သီဟအောင်တို့မိသားစုနဲ့အတူ ပျော်ပျော်ပါးပါး တွေ့ဆုံခဲ့တဲ့အမှတ်တရပုံလေးတွေကို မျှဝေလိုက်တဲ့ ပိုပို
myanmarload.com
|
2019-09-07



အဆိုတော်မလေး ပိုပိုကတော့ ယနေ့ခေတ်လူငယ်ပရိသတ်တွေကြားမှာအတော်လေးကို ရေပန်းစားအောင်မြင်နေတဲ့ ပရိသတ်အချစ်တော်တစ်ဦးဖြစ်ပါတယ်။ ''ချစ်ဖူးခဲ့သမျှ'' ဆိုတဲ့အခွေလေးနဲ့ ပရိသတ်ရင်ထဲရောက်ရှိခဲ့တဲ့ ပိုပိုကအခုချိန်မှာတော့ နာမည်တစ်လုံးနဲ့ ရပ်တည်နေနိုင်ပြီ ဖြစ်ပါတယ်။ ပိုပိုကအချစ်၊အလွမ်း၊အဆွေးစတဲ့ သီချင်းအမျိုးအစား စုံစုံလင်လင်ကို ကိုယ်တိုင်ရေးစပ်သီဆိုလေ့ရှိသူလည်း ဖြစ်ပါတယ်။






လက်ရှိမှာတော့ ပိုပိုက တေးသီချင်းအသစ်လေးတွေကို ဆက်တိုက်ဖန်တီးနေသလို သရုပ်ဆောင် ကိုကိုဦးရဲ့သားလေး သီဟအောင်နဲ့လည်း Music Video တစ်ခုရိုက်ကူးနေပါတယ်။ပိုပိုက မင်းသွေးခန့်၊ သီဟအောင်တို့နဲ့အတူ ''Marry Me'' ဆိုတဲ့သီချင်းလေးကို ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။






အခုလည်း ပိုပိုက'' ဘယ်နေရာသွားသွား ကိုယ် နဲ့ မကင်း နိုင်တာအစားအသောက်ပါပဲ ဝက်ကလေးနှင့် သူ၏မိတ်ဆွေများ ပုံအကြွေးလေးတွေ တင်လိုက်ပြီ '' ဆိုပြီး ပုံလေးတွေကို တင်ထားပါတယ်။ ပိုပိုက မင်းသွေးခန့်၊ သီဟအောင်တို့နဲ့အတူအမှတ်တရပုံလေးတွေကို မျှဝေလိုက်တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ပိုပိုနဲ့ သီဟအောင်တို့ရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။






Some text some message..