ့ တန်ဖိုးကြီး လက်ဆောင်ပစ္စည်းကိုတော့ ချစ်သူဟောင်းမှ တောင်းပန်တဲ့ အနေနဲ့ပေးတာလား၊ ဒါမှမဟုတ် ပရိသတ်တွေထင်ကြေးပေးထားသလို ချစ်သူသစ်လေးဆီက ရတာလား ဆိုတာကတော့ သူမပရိသတ်တွေအတွက် ဝေခွဲရခက်နေတာလည်းဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရော နေခြည်ဦးကို ဘယ်သူက များ ဒီလိုတန်ဖိုကြီးတဲ့ လက်ဆောင်ကို ပေးလည်းဆိုတာ ထင်ကြေးလေးတွေပေးခဲ့ကြဦးနော်။




Some text some message..