သားဖြစ်သူကြီးလာရင် သူ့လိုမျိုးမဖြစ်စေချင်တဲ့ Yoo Jae Suk
popolay.com
|
2019-09-10

တောင်ကိုးရီးယား နာမည်ကျော် variety show တစ်ခုဖြစ်တဲ့ Running Manအဖွဲ့ဝင် Yoo Jae Suk ဟာ လတ်တလော ထုတ်လွှင့်သွားတဲ့ Laborhood On Fireအစီအစဉ်မှာ သားဖြစ်သူအကြောင်းကို ပြောပြလာပါတယ်။ သားဖြစ်သူဟာ ငယ်ရွယ်ပေမယ့်အဖေလိုမျိုးအစအနောက်သန်တာကြောင့် ကြီးလာရင် ဒီလိုမဖြစ်စေလိုကြောင်း တည်ကြည်တဲ့လူတစ်ယောက်ဖြစ်စေလိုတာ သူ့ဆန္ဒဖြစ်ကြောင်း ပြောပြလာပါတယ်။


>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<




Yoo Jae Suk ဟာအစအနောက်သန်လွန်းတဲ့ သားဖြစ်သူကို မကြာခဏ ဆူပူကြိမ်းမောင်းနေရကြောင်း ပြောပြလာပါတယ်။


“ကျွန်တော့်သား Ji Ho ကိုအဲ့လိုမနေနဲ့ တည်တည်ကြည်ကြည်နေလို့ ဆုံးမရတိုင်း ကျွန်တော့်စိတ်ထဲမှာ မဖြောင့်ဘူး။ ဘာလို့လဲဆို ကျွန်တော်ကိုယ်တိုင်ကလဲအဲ့လိုဖြစ်နေတာကိုး” ဆိုပြီး ပြောပြလာပါတယ်။



“မိန်းမက ကျွန်မတို့သား ဘာလို့ ဒီလိုဖြစ်နေတာလဲ ဆိုပြီး ကျွန်တော့်ကိုမေးတယ်။ ကျွန်တော် ဘာမှမပြောဘဲ နေလိုက်တယ်။ ဒါပေမဲ့စိတ်ထဲမှာတော့ သားက ကျွန်တော့်ဆီက မျိုးရိုးလိုက်ပြီးအခုလိုအစအနောက်သန်နေတယ်ဆိုတာ ကျွန်တော်သိနေတယ်လေ။” ဆိုပြီးပြောပြလာပါတယ်။



“Ji Ho လောက်တော့ ကျွန်တော် မဆိုးသေးပါဘူး လို့ပြောရင် လိမ်ရာကျမှာပေါ့။ ကျွန်တော် ငယ်ငယ်ကလဲ ဒီအတိုင်းပဲအမေဆိုသိတယ် Ji Ho ကကျွန်တော်နဲ့ တစ်ထေရာတည်းပဲဆိုတာ” ဆိုပြီး ပြောပြသွားပါတယ်။




Yoo Jae Suk ရဲ့ သား Ji Ho ဟာ မေလ ၁ရက်၊ ၂၀၁၀ မှာမွေးဖွားပြီးအသက်အရွယ်အားဖြင့် ၆ နှစ်ရှိပြီပဲဖြစ်ပါတယ်။ ငယ်သေးပေမဲ့အဖေလိုအစအနောက်သန်တဲ့အဖေသူသားလေး၊ ကြီးလာရင်အဖေလို နာမည်ကြီး MC ဖြစ်မလာဘူးလို့ မပြောနိုင်ပါဘူး။




Ref:koreaboo

(ပိုပိုလေး)




Some text some message..