“ပရိသတ်တွေကို ဖြေရခက်စေမဲ့ မေးခွန်းလေးတစ်ခု ထုတ်လိုက်တဲ့အဆိုတော်မလေး ပန်းရောင်ခြယ်”
celegabar.com
|
2019-09-07



လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်လောက်ကတည်းက နာမည်ကြီးပြီး ယနေ့အချိန်အထိအောင်မြင်မှုတွေကို ထိန်းသိမ်းထားနိုင်တဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းအဆိုတော်ကြီး ဂရေဟမ်ကတော့ ပရိသတ်တွေကိုအထူးမိတ်ဆက်ပေးစရာမလိုအောင်ရင်းနှီးပြီးသားဖြစ်မှာပါ။ဇနီးချောလေးနဲ့အတူ သမီးချောလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားပြီး လှပချောမောတဲ့ သမီးလေးတွေကြောင့် ယောက်ျားလေး ပရိသတ်တွေရဲ့ ယောက္ခမကြီးလို့ စနောက်ခေါ်ဝေါ်ခြင်းကို ခံရတဲ့ သမီးရှင်တွေထဲမှာ ဂရေဟမ်ကလည်း တစ်ယောက်အနေနဲ့အပါအဝင်ပဲဖြစ်ပါတယ်။





ဂရေဟမ်ရဲ့ သမီးအကြီးဖြစ်သူ ပန်းရောင်ခြယ်ကလည်း ဖခင်ရဲ့အနုပညာအမွေကိုရရှိထားတဲ့သူလို့ဆိုရလောက်အောင် ချိုသာတဲ့အသံလေးကိုပိုင်ဆိုင်ထားပြီး လက်ရှိမှာလည်းအနုပညာလောကမှာအောင်မြင်တဲ့အဆိုတော်တစ်ယောက်အနေနဲ့ ရပ်တည်နေပြီပဲဖြစ်ပါတယ်။နောက်ပိုင်းမှာတော့အဆိုတော်တစ်ယောက်အပြင် သရုပ်ဆောင်ပိုင်းကိုလည်း ဝင်ရောက်လာပြီး ရုပ်ရှင်ဇာတ်ကားတွေမှာပါဝင်ရိုက်ကူးနေပါတယ်။





ချိုသာတဲ့အသံ ချစ်စရာကောင်းပြီးဆွဲဆောင်မှုရှိလှတဲ့ မျက်နှာလေးကြာင့် ပရိသတ်တွေက”အဖေနဲ့ တူလို့ချောတာအမေနဲ့တူလို့ချောတာ”လို့ ထင်ကြေးပေးခံနေရတာဖြစ်ပြီး ဒီလိုထင်ကြေပေးခံနေရတဲ့အပေါ် ပန်းရောင်ခြယ်က သူမမိဘနှစ်ပါး ငယ်ရွယ်စဉ်ကပုံလေးတွေကို ပြသကာ “ပန်းရောင်က daddy နဲ့တူတာလား mommy နဲ့တူတာလား “လို့ ပရိသတ်တွေကို ပြန်လည်မေးခွန်းထုတ်လိုက်တာပဲဖြစ်ပါတယ်။ပန်းရောင်ခြယ်လေးက ဖေဖေနဲ့တူတာလား မေမေနဲ့တူတာလားအဖြေလေးတွေပေးခဲ့ပါဦး…..CeleGabar ပရိသတ်ကြီးရေ…..




Source ; Pan Yaung Chal
Chilli – CeleGabar
ယူနီကုတ်ဖြင့်ဖတ်ရန်။




“ပရိသတ်တွေကို ဖြေရခက်စေမဲ့ မေးခွန်းလေးတစ်ခု ထုတ်လိုက်တဲ့ အဆိုတော်မလေး ပန်းရောင်ခြယ်”

လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်လောက်ကတည်းက နာမည်ကြီးပြီး ယနေ့အချိန်အထိအောင်မြင်မှုတွေကို ထိန်းသိမ်းထားနိုင်တဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းအဆိုတော်ကြီး ဂရေဟမ်ကတော့ ပရိသတ်တွေကို အထူးမိတ်ဆက်ပေးစရာမလိုအောင်ရင်းနှီးပြီးသားဖြစ်မှာပါ။ဇနီးချောလေးနဲ့အတူ သမီးချောလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားပြီး လှပချောမောတဲ့ သမီးလေးတွေကြောင့် ယောက်ျားလေး ပရိသတ်တွေရဲ့ ယောက္ခမကြီးလို့ စနောက်ခေါ်ဝေါ်ခြင်းကို ခံရတဲ့ သမီးရှင်တွေထဲမှာ ဂရေဟမ်ကလည်း တစ်ယောက်အနေနဲ့ အပါအဝင်ပဲဖြစ်ပါတယ်။

ဂရေဟမ်ရဲ့ သမီးအကြီးဖြစ်သူ ပန်းရောင်ခြယ်ကလည်း ဖခင်ရဲ့ အနုပညာအမွေကိုရရှိထားတဲ့သူလို့ဆိုရလောက်အောင် ချိုသာတဲ့အသံလေးကိုပိုင်ဆိုင်ထားပြီး လက်ရှိမှာလည်းအနုပညာလောကမှာအောင်မြင်တဲ့ အဆိုတော်တစ်ယောက်အနေနဲ့ ရပ်တည်နေပြီပဲဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ အဆိုတော်တစ်ယောက်အပြင် သရုပ်ဆောင်ပိုင်းကိုလည်း ဝင်ရောက်လာပြီး ရုပ်ရှင်ဇာတ်ကားတွေမှာပါဝင်ရိုက်ကူးနေပါတယ်။

ချိုသာတဲ့အသံ ချစ်စရာကောင်းပြီးဆွဲဆောင်မှုရှိလှတဲ့ မျက်နှာလေးကြာင့် ပရိသတ်တွေက”အဖေနဲ့ တူလို့ချောတာ အမေနဲ့တူလို့ချောတာ”လို့ ထင်ကြေးပေးခံနေရတာဖြစ်ပြီး ဒီလိုထင်ကြေပေးခံနေရတဲ့ အပေါ် ပန်းရောင်ခြယ်က သူမမိဘနှစ်ပါး ငယ်ရွယ်စဉ်ကပုံလေးတွေကို ပြသကာ “ပန်းရောင်က daddy နဲ့တူတာလား mommy နဲ့တူတာလား “လို့ ပရိသတ်တွေကို ပြန်လည်မေးခွန်းထုတ်လိုက်တာပဲဖြစ်ပါတယ်။ပန်းရောင်ခြယ်လေးက ဖေဖေနဲ့တူတာလား မေမေနဲ့တူတာလား အဖြေလေးတွေပေးခဲ့ပါဦး…..CeleGabar ပရိသတ်ကြီးရေ…..


Source ; Pan Yaung Chal
Chilli – CeleGabar




Some text some message..