အမေ ရှိနေရင် ကောင်းမှာပဲဆိုတဲ့ စိတ်နဲ့ စင်ပေါ်မှာ မျက်ရည်လည်ခဲ့မိကြောင်း ရင်ဖွင့်လာခဲ့တဲ့ ဟန်နေတာ
celegabar.com
|
2019-09-08



မယုံကြည်နိုင်လောက်အောင် လတ်တလောအချိန်လေးအတွင်း ပရိသတ်တွေရဲ့ တဟုန်ထိုးဝန်းရံခြင်းကို ခံလာရတဲ့အဆိုတော် ဟန်နေတာ ကတော့ Eternal Gosh Boy Band ရဲ့ ပင်တိုင်အဆိုတော်တစ်ဦးဖြစ်ပါတယ်။ Eternal Goshအဖွဲ့ရဲ့ လူကြိုက်များလွန်းတဲ့ သီချင်းတစ်ပုဒ်ကတော့ “မိုးမခအိမ်မက် ခရမ်းပြာ” သီချင်း ဖြစ်ပြီး နယ်ကနေ ရန်ကုန်မြို့မှာ လာရောက်ရုန်းကန်ရတဲ့ လူငယ်တွေရဲ့ ခက်ခဲတဲ့ လူနေမှုဘဝနဲ့ ရည်မှန်းချက်ကို ထင်ဟပ်နေစေတဲ့ ခံစားချက်အပြည့်နဲ့ ရေးဖွဲ့ထားတာဖြစ်ပါတယ်။





လွန်ခဲ့တဲ့ FG Live မှာ တင်ဆက်ဖျော်ဖြေခွင့် ရပြီးနောက် ရဲ့ပင်တိုင်အဆိုတော် ဟန်နေတာ ကို ပရိသတ်တွေ သာမကအနုပညာရှင်တွေကပါ ပြန်လည်ဝန်းရံအားပေးခဲ့ကြပြီး ကိုယ်တိုင်ရေးစပ်သီဆိုထားတဲ့ “မိုးမခအိမ်မက်ခရမ်းပြာ”သီချင်းနဲ့ စင်ပေါ်မှာ သီချင်းသီဆိုဖျော်ဖြေနေစဉ် ဟန်နေတာတစ်ယောက် ကိုယ်ပိုင်ခံစားချက်တွေကို မထိန်းနိုင်ပဲ မျက်ရည်ကျခဲ့တဲ့အပေါ် ပရိသတ်တွေက ပိုလို့ စိတ်မကောင်းဖြစ်ကာအသနားပိုခဲ့ရတာဖြစ်ပါတယ်။





သီချင်း ဆိုရင်း မျက်ရည်ကျမိခဲ့တာနဲ့ ပတ်သက်လို့ ” One Man Show လည်း မလုပ်နိုင်သေးခင်မှာ FG မှာ ဒီလိုမျိုးအသံ Sound System ကောင်းကောင်းနဲ့ ကျွန်တော်တို့ Qualityအစစ်အမှန်ကို ပရိသတ်ကို ချပြခွင့်ရချိန်မှာ ပြီးတော့ Lightening မီးတွေကြားမှာ ကျွန်တော့ ပရိသတ်တွေကို မြင်ခွင့်ရတဲ့အချိန်မှာ ဝမ်းသာသွားတဲ့စိတ်နဲ့ ကျွန်တော်အမေရှိသေးရင်ကောင်းမှာပဲ ဆိုတဲ့ စိတ်လေးနဲ့ မျက်ရည်ကျသွားမိတာပါ ” လို့ ယခုလို သူ့ရဲ့အောင်မြင်မှု တချို့ကို ကွယ်လွန်သွားပြီဖြစ်တဲ့ မိခင်ကို မြင်တွေ့စေချင်ခဲ့ကြောင်းအမေချစ်တစ်ယောက် ဖြစ်တဲ့ ဟန်နေတာက ခုလို ဖွင့်ဟလာခဲ့တာပါ။





လက်ရှိမှာတော့ “ကောင်းကင်အနီ” ဆိုတဲ့ ပထမ သီချင်းခွေထွက်ရှိပြီးနောက်မှာ နောက်သစ် ဒုတိယ တေးစီးရီးအယ်ဘမ်ကို စီစဉ်နေပြီဖြစ်ပြီး သီချင်းခွေထဲမှာ Motivate ဘက်ကို သွားတဲ့ သီချင်းအမျိုးအစားလေးတွေအများကြီး ပါဝင်မှာဖြစ်ပါတယ်။ ဒုတိယ သီချင်းခွေထဲမှာ ကိုရေမွန်နဲ့ လည်း “Chemical Game”ဆိုတဲ့ သီချင်းတစ်ပုဒ်အတူသီဆိုသွားဖို့ရာရှိပြီး ဒုတိယသီချင်းခွေထဲမှာ Electro နဲ့အနည်းငယ်ရောစပ်ထားတဲ့ Electro Rock၊ Pop Rockအမျိုးအစားတွေအပြင် Alternative Rockသီချင်းတွေလည်း ပါဝင်မယ်လို့ ဟန်နေတာက ဆယ်လီကမ္ဘာရဲ့အင်တာဗျူးမှာ ခုလိုပဲ ဖြေကြားထားပါတယ်။



