အပြန်အလှန် နှုှတ်ခမ်းချင်းထိကပ်ထားတဲ့ ရင်ခုန်ချင်စရာပုံရိပ်လေးနဲ့ နဒီဝင့်နိုင်ကို မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ပွင့်နဒီမောင်
celegabar.com
|
2019-09-09



မော်ဒယ်သရုပ်ဆောင်တွေဖြစ်ကြတဲ့ ပွင့်နဒီမောင်နဲ့ နဒီဝင့်နိုင်တို့နှစ်ယောက်ဟာဆိုရင်အရမ်းကို ခင်မင်ရင်းနှီးကြတဲ့အနုပညာညီမတွေ ပဲဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် စစနောက်နောက်နဲ့ ခင်မင်ရင်းနှီးမှုအတိုင်းအတာဟာလည်းအချိန်တွေပိုကြာလေလေ ပိုခိုင်မြဲလေလေဖြစ်ခဲ့ပါတယ်။ ဒီနေ့မှာလည်း ပွင့်နဒီမောင်တစ်ယောက် သူမရဲ့ချစ်ခင်ရတဲ့ မိတ်ဆွေတစ်ယောက်ဖြစ်တဲ့ နဒီဝင့်နိုင်ရဲ့မွေးနေ့လေးကိုအမှတ်တရဖြစ်အောင် သူမတို့အပြန်အလှန်အနမ်းပေးတော့မယ့်ပုံစံလေး ရိုက်ထားတဲ့ပုံရိပ်လေးတစ်ခုနဲ့ မွေးနေ့ ဆုတောင်းပေးခဲ့တာပဲဖြစ်ပါတယ်။




နှစ်ယောက်လုံးနာမည်လေးကလည်း ခပ်ဆင်ဆင်လေးဆိုတော့ မသိရင်ညီမလားလို့တောင် ထင်ချင်စရာပဲနော်။အလှူခံတွေလည်းအတူတူထွက်ခဲ့ကြပြီးအလန်းစားပုံရိပ်တွေမှာလည်း နှစ်ယောက်သားက တက်ညီလက်ညီ Pose ပေး ကြမ်းခဲ့ကြပါသေးတယ်။အနုပညာအလုပ်တွေကိုအချိန်အကြာကြီးအတူတူတွဲလုပ်ခဲ့ပြီး တစ်လှေတည်းစီး တစ်ခရီးတည်းသွားနေသူတွေအချင်းချင်း ရင်းနှီးမှု ကတော့ ပြောစရာလိုလောက်မယ်မထင်ပါဘူးနော်။




ဒီနေ့မှာကျရောက်တဲ့ နဒီဝင့်နိုင်ရဲ့မွေးနေ့ပွဲလေးကို သူမတို့နှစ်ယောက်ရဲ့ ရင်ခုန်ချင်စရာပုံရိပ်လေးနဲ့ ” Belated happy birthday ” ဆိုပြီး ပွင့်နဒီမောင်တစ်ယောက် ဆုတောင်းပေးခဲ့တာပဲဖြစ်ပါတယ်။ ဒီပုံလေးအောက်မှာတော့ ပရိသတ်တွေကလည်း နဒီဝင့်နိုင်ကို မွေးနေ့ဆုတောင်းတွေ ဝေဝေဆာဆာရေသားထားတာကိုလည်း တွေ့ရပါတယ်။ Happy Birthday ပါ နဒီရေ။



Photo – Nyi Nyi Maung
Happy – Cele Gabar

(ယူနီကုဒ်ဖြင့်ဖတ်ရန်)

” အပြန်အလှန် နှုှတ်ခမ်းချင်းထိကပ်ထားတဲ့ ရင်ခုန်ချင်စရာပုံရိပ်လေးနဲ့ နဒီဝင့်နိုင်ကို မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ပွင့်နဒီမောင် ”




မော်ဒယ်သရုပ်ဆောင်တွေဖြစ်ကြတဲ့ ပွင့်နဒီမောင်နဲ့ နဒီဝင့်နိုင်တို့နှစ်ယောက်ဟာဆိုရင် အရမ်းကို ခင်မင်ရင်းနှီးကြတဲ့ အနုပညာ ညီမတွေပဲဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် စစနောက်နောက်နဲ့ ခင်မင်ရင်းနှီးမှုအတိုင်းအတာဟာလည်း အချိန်တွေ ပိုကြာလေလေ ပိုခိုင်မြဲလေလေဖြစ်ခဲ့ပါတယ်။ ဒီနေ့မှာလည်း ပွင့်နဒီမောင်တစ်ယောက် သူမရဲ့ချစ်ခင်ရတဲ့ မိတ်ဆွေတစ်ယောက် ဖြစ်တဲ့ နဒီဝင့်နိုင်ရဲ့မွေးနေ့လေးကို အမှတ်တရဖြစ်အောင် သူမတို့အပြန်အလှန်အနမ်းပေးတော့မယ့်ပုံစံလေး ရိုက်ထားတဲ့ပုံရိပ် လေးတစ်ခုနဲ့ မွေးနေ့ဆုတောင်းပေးခဲ့တာပဲဖြစ်ပါတယ်။

နှစ်ယောက်လုံးနာမည်လေးကလည်း ခပ်ဆင်ဆင်လေးဆိုတော့ မသိရင်ညီမလားလို့တောင် ထင်ချင်စရာပဲနော်။ အလှူခံတွေ လည်းအတူတူထွက်ခဲ့ကြပြီး အလန်းစားပုံရိပ်တွေမှာလည်း နှစ်ယောက်သားက တက်ညီလက်ညီ Pose ပေး ကြမ်းခဲ့ကြပါသေး တယ်။ အနုပညာအလုပ်တွေကို အချိန်အကြာကြီးအတူတူတွဲလုပ်ခဲ့ပြီး တစ်လှေတည်းစီး တစ်ခရီးတည်းသွားနေသူတွေအချင်းချင်း ရင်းနှီးမှုကတော့ ပြောစရာလိုလောက်မယ်မထင်ပါဘူးနော်။

ဒီနေ့မှာကျရောက်တဲ့ နဒီဝင့်နိုင်ရဲ့မွေးနေ့ပွဲလေးကို သူမတို့နှစ်ယောက်ရဲ့ ရင်ခုန်ချင်စရာပုံရိပ်လေးနဲ့ ” Belated happy birthday ” ဆိုပြီး ပွင့်နဒီမောင်တစ်ယောက် ဆုတောင်းပေးခဲ့တာပဲဖြစ်ပါတယ်။ ဒီပုံလေးအောက်မှာတော့ ပရိသတ်တွေကလည်း နဒီဝင့်နိုင်ကို မွေးနေ့ဆုတောင်းတွေ ဝေဝေဆာဆာရေသားထားတာကိုလည်း တွေ့ရပါတယ်။ Happy Birthday ပါ နဒီရေ။


Photo – Nyi Nyi Maung
Happy – Cele Gabar




Some text some message..