ကိုယ်တိုင်ရှာဖွေထားတဲ့အနုပညာကြေးတွေနဲ့အမေ့ကို ရတနာတစ်ဆင်စာလိုက်ဝယ်ပေးခဲ့တဲ့ သားလေးအိစိကွေး
myanmarload.com
|
2019-09-07



ပရိသတ်အချစ်တော်လေးဖြစ်တဲ့အိစိကွေးကတော့ ကလေးဘဝကတည်းကအနုပညာလောကကို ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ကလေးသရုပ်ဆောင်အဖြစ် ပရိသတ်တွေရဲ့ချစ်ခင်မှုကို ရရှိခဲ့တဲ့အိစိကွေးက လက်ရှိမှာတော့အဆိုတော်အဖြစ်ရော သရုပ်ဆောင်အဖြစ်ပါအနုပညာအလုပ်တွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။





ဒီနေ့မှာတော့အိစိကွေးက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာအမေ့ကိုလက်ဆောင်ဝယ်ပေးခဲ့ကြောင်း တင်ထားတာ တွေ့ရပါတယ်။အိစိကွေးက ''ဒီနေ့တော့အမေ့အတွက် ကျွန်တော့ရဲ့အနုပညာကြေးလေးနဲ့ စိန်နန်းတော်က နားဆွဲ လက်စွပ် ဆွဲကြိုး ရယ် D&C ကဖိနပ်လေးရယ် ဝယ်ပေးဖြစ်ပါတယ် ယုံယုံကြည်ကြည်နဲ့အလုပ်လာအပ်တဲ့သူတွေကိုလည်းအထူးကျေးဇူးတင်ပါတယ်အခုထိအားပေးနေကြတဲ့ ပရိသတ်တွေရောပေါ့အားလုံးရဲ့ကျေးဇူးကြောင့်အခုလိုအမေ့ကို ဝယ်ပေးနိင်လို့ ပီတိလည်းဖြစ်တယ် ကျေးဇူးလည်းအထူးတင်ပါတယ်






အချိန်ပေးပြီးဆိုင်ထိလိုက်ရွေးပေးတဲ့အတွက်လည်း ကျေးဇူးပါ ဒီနေ့ကတော့ ကျွန်တော့အတွက်အပျော်ရဆုံးနဲ့အမှတ်တရအဖြစ်ဆုံးန့လေးပါ'' ဆိုပြီး သူရဲ့အပျော်တွေကို မျှဝေထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက်အမေ့ကိုရတနာတစ်ဆင်စာနဲ့ ဖိနပ်တစ်ရံလက်ဆောင်ဝယ်ပေးခဲ့တဲ့အိစိကွေးရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။






Some text some message..