New York Fashion Week မှာလျှောက်လှမ်းခွင့်ရတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးမော်ဒယ်ဖြစ်လာတဲ့ Beauty
celegabar.com
|
2019-09-08



အနုပညာနာမည် Beauty လို့ လူသိများတဲ့ သက်သက်သင်းကတော့ မြန်မာနိုင်ငံသား တစ်ယောက်ဖြစ်ပြီးအာရှမှာသာမက ဥရောပမှာပါမော်ဒယ်အလုပ်တွေကို လုပ်ကိုင်နေတဲ့ သူတစ်ယောက်ပါ။မြန်မာနိုင်ငံမှာတော့ မြင်တွေ့နေကျဖြစ်တဲ့ မော်ဒယ်တွေထဲမှာမပါဝင်ပေမဲ့ Beauty ဟာ နိုင်ငံတကာမော်ဒယ်လောကအထိ ထိုးဖောက်အောင်မြင်နေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။




မြန်မာပရိသတ်တွေဟာ Beauty ကို ကြေငြာတွေမှာစတင်တွေ့ခဲ့ရတာမဟုတ်ပဲ ဒိတ်ဒိတ်ကြဲ မော်ဒယ်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ Asia’s Next Top Model Cycle 6 မှာမြန်မာကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်တဲ့အချိန်မှာမှစတင်သတိထားမိခဲ့တာပါ။ဒီပြိုင်ပွဲဟာဝင်ခွင့်ရဖို့အငိမတန်မှခက်ခဲပြီး မေမြတ်နိုးနဲ့ Beauty နှစ်ယောက်သာမြန်မာနိုင်ငံကိုယ်စားပြုအဖြစ်ဝင်ရောက် ယှဉ်ပြိုင်ဖူးတာပါ။အဲ့ဒီပွဲမှာဆိုရင် မြန်မာမလေး Beauty ဟာအနိုင်ရရှိဖို့အတွက်ရေပန်းစားခဲ့ပါတယ်။




ဒါပေမဲ့လည်း Top 4 နဲ့သာကျေနပ်ခဲ့ရပေမဲ့ winner တွေကိုသာစာချုပ်ချုပ်လေ့ရှိတဲ့ လန်ဒန်မြို့အခြေစိုက် Storm Model Management နဲ့စာချုပ်ချုပ်ဆိုဖို့အခွင့်အရေးရရှိခဲ့ပါတယ်။လက်ရှိမှာလည်း နယူးယောက်အခြေစိုက် Red Model Management နဲ့ လက်တွဲပြီးအလုပ်လုပ်ကိုင်နေပါတယ်။




စက်တင်ဘာလ(၆)ရက်နေ့ကစပြီးတော့အမေရိကန်နိုင်ငံနယူးယောက်မှာကျင်းပနေတဲ့ နာမည်ကျော် New York Fashion Week 2019 မှာလည်း Beauty ဟာ နာမည်ကြီး Brand တွေအတွက် ရှိုးလျှောက်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီအထဲမှာမှ ကမ္ဘာကျော်ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ Sherri Hill ရဲ့ Spring Summer 2020 New York Fashion Show မှာပါဝင်ခဲ့ပါသေးတယ်။ဒီပွဲမှာဆိုရင် Miss Universe 2015 Pia Alonzoအပါအဝင် နာမည်ကြီးအလှမယ်တော်တော်များများ ပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။ Beauty ကတော့ ဒီပွဲမှာပါဝင်ခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူကြောင်းကိုသူမရဲ့ဖေ့ဘွတ်အကောင့်မှာ ရေးသားထားပါတယ်။




မြန်မာမလေး Beauty ဟာ Asia’s Next Top Model ပြိုင်ပွဲမှာ နိုင်ငံရဲ့ဂုဏ်ကိုဆောင်နိုင်ခဲ့သလိုအချိန်တိုတိုအတွင်းမှာနိုင်ငံတကာမှနာမည်ကြီးမော်ဒယ်အေဂျင်စီတွေနဲ့လက်တွဲလုပ်ကိုင်နိုင်တဲ့အထိအောင်မြင်တဲ့သူဖြစ်လာခဲ့ပါပြီ။အခုဆိုရင်လည်း New York Fashion Week မှာ ကမ္ဘာကျော်တွေနဲ့တန်းတူပါဝင်ခွင့်ရတဲ့မြန်မာနိုင်ငံရဲ့ ပထမဆုံးမော်ဒယ်လည်းဖြစ်ပါတယ်။
မော်ဒယ်လောကမှာအခုထက်ပိုပြီးတောက်ပစွာအောင်မြင်နိုင်ပါစေ Beauty ရေ…။
Source:Beauty Facebook
Sweet – CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်



