ပကာသနတွေမဖက်ဘဲ ချစ်ခင်ရသူတွေနဲ့ ရိုးရှင်းစွာ ကျင်းပပြုလုပ်ခဲ့တဲ့ နေတိုးရဲ့ မွေးနေ့ပွဲဗီဒီယိုဖိုင်လေး
myanmarload.com
|
2019-09-10



မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲမင်းသားတစ်ဦးဖြစ်တဲ့ သရုပ်ဆောင် နေတိုးကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေအများဆုံးရိုက်ကူးနေရတဲ့ မင်းသားတစ်လက် ဖြစ်ပါတယ်။ ချောမောခန့်ညားပြီး ငယ်ရွယ်နုပျိုတဲ့ ရုပ်ရည်ကိုပိုင်ဆိုင်ထားတဲ့ နေတိုးက ယနေ့အချိန်အထိအေးအေးဆေးဆေး လူပျိုကြီးအဖြစ် ဘဝကိုဖြတ်သန်းနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ(၉)ရက်နေ့ကတော့ နေတိုးရဲ့မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။






မနေ့ကကျရောက်တဲ့အသက် (၃၈) နှစ်ပြည့်မွေးနေ့လေးမှာတော့ နေတိုးကအလှူအတန်းတွေပြုလုပ်ခဲ့ပြီး ရိုးရိုးရှင်းရှင်း ဖြတ်သန်းခဲ့ပါတယ်။အခုလည်း သမီးလေးသွန်းမြတ်ကြယ်စင်က ဦးဦးနေတိုးရဲ့မွေးနေ့ပွဲမှာ ကိတ်လေးခွဲပြီး ပျော်ရွှင်နေခဲ့တဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေခဲ့ပါတယ်။ နေတိုးက ချစ်ရတဲ့မိခင်အပါအဝင် မင်းသမီးမိုးဟေကို၊ ကလေးသရုပ်ဆောင်လေး သွန်းမြတ်ကြယ်စင်တို့နဲ့အတူ ရူတင်မှာပဲ ပျော်ပျော်ပါးပါး မွေးနေ့ကိတ်ခွဲခဲ့တာ ဖြစ်ပါတယ်။






မွေးနေ့ကိတ်ခွဲပြီး မုန့်လိုက်ခွံကာပျော်ရွှင်နေတဲ့ ဦးဦးနေတိုးရဲ့မွေးနေ့ပွဲဗီဒီယိုဖိုင်လေးကိုတော့ သွန်းမြတ်ကြယ်စင်က " ဦးဦးနေတိုးရဲ မွေးနေ့ရက်လေးမှာပျော်ပျော်ရွှင်ရွှင် မွေးနေ့ကိတ်ခွဲနေကြတာပါရှင့် ဦးဦးနေတိုး ခွံကျွေးတာကိုလည်း သွန်းလေးတို့ မောင်နှမ နှစ်ယောက် ပျော်ပျော်ကြီးစားနေကြတာမွေးနေ့မှာအတူတူရှိရလို့လည်း သမီးလေးကအရမ်းပျော်နေပါတယ်တဲ့ နောက်နှစ်တွေလည်းအတူတူရှိချင်ပါတယ်တဲ့" ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နေတိုးရဲ့မွေးနေ့ပွဲဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။






Some text some message..