ယောင်္ကျာလေးပရိတ်သတ်တွေကိုကြောက်ရကြောင်း ပြောပြလာတဲ့ Sunmi
popolay.com
|
2019-09-10

တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် Kpopအဆိုတော် Sunmi ဟာ Radio Starအစီအစဉ်မှာ ဆယ်လီတစ်ယောက်အနေနဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ကြုံတွေ့ရတဲ့အခက်အခဲလေးတွေကို ပြောပြလာပါတယ်။


>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<



Sunmi ဟာ တစ်ကိုယ်တော်အဆိုတော်တစ်ယောက်အဖြစ် ရပ်တည်ခဲ့တာ ၆ နှစ်တိတိရှိခဲ့ပါပြီ။ Wonder Girlsအဖွဲ့နဲ့အတူအောင်မြင်ခဲ့ပြီးအဖွဲ့ကွဲပြီးနောက် တစ်ကိုယ်တော်အဆိုတော်အဖြစ် ရပ်တည်လာခဲ့တာဖြစ်ပါတယ်။



သူမက Radio Star မှာ သူမကိုအနှောင့်အယှက်ပေးတဲ့ ယောင်္ကျားလေးပရိတ်သတ်တွေအကြောင်းပြောပြလာပါတယ်။


“ကျွန်မ ပုံမှန်အားဖြင့် ဆိုရှယ်မီဒီယာမှာလာပို့ထားတဲ့ message တွေကို ဖတ်လေ့မရှိဘူး။ ဒါပေမဲ့ လူတစ်ယောက်တည်းက ဂရုစိုက်ပါ၊ ထမင်းစားပါအချိန်မှန်မှန်အဲ့လိုမျိုးတွေ လာပို့တော့ ကျွန်မလန့်လာတယ်။ ယောင်္ကျားလေးတွေ ဒီလိုလုပ်ရင် ကျွန်မအရမ်းကြောက်တာပဲ။ ကိုယ်က ဘာမှမလုပ်ပဲနဲ့တောင် မလုံဘူးလို့ ခံစားနေရတယ်” ဆိုပြီးပြောသွားပါတယ်။



တစ်ဖန် Sunmi က “နောက်ခါ ဒီလို message မျိုးပို့လာတဲ့သူရှိရင် ချက်ချင်း block ပစ်လိုက်တယ်” ဆိုပြီး ပြောပြသွားပါတယ်။



အမြဲတမ်း တစ်ယောက်တည်း သွားလာတတ်ပြီး တစ်ကိုယ်တည်းနေတတ်တဲ့ Sunmiအတွက် ဒီလိုကိစ္စမျိုးတွေက ထိတ်လန့်စရာဆိုတာအမှန်ပါပဲ။ Sunmi လူတိုင်းတွေ့မြင်နိုင်တဲ့ Radio Star လိုအစီအစဉ်မျိုးမှာ ထုတ်ဖော်ပြောကြားလိုက်တာကြောင့် ပရိတ်သတ်တွေအနေနဲ့ ဒီလို message မျိုးမပို့မိအောင် ဆင်ခြင်နိုင်သွားမှာပါ။

Ref:koreaboo

(ပိုပိုလေး)




Some text some message..