စကားပြော တအားယဉ်ကျေးလို့နာမည်ကြီးနေတဲ့ ဇော်ပိုင့်သားလေး ရွှေပိုင်
popolay.com
|
2019-09-10

လတ်တလော လူမှုကွန်ယက်မှာ နာမည်ကြီးနေတဲ့ သားသားလေး ရွှေပိုင်ကတော့ ဖေဖေဦးဇော်ပိုင်နဲ့ မေမေ ဒေါ် မီမီနေမင်းဝင်းတို့ရဲ့ သားလေးဖြစ်ပါတယ်။




ရွှေပိုင်လေးဟာ ဒီနှစ်ထဲမှာအသက် (၇) နှစ်ရှိသွားပါပြီ။ ပြီးခဲ့တဲ့ သြဂုတ်လ ကုန်လောက်က ညီမလေး ထိပ်ထားသခင်ရဲ့ မွေးနေ့ပွဲကိုတက်ရောက်ခဲ့ပါတယ်။ ရွှေပိုင်လေးက ညီမလေး ထိပ်ထားကို ရန်ပုံငွေတွေ ပေးခဲ့ပါတယ်တဲ့။




စကားပြောယဉ်ကျေးပြီး ချစ်ဖို့ကောင်းတဲ့ ရွှေပိုင်လေးကိုအင်တာဗျူးမမတွေကိုအသည်းယားပြီး ချစ်မဝဖြစ်နေကြပါတယ်။ ရွှေပိုင်ကအရင်တုန်းကအင်တာဗျူးတွေမှာ ကြီးလာရင် စစ်သားကြီးဖြစ်ချင်တယ်လို့ ပြောခဲ့ပေမယ့်အခုတော့ မဖြစ်ချင်တော့ပါဘူးတဲ့။




အရင်တုန်းက မီးသတ်သမားကြီးဖြစ်ချင်ခဲ့ပေမယ့် ခုတော့ ‘သားသား သေချာမသိတော့လို့ စဉ်းစားပါဦးမယ်’ တဲ့။အင်တာဗျူးမမတွေက ရွှေပိုင့်ကို ဖေ့ဖေ့လိုအဆိုတော်ကြီးမဖြစ်ချင်ဘူးလား လို့မေးတဲ့အခါမှာတော့ ‘သားသား မသေချာသေးဘူး’ လို့ပြောပါတယ်။




ဖေဖေ့သီချင်းထဲက တစ်ပုဒ်လောက်သားသားရတဲ့ သီချင်းရှိလားဆိုတော့ဖြင့် ‘သားသား စဉ်းစားလိုက်ပါမယ် ခင်ဗျာ’ လို့ပြောပါတယ်။



‘မေမေက သားသားကြီးလာရင် ဘာလုပ်ရမယ်၊ မေမေက သားသားကိုဘာဖြစ်စေချင်တာလဲ’ လို့မေးတဲ့အခါမှာတော့ ‘မေမေက သားသားကို ရွှေတွေ၊ငွေတွေအများကြီးရှာရမယ်လို့ပြောတယ်’ ဆိုပြီးဖြေထားပါတယ်။



ရွှေပိုင်လေးက စကားအပြောအဆို ယဉ်ကျေးရုံသာမက ဘာကိုမှ မကွယ်မဝှက်ဘဲ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်တဲ့ ကလေးလေးပါ။


လိမ္မာတဲ့ သားသားလေး ရွှေပိုင် နာမည်နဲ့လိုက်အောင် ရွှေတွေအများကြီး ပိုင်ရပါစေလို့ ပိုပိုလေးမှ ဆုတောင်းပေးလိုက်ပါတယ်နော်။



Ref:Myanmar Celebrity

(ပိုပိုလေး)





ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..