” မြန်မာနိုင်ငံက ချစ်ပရိသတ်တစ်ယောက်ကို ဒေါက်ဖိနပ်အသစ်လေး တစ်ရံ လက်ဆောင်ပေးမည့် Sinon “
celegabar.com
|
2019-09-07



Cat Walk King လို့တောင်တင်စားခေါ်ဝေါ်ရတဲ့သူ၊(၇)လက်မ ဝန်းကျင်ရှိတဲ့ ဒေါက်ဖိနပ်နဲ့အလှမယ်၊မော်ဒယ်တွေ ထိုင်ငိုရလောက်အောင် Cat Walk ကို လှပသပ်ရပ်စွာ လျှောက်နိုင်တဲ့သူကတော့ ဖိလစ်ပိုင်နိုင်ငံသား Sinon Loresca ပဲဖြစ်ပါတယ်။သူကတော့ ယောကျ်ားဆန် ကိုယ်ခန္ဓာအချိုးအစား နဲ့အမျိုးသမီးတွေကတောင် ပြန်လည်အားကျရတဲ့ ကျစ်လျစ် လှပတဲ့ တင်ပါး ကို ပိုင်ဆိုင်ထားတဲ့ LGBT တစ်ယောက်အဖြစ်ရပ်တည်ကာ တကမ္ဘာလုံးနီးပါးကအားပေးကြတဲ့ ပရိသတ် Followers ပေါင်း (၁၈) သန်းကျော်ခန့် ရရှိထားပါသေးတယ်။





Sinon ကတော့ မြန်မာနိုင်ငံကို ရှိူးပွဲ တစ်ခုမှာလျှာက်လှမ်းဖို့အတွက် ဖိတ်ခေါ်ထားတာကြောင့် ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံရဲ့ ဒေသအလှအပ၊ ရိုးရာတွေကို သူရဲ့Calk Walk Skill နဲ့အတူ ကမ္ဘာကသိအောင်ချပြခဲ့ပါသေးတယ်။သူကတော့အကူအညီလိုအပ်တဲ့ သူတွေကိုတတ်နိုင်သလောက် ကူညီမှုတွေပြုလုပ်ခဲ့တဲ့အတွက် မြန်မာနိုင်ငံပရိသတ်တွေရဲ့ ချီးကျူးအာပေးမှုတွေကို ရရှိခဲ့သူလည်းဖြစ်ပါတယ်။Sinon ကတော့ စက်တင်ဘာလ (၄)ရက်နေ့က ဖိလစ်ပိုင်နိုင်ငံကို ပြန်သွားရတာဖြစ်ပြီး မပြန်ချင်သေးတဲ့အကြောင်းကို ဗီဒီယိုရိုက်ကာပြောနေရင်း မျက်ရည်ကျလာပြီး ပြန်လာခဲ့ပါ့မယ်လို့ ကတိစကားလည်း ပြောခဲ့ပါသေးတယ်။





လက်ရှိမှာ Sinon ကတော့ မြန်မာနိုင်ငံက ချစ်ပရိသတ်တစ်ယောက်ကို ရွေးချယ်ပြီး ဒေါက်ဖိနပ်အသစ်လေးတစ်ရံပေးမည့်အကြောင်းကို “Brand New High Heels and I’m ready to give to one of my fans in MYANMAR If you want it, SHARE it to your Wall and use the hashtag #SinonLorescaTheComeBackInMyanmar to avail this – GoodLuck loves” လို့ သူရဲ့ လူမှုကွန်ရက် စာမျက်နာမှ ဖော်ပြထားတာကို CeleGabar ပရိသတ်ကြီးအတွက် မျှဝေလိုက်ပါတယ်။



Source: Sinon Loresca
DarDar-CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်




” မြန်မာနိုင်ငံက ချစ်ပရိသတ်တစ်ယောက်ကို ဒေါက်ဖိနပ်အသစ်လေး တစ်ရံ လက်ဆောင်ပေးမည့် Sinon ”

Cat Walk King လို့တောင်တင်စားခေါ်ဝေါ်ရတဲ့သူ၊(၇)လက်မ ဝန်းကျင်ရှိတဲ့ ဒေါက်ဖိနပ်နဲ့ အလှမယ်၊မော်ဒယ်တွေ ထိုင်ငိုရလောက်အောင် Cat Walk ကို လှပသပ်ရပ်စွာ လျှောက်နိုင်တဲ့သူကတော့ ဖိလစ်ပိုင်နိုင်ငံသား Sinon Loresca ပဲဖြစ်ပါတယ်။သူကတော့ ယောကျ်ားဆန် ကိုယ်ခန္ဓာအချိုးအစား နဲ့ အမျိုးသမီးတွေကတောင် ပြန်လည် အားကျရတဲ့ ကျစ်လျစ် လှပတဲ့ တင်ပါး ကို ပိုင်ဆိုင်ထားတဲ့ LGBT တစ်ယောက်အဖြစ်ရပ်တည်ကာ တကမ္ဘာလုံးနီးပါးက အားပေးကြတဲ့ ပရိသတ် Followers ပေါင်း (၁၈) သန်းကျော်ခန့် ရရှိထားပါသေးတယ်။

Sinon ကတော့ မြန်မာနိုင်ငံကို ရှိူးပွဲ တစ်ခုမှာလျှာက်လှမ်းဖို့ အတွက် ဖိတ်ခေါ်ထားတာကြောင့် ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံရဲ့ ဒေသ အလှအပ၊ ရိုးရာတွေကို သူရဲ့Calk Walk Skill နဲ့ အတူ ကမ္ဘာကသိအောင်ချပြခဲ့ပါသေးတယ်။သူကတော့ အကူအညီလိုအပ်တဲ့ သူတွေကိုတတ်နိုင်သလောက် ကူညီမှုတွေပြုလုပ်ခဲ့တဲ့အတွက် မြန်မာနိုင်ငံပရိသတ်တွေရဲ့ ချီးကျူးအာပေးမှုတွေကို ရရှိခဲ့သူလည်းဖြစ်ပါတယ်။Sinon ကတော့ စက်တင်ဘာလ (၄)ရက်နေ့က ဖိလစ်ပိုင်နိုင်ငံကို ပြန်သွားရတာဖြစ်ပြီး မပြန်ချင်သေးတဲ့အကြောင်းကို ဗီဒီယိုရိုက်ကာပြောနေရင်း မျက်ရည်ကျလာပြီး ပြန်လာခဲ့ပါ့မယ်လို့ ကတိစကားလည်း ပြောခဲ့ပါသေးတယ်။

လက်ရှိမှာ Sinon ကတော့ မြန်မာနိုင်ငံက ချစ်ပရိသတ်တစ်ယောက်ကို ရွေးချယ်ပြီး ဒေါက်ဖိနပ် အသစ်လေးတစ်ရံပေးမည့် အကြောင်းကို “Brand New High Heels and I’m ready to give to one of my fans in MYANMAR If you want it, SHARE it to your Wall and use the hashtag #SinonLorescaTheComeBackInMyanmar to avail this – GoodLuck loves” လို့ သူရဲ့ လူမှုကွန်ရက် စာမျက်နာမှ ဖော်ပြထားတာကို CeleGabar ပရိသတ်ကြီးအတွက် မျှဝေလိုက်ပါတယ်။




Some text some message..