Source: Exclusive on CeleGabar
Khin Mi Mi- CeleGabar
ယူနီကုဒ်နဲ့ ဖတ်ရန်

အမေ ရှိနေရင် ကောင်းမှာပဲဆိုတဲ့ စိတ်နဲ့ စင်ပေါ်မှာ မျက်ရည်လည်ခဲ့မိကြောင်း ရင်ဖွင့်လာခဲ့တဲ့ ဟန်နေတာ

မယုံကြည်နိုင်လောက်အောင် လတ်တလောအချိန်လေးအတွင်း ပရိသတ်တွေရဲ့ တဟုန်ထိုးဝန်းရံခြင်းကို ခံလာရတဲ့ အဆိုတော် ဟန်နေတာ ကတော့ Eternal Gosh Boy Band ရဲ့ ပင်တိုင် အဆိုတော်တစ်ဦးဖြစ်ပါတယ်။ Eternal Gosh အဖွဲ့ရဲ့ လူကြိုက်များလွန်းတဲ့ သီချင်းတစ်ပုဒ်ကတော့ “မိုးမခ အိမ်မက် ခရမ်းပြာ” သီချင်း ဖြစ်ပြီး နယ်ကနေ ရန်ကုန်မြို့မှာ လာရောက်ရုန်းကန်ရတဲ့ လူငယ်တွေရဲ့ ခက်ခဲတဲ့ လူနေမှုဘဝနဲ့ ရည်မှန်းချက်ကို ထင်ဟပ်နေစေတဲ့ ခံစားချက်အပြည့်နဲ့ ရေးဖွဲ့ထားတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ FG Live မှာ တင်ဆက်ဖျော်ဖြေခွင့် ရပြီးနောက် ရဲ့ပင်တိုင်အဆိုတော် ဟန်နေတာ ကို ပရိသတ်တွေ သာမက အနုပညာရှင်တွေကပါ ပြန်လည်ဝန်းရံအားပေးခဲ့ကြပြီး ကိုယ်တိုင်ရေးစပ်သီဆိုထားတဲ့ “မိုးမခ အိမ်မက်ခရမ်းပြာ”သီချင်းနဲ့ စင်ပေါ်မှာ သီချင်းသီဆိုဖျော်ဖြေနေစဉ် ဟန်နေတာတစ်ယောက် ကိုယ်ပိုင်ခံစားချက်တွေကို မထိန်းနိုင်ပဲ မျက်ရည်ကျခဲ့တဲ့အပေါ် ပရိသတ်တွေက ပိုလို့ စိတ်မကောင်းဖြစ်ကာ အသနားပိုခဲ့ရတာဖြစ်ပါတယ်။

သီချင်း ဆိုရင်း မျက်ရည်ကျမိခဲ့တာနဲ့ ပတ်သက်လို့ ” One Man Show လည်း မလုပ်နိုင်သေးခင်မှာ FG မှာ ဒီလိုမျိုး အသံ Sound System ကောင်းကောင်းနဲ့ ကျွန်တော်တို့ Quality အစစ်အမှန်ကို ပရိသတ်ကို ချပြခွင့်ရချိန်မှာ ပြီးတော့ Lightening မီးတွေကြားမှာ ကျွန်တော့ ပရိသတ်တွေကို မြင်ခွင့်ရတဲ့အချိန်မှာ ဝမ်းသာသွားတဲ့စိတ်နဲ့ ကျွန်တော် အမေရှိသေးရင်ကောင်းမှာပဲ ဆိုတဲ့ စိတ်လေးနဲ့ မျက်ရည်ကျသွားမိတာပါ ” လို့ ယခုလို သူ့ရဲ့ အောင်မြင်မှု တချို့ကို ကွယ်လွန်သွားပြီဖြစ်တဲ့ မိခင်ကို မြင်တွေ့စေချင်ခဲ့ကြောင်း အမေချစ်တစ်ယောက် ဖြစ်တဲ့ ဟန်နေတာက ခုလို ဖွင့်ဟလာခဲ့တာပါ။

လက်ရှိမှာတော့ “ကောင်းကင်အနီ” ဆိုတဲ့ ပထမ သီချင်းခွေထွက်ရှိပြီးနောက်မှာ နောက်သစ် ဒုတိယ တေးစီးရီးအယ်ဘမ်ကို စီစဉ်နေပြီဖြစ်ပြီး သီချင်းခွေထဲမှာ Motivate ဘက်ကို သွားတဲ့ သီချင်းအမျိုးအစားလေးတွေ အများကြီး ပါဝင်မှာဖြစ်ပါတယ်။ ဒုတိယ သီချင်းခွေထဲမှာ ကိုရေမွန်နဲ့ လည်း “Chemical Game”ဆိုတဲ့ သီချင်းတစ်ပုဒ် အတူသီဆိုသွားဖို့ရာရှိပြီး ဒုတိယသီချင်းခွေထဲမှာ Electro နဲ့အနည်းငယ်ရောစပ်ထားတဲ့ Electro Rock၊ Pop Rock အမျိုးအစားတွေအပြင် Alternative Rockသီချင်းတွေလည်း ပါဝင်မယ်လို့ ဟန်နေတာက ဆယ်လီကမ္ဘာရဲ့ အင်တာဗျူးမှာ ခုလိုပဲ ဖြေကြားထားပါတယ်။


Source: Exclusive on CeleGabar
Khin Mi Mi- CeleGabar
ယူနီကုဒ်နဲ့ ဖတ်ရန်




Some text some message..