သင်ဇာနဲ့အတူတူ တွဲဖက်သရုပ်ဆောင်ဖို့ ရွေးချယ်ခြင်းခံလိုက်ရတဲ့ သရုပ်ဆောင်သစ်(၃)ဦး
celegabar.com
|
2019-09-08



အမှန်တကယ်အဖြစ်အပျက်လား ၊ လုပ်ဇာတ်လား ယနေ့အချိန်ထိ ကွဲကွဲပြားပြား ၊ ရှင်းရှင်းလင်းလင်း မသိရပေမဲ့လည်း တောင်ဒဂုံ ကျောက်စိမ်းဖိနပ်စက်ရုံမှ မုဒိန်းကျင့်အသတ်ခံလိုက်ရသည်ဆိုသော မြမြ ဆိုတဲ့ မိန်းကလေးရဲ့ သတင်းကတော့ မြန်မာတစ်နိုင်ငံလုံးမှာ ဟိုးလေးတစ်ကျော်ကျော် ဖြစ်ခဲ့ရပြီး ယနေ့အချိန်ထိ ပြောစမှတ်ဆိုစမှတ်တွင်နေဆဲဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ပေါ်အခြေခံကာ ရုပ်ရှင်ရိုက်ကူးမဲ့ ဒါရိုက်တာ ညိုမင်းလွင်ကတော့ “မြမြ” ရုပ်ရှင် ဇာတ်ကားအတွက် မြမြ ဇာတ်ရုပ်ကို ပုရိသတွေရဲ့အသည်းကျော် မင်းသမီး သင်ဇာဝင့်ကျော် ကို ရွေးချယ်ခဲ့ပြီးနောက်






မုဒိန်းသမား(၃)ယောက် ဇာတ်ကောင်ကိုတော့ သရုပ်ဆောင်အသစ်များမှ ရွေးချယ်ဖို့အတွက် လျှောက်လွှာများ ခေါ်ယူခဲ့ပြီးအတူတူတွဲဖက်သရုပ်ဆောင်ရမဲ့ မင်းသမီးမှာ သင်ဇာဝင့်ကျော်ဖြစ်နေတာကြောင့် လာရောက်လျှောက်ထားသူ ပိုမိုများခဲ့တယ်လို့ လည်း သိရပါတယ်။ ဒီနေ့ စက်တင်ဘာလ(၈)ရက်နေ့မှာတော့ မုဒိန်းသမား(၃) ယောက် ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်သစ်များ ရွေးချယ်ပွဲကို ပြုလုပ်ခဲ့ပြီး သင်ဇာကိုယ်တိုင်ကလည်း သရုပ်ဆောင်သစ်ရွေးချယ်ပွဲကို တက်ရောက်လာခဲ့ပါတယ်။





မုဒိန်းသမား (၃) ယောက် ဇာတ်ကောင်ကို သရုပ်ဆောင်ဖို့ ရွေးချယ်ခံလိုက်သူတွေကတော့ မျိုးလှိုင်ဝင်း ၊အက်စတာဆိုင်း နဲ့ လင်းနေ တို့ဖြစ်ပြီး သရုပ်ဆောင်သစ်တွေအဖြစ် ရုပ်ရှင်လောကထဲ ဝင်ရောက်လာနိုင်တဲ့အပေါ် ဒီဇာတ်ကောင် နဲ့ ပတ်သက်လို့ ဒါရိုက်တာ ညိုမင်းလွင်ရဲ့ သင်ပြမှုအပေါ်အကောင်းဆုံး သရုပ်ဆောင်သွားမယ်လို့ လည်း ဆိုထားတာမို့ ဒီရုပ်ရှင်ဇာတ်ကားကြီးကို လာမည့် (၂၀၂၀) ခုနှစ် ဝန်းကျင်လောက်မှာ ရုပ်ရှင်ပိတ်ကားထက် ရောက်ရှိလာနိုင်မယ်လို့ ခန့်မှန်းထားရပြီး လာမည့်အောက်တိုဘာလမှာ စတင် ရိုက်ကူးလို့ လည်း သိရပါတယ်။



