” မြင်တွေ့ရန်ခက်ခဲလှတဲ့ ငယ်ဘဝပုံရိပ်လေးကို ဖော်ထုတ်ပြသလိုက်တဲ့ ဒေါင်း “
celegabar.com
|
2019-09-08



ဒေါင်းကတော့ ” ပုဂံမြို့သူ ” ဇာတ်လမ်းတွဲ မှာ မောင်မောင်ကြီး ကာရိုက်တာနဲ့ ပရိသတ်တွေရင်ထဲရောက်ခဲ့သူပဲ ဖြစ်ပြီး ” Star Awards Best Tv Series Actor ” ဆုကို ပုဂံမြို့သူဇာတ်ကားနဲ့ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒေါင်းကိုဆိုမကြွေတဲ့ မိန်းကလေးတွေမရှိသလောက်ပါပဲနော်။ဒေါင်းရဲ့ နောက်မှာအားပေးတဲ့အမာခံမိန်းကလေးပရိသတ်တွေအများကြီးရှိပါတယ်။ ဒေါင်းရဲ့ ညှို့အားပြင်းတဲ့မျက်ဝန်းတစ်စုံနဲ့ သူ့ရဲ့ တည်ငြိမ်အေးဆေးတဲ့အပြုံး ယောကျာ်းပီသတဲ့ ပုံစံကြောင့် နှုတ်ခမ်းနီမလေးတွေ ကြွေလောက်စရာ ဖြစ်နေတာပါ။




” လိပ်ပြာစံအိမ် ” ရုပ်ရှင်ကားကြီးနဲ့ စတင် ပွဲထွက်လာခဲ့ပြီး ဒုတိယတစ်ကားဖြစ်တဲ့ ” ဒဏ္ဍာရီမိုး ” ဇာတ်ကားမှာလည်း ” ဒီလှိုင်း ” ဆိုတဲ့ ဇာတ်ကောင် ကို ပိုင်နိုင်သက်ဝင်မှု တို့ကြောင့် ပရိသတ်တွေအသည်းကို ထပ်မံ ခြွေယူခဲ့နိုင်တာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲတွေတင်မကဘဲ ရုပ်ရှင်ကားကြီးတွေပါ ရိုက်ပြီး ပရိသတ်အားပေးမှုအပြည့်အဝရထားသူဖြစ်တဲ့အပြင် လတ်တလောမှာလည်း နေခြည်ဦးနဲ့တွဲဖက်ပြီး ရုပ်ရှင်ကားကြီး တစ်ကားရိုက်ကူးနေပြီး ထပ်မံရိုက်ကူးမည့် ရုပ်ရှင်ကားကြီးတွေများစွာရှိနေတာပဲ ဖြစ်ပါတယ်။




တက်သစ်စဖြစ်ပေမယ့်အမျိုးသမီးပရိသတ်တွေအများဆုံးအားပေးဝန်းရံခံရတဲ့သူပဲ ဖြစ်ပြီး သရုပ်ဆောင်ချက်တွေပီပြင်မှုကြောင့်အချိန်တိုတိုနဲ့အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ရှိခဲ့တဲ့သူလို့ဆိုနိုင်ပါတယ်။အနုပညာအလုပ်တွေမလုပ်ခင်က ” Southern Myanmar FC ” ဘောလုံးအသင်းရဲ့ ကစားသမားတစ်ဦးပဲ ဖြစ်ပြီးအသင်းရဲ့ တိုက်စစ်မှူး၊ ဂိုးပေါက်ကိုဘောလုံးအရောက်ထည့်ရတဲ့ရှေ့တန်းတိုက်စစ်မှူး နေရာကနေ ကစားခဲ့တဲ့ ကစားသမားဟောင်းတစ်ဦးပဲ ဖြစ်ပါတယ်။ဒေါင်းဟာသူ့ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို သိုသိုဝှက်ဝှက် နေထိုင်တတ်သူဖြစ်ပေမယ့် ယခုမှာတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သူ့ရဲ့ငယ်ဘဝ ဓာတ်ပုံလေးကို ချပြ လိုက်တာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးလည်း မြင်တွေ့ရန်ခက်ခဲလှတဲ့ ဒေါင်းရဲ့ ငယ်ဘဝပုံလေးကိုကြည့်ပြီး မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။