New York Fashion Week မှာလျှောက်လှမ်းခွင့်ရတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးမော်ဒယ်ဖြစ်လာတဲ့ Beauty
အနုပညာနာမည် Beauty လို့ လူသိများတဲ့ သက်သက်သင်းကတော့ မြန်မာနိုင်ငံသား တစ်ယောက်ဖြစ်ပြီးအာရှမှာသာမက ဥရောပမှာပါမော်ဒယ်အလုပ်တွေကို လုပ်ကိုင်နေတဲ့ သူတစ်ယောက်ပါ။မြန်မာနိုင်ငံမှာတော့ မြင်တွေ့နေကျဖြစ်တဲ့ မော်ဒယ်တွေထဲမှာမပါဝင်ပေမဲ့ Beauty ဟာ နိုင်ငံတကာမော်ဒယ်လောကအထိ ထိုးဖောက်အောင်မြင်နေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

မြန်မာပရိသတ်တွေဟာ Beauty ကို ကြေငြာတွေမှာစတင်တွေ့ခဲ့ရတာမဟုတ်ပဲ ဒိတ်ဒိတ်ကြဲ မော်ဒယ်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ Asia’s Next Top Model Cycle 6 မှာမြန်မာကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်တဲ့အချိန်မှာမှစတင်သတိထားမိခဲ့တာပါ။ဒီပြိုင်ပွဲဟာဝင်ခွင့်ရဖို့အငိမတန်မှခက်ခဲပြီး မေမြတ်နိုးနဲ့ Beauty နှစ်ယောက်သာမြန်မာနိုင်ငံကိုယ်စားပြုအဖြစ်ဝင်ရောက် ယှဉ်ပြိုင်ဖူးတာပါ။ အဲ့ဒီပွဲမှာဆိုရင် မြန်မာမလေး Beauty ဟာ အနိုင်ရရှိဖို့အတွက်ရေပန်းစားခဲ့ပါတယ်။

ဒါပေမဲ့လည်း Top 4 နဲ့သာကျေနပ်ခဲ့ရပေမဲ့ winner တွေကိုသာစာချုပ်ချုပ်လေ့ရှိတဲ့ လန်ဒန်မြို့အခြေစိုက် Storm Model Management နဲ့စာချုပ်ချုပ်ဆိုဖို့အခွင့်အရေးရရှိခဲ့ပါတယ်။လက်ရှိမှာလည်း နယူးယောက်အခြေစိုက် Red Model Management နဲ့ လက်တွဲပြီးအလုပ်လုပ်ကိုင်နေပါတယ်။

စက်တင်ဘာလ(၆)ရက်နေ့ကစပြီးတော့ အမေရိကန်နိုင်ငံနယူးယောက်မှာကျင်းပနေတဲ့ နာမည်ကျော် New York Fashion Week 2019 မှာလည်း Beauty ဟာ နာမည်ကြီး Brand တွေအတွက် ရှိုးလျှောက်ခဲ့တာလည်းဖြစ်ပါတယ်။ အဲ့ဒီအထဲမှာမှ ကမ္ဘာကျော်ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ Sherri Hill ရဲ့ Spring Summer 2020 New York Fashion Show မှာပါဝင်ခဲ့ပါသေးတယ်။ဒီပွဲမှာဆိုရင် Miss Universe 2015 Pia Alonzo အပါအဝင် နာမည်ကြီးအလှမယ်တော်တော်များများ ပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။ Beauty ကတော့ ဒီပွဲမှာပါဝင်ခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူကြောင်းကိုသူမရဲ့ဖေ့ဘွတ်အကောင့်မှာ ရေးသားထားပါတယ်။


မြန်မာမလေး Beauty ဟာ Asia’s Next Top Model ပြိုင်ပွဲမှာ နိုင်ငံရဲ့ဂုဏ်ကိုဆောင်နိုင်ခဲ့သလို အချိန်တိုတိုအတွင်းမှာနိုင်ငံတကာမှနာမည်ကြီးမော်ဒယ် အေဂျင်စီတွေနဲ့လက်တွဲလုပ်ကိုင်နိုင်တဲ့အထိ အောင်မြင်တဲ့သူဖြစ်လာခဲ့ပါပြီ။အခုဆိုရင်လည်း New York Fashion Week မှာ ကမ္ဘာကျော်တွေနဲ့တန်းတူပါဝင်ခွင့်ရတဲ့မြန်မာနိုင်ငံရဲ့ ပထမဆုံးမော်ဒယ်လည်းဖြစ်ပါတယ်။
မော်ဒယ်လောကမှာအခုထက်ပိုပြီးတောက်ပစွာအောင်မြင်နိုင်ပါစေ Beauty ရေ…။




Some text some message..