Source: Exclusive On CeleGabar
Khin Mi Mi- CeleGabar
ယူနီကုဒ်နဲ့ ဖတ်ရန်

သင်ဇာနဲ့ အတူတူ တွဲဖက်သရုပ်ဆောင်ဖို့ ရွေးချယ်ခြင်းခံလိုက်ရတဲ့ သရုပ်ဆောင်သစ်(၃)ဦး

အမှန်တကယ် အဖြစ်အပျက်လား ၊ လုပ်ဇာတ်လား ယနေ့အချိန်ထိ ကွဲကွဲပြားပြား ၊ ရှင်းရှင်းလင်းလင်း မသိရပေမဲ့လည်း တောင်ဒဂုံ ကျောက်စိမ်းဖိနပ်စက်ရုံမှ မုဒိန်းကျင့် အသတ်ခံလိုက်ရသည်ဆိုသော မြမြ ဆိုတဲ့ မိန်းကလေးရဲ့ သတင်းကတော့ မြန်မာတစ်နိုင်ငံလုံးမှာ ဟိုးလေးတစ်ကျော်ကျော် ဖြစ်ခဲ့ရပြီး ယနေ့အချိန်ထိ ပြောစမှတ်ဆိုစမှတ်တွင်နေဆဲဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ပေါ် အခြေခံကာ ရုပ်ရှင်ရိုက်ကူးမဲ့ ဒါရိုက်တာ ညိုမင်းလွင်ကတော့ “မြမြ” ရုပ်ရှင် ဇာတ်ကား အတွက် မြမြ ဇာတ်ရုပ်ကို ပုရိသတွေရဲ့ အသည်းကျော် မင်းသမီး သင်ဇာဝင့်ကျော် ကို ရွေးချယ်ခဲ့ပြီးနောက်

မုဒိန်းသမား(၃)ယောက် ဇာတ်ကောင်ကိုတော့ သရုပ်ဆောင်အသစ်များမှ ရွေးချယ်ဖို့အတွက် လျှောက်လွှာများ ခေါ်ယူခဲ့ပြီး အတူတူတွဲဖက်သရုပ်ဆောင်ရမဲ့ မင်းသမီးမှာ သင်ဇာဝင့်ကျော်ဖြစ်နေတာကြောင့် လာရောက်လျှောက်ထားသူ ပိုမိုများခဲ့တယ်လို့ လည်း သိရပါတယ်။ ဒီနေ့ စက်တင်ဘာလ(၈)ရက်နေ့မှာတော့ မုဒိန်းသမား(၃) ယောက် ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်သစ်များ ရွေးချယ်ပွဲကို ပြုလုပ်ခဲ့ပြီး သင်ဇာကိုယ်တိုင်ကလည်း သရုပ်ဆောင်သစ်ရွေးချယ်ပွဲကို တက်ရောက်လာခဲ့ပါတယ်။

မုဒိန်းသမား (၃) ယောက် ဇာတ်ကောင်ကို သရုပ်ဆောင်ဖို့ ရွေးချယ်ခံလိုက်သူတွေကတော့ မျိုးလှိုင်ဝင်း ၊ အက်စတာဆိုင်း နဲ့ လင်းနေ တို့ဖြစ်ပြီး သရုပ်ဆောင်သစ်တွေ အဖြစ် ရုပ်ရှင်လောကထဲ ဝင်ရောက်လာနိုင်တဲ့ အပေါ် ဒီဇာတ်ကောင် နဲ့ ပတ်သက်လို့ ဒါရိုက်တာ ညိုမင်းလွင်ရဲ့ သင်ပြမှုအပေါ် အကောင်းဆုံး သရုပ်ဆောင်သွားမယ်လို့ လည်း ဆိုထားတာမို့ ဒီရုပ်ရှင်ဇာတ်ကားကြီးကို လာမည့် (၂၀၂၀) ခုနှစ် ဝန်းကျင်လောက်မှာ ရုပ်ရှင်ပိတ်ကားထက် ရောက်ရှိလာနိုင်မယ်လို့ ခန့်မှန်းထားရပြီး လာမည့် အောက်တိုဘာလမှာ စတင် ရိုက်ကူးလို့ လည်း သိရပါတယ်။


Source: Exclusive On CeleGabar
Khin Mi Mi- CeleGabar




Some text some message..