Source : Daung
Shwe Poe – CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

” မြင်တွေ့ရန်ခက်ခဲလှတဲ့ ငယ်ဘဝပုံရိပ်လေးကို ဖော်ထုတ်ပြသလိုက်တဲ့ ဒေါင်း ”

ဒေါင်းကတော့ ” ပုဂံမြို့သူ ” ဇာတ်လမ်းတွဲ မှာ မောင်မောင်ကြီး ကာရိုက်တာနဲ့ ပရိသတ်တွေရင်ထဲရောက်ခဲ့သူပဲ ဖြစ်ပြီး ” Star Awards Best Tv Series Actor ” ဆုကို ပုဂံမြို့သူဇာတ်ကားနဲ့ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒေါင်းကိုဆိုမကြွေတဲ့ မိန်းကလေးတွေမရှိသလောက်ပါပဲနော်။ဒေါင်းရဲ့ နောက်မှာ အားပေးတဲ့ အမာခံမိန်းကလေးပရိသတ်တွေ အများကြီးရှိပါတယ်။ ဒေါင်းရဲ့ ညှို့အားပြင်းတဲ့မျက်ဝန်းတစ်စုံနဲ့ သူ့ရဲ့ တည်ငြိမ်အေးဆေးတဲ့ အပြုံး ယောကျာ်းပီသတဲ့ ပုံစံကြောင့် နှုတ်ခမ်းနီမလေးတွေ ကြွေလောက်စရာ ဖြစ်နေတာပါ။

” လိပ်ပြာစံအိမ် ” ရုပ်ရှင်ကားကြီးနဲ့ စတင် ပွဲထွက်လာခဲ့ပြီး ဒုတိယတစ်ကားဖြစ်တဲ့ ” ဒဏ္ဍာရီမိုး ” ဇာတ်ကားမှာလည်း ” ဒီလှိုင်း ” ဆိုတဲ့ ဇာတ်ကောင် ကို ပိုင်နိုင်သက်ဝင်မှု တို့ကြောင့် ပရိသတ်တွေ အသည်းကို ထပ်မံ ခြွေယူခဲ့နိုင်တာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲတွေတင်မကဘဲ ရုပ်ရှင်ကားကြီးတွေပါ ရိုက်ပြီး ပရိသတ်အားပေးမှုအပြည့်အဝရထားသူဖြစ်တဲ့အပြင် လတ်တလောမှာလည်း နေခြည်ဦးနဲ့တွဲဖက်ပြီး ရုပ်ရှင်ကားကြီး တစ်ကားရိုက်ကူးနေပြီး ထပ်မံရိုက်ကူးမည့် ရုပ်ရှင်ကားကြီးတွေများစွာရှိနေတာပဲ ဖြစ်ပါတယ်။

တက်သစ်စဖြစ်ပေမယ့်အမျိုးသမီးပရိသတ်တွေ အများဆုံးအားပေးဝန်းရံခံရတဲ့သူပဲ ဖြစ်ပြီး သရုပ်ဆောင်ချက်တွေပီပြင်မှုကြောင့် အချိန်တိုတိုနဲ့ အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ရှိခဲ့တဲ့သူလို့ဆိုနိုင်ပါတယ်။အနုပညာအလုပ်တွေမလုပ်ခင်က ” Southern Myanmar FC ” ဘောလုံးအသင်းရဲ့ ကစားသမားတစ်ဦးပဲ ဖြစ်ပြီး အသင်းရဲ့ တိုက်စစ်မှူး၊ ဂိုးပေါက်ကိုဘောလုံးအရောက်ထည့်ရတဲ့ရှေ့တန်းတိုက်စစ်မှူး နေရာကနေ ကစားခဲ့တဲ့ ကစားသမားဟောင်းတစ်ဦးပဲ ဖြစ်ပါတယ်။ဒေါင်းဟာသူ့ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို သိုသိုဝှက်ဝှက် နေထိုင်တတ်သူဖြစ်ပေမယ့် ယခုမှာတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သူ့ရဲ့ငယ်ဘဝ ဓာတ်ပုံလေးကို ချပြ လိုက်တာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးလည်း မြင်တွေ့ရန်ခက်ခဲလှတဲ့ ဒေါင်းရဲ့ ငယ်ဘဝပုံလေးကိုကြည့်ပြီး မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။


Source : Daung
Shwe Poe – CeleGabar




Some text some message..