နာမည်ကျော်အဆိုတော်တွေဖြစ်ကြတဲ့အောင်လနဲ့ဝိုင်းစုခိုင်သိန်းတို့ ချစ်သူနှစ်ဦးဟာဆိုရင် ဝါသနာချင်းတူတဲ့အပြင် လျှောက်လှမ်းနေ တဲ့ ဂီတလမ်းကြောင်းပေါ်မှာလည်းအောင်မြင်မှုရနေသူ တွေဖြစ်ကြပြီး ပရိသတ်အားပေးမှုတွေကိုလည်းအပြည့်အဝရရှိထားသူတွေ လည်းဖြစ်ပါတယ်။ နှစ်ယောက်သားရဲ့ချစ်သက်တမ်းလေးဟာအချိန်အတိုင်းအတာတစ်ခုထိရောက်ရှိလာပြီဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေ၊ ယုံကြည်မှုတွေနဲ့ ချစ်ခြင်းမေတ္တာတွေပါ ပေါင်းစုပြီး တည်ဆောက်ထားတဲ့ သူမတို့နှစ်ယောက်ရဲ့ ချစ်ကမ္ဘာ လေးက တော်ရုံနဲ့ပြိုလဲမသွားနိုင်ပါဘူး။
နှစ်ယောက်သားရဲ့မင်္ဂလာသတင်းလေးကိုအားလုံးကမျှော်လင့်နေကြပေမယ့် လက်ရှိအချိန်ထိတော့အလုပ်တွေကိုပဲဦးစားပေးပြီး တစ်ယောက်နဲ့တစ်ယောက်ဖေးမကူညီနေတာကိုပဲ ကြည်ကြည်နူးနူးလေး မြင်တွေ့နေရဆဲပါ။အမြဲလိုလိုအတူတူရှိနေတတ်ပြီး တစ်ယောက်နဲ့တစ်ယောက်လည်း သိပ်ချစ်ကြတဲ့အမူအရာလေးတွေကတော့ တကယ့်ကိုအားကျစရာလေးတွေပေါ့နော်။ ကိုယ်ချစ်ရတဲ့ သူရဲ့အနားမှာအချိန်တိုင်းအတူတူရှိနေရတဲ့ ခံစားချက်လေးကတော့ ပြောမပြနိုင်အောင်ကြည်နူးစရာလေးပေါ့။
သူမတို့နှစ်ယောက်ရဲ့ပွဲတက်ပုံရိပ်လေးတွေကို ဝိုင်းစုက သူမရဲ့လူမှုကွန်ယက်မှာဝေမျှလိုက်တာပဲ ဖြစ်ပါတယ်။ ဝိုင်းစုကိုဖက်ထားပြီး ပြုံးနေတဲ့အောင်လရဲ့အပြုံးတွေက သူမကိုသိပ်ချစ်တယ်ဆိုတဲ့အဓိပ္ပါယ်တွေအပြည့်အဝပါဝင်နေပါတယ်။ လိုက်ဖက်လွန်းတဲ့ သူမတို့နှစ်ယောက်ရဲ့ ရွှေလက်တွဲပုံရိပ်လေးတွေကလည်း တကယ့်ကိုကြည်နူးစရာလေးမို့ တင်ဆက်ပေးလိုက်တယ်နော်။
Photo – Winsu Khine Thein
Happy – Cele Gabar
(ယူနီကုဒ်ဖြင့်ဖတ်ရန်)
” လိုက်ဖက်လွန်းတဲ့စုံတွဲလေးအဖြစ်နဲ့ တူယှဉ်တွဲပြီး ပွဲတက်လာခဲ့တဲ့ အောင်လနဲ့ ဝိုင်းစုခိုင်သိန်း ”
နာမည်ကျော်အဆိုတော်တွေဖြစ်ကြတဲ့ အောင်လနဲ့ဝိုင်းစုခိုင်သိန်းတို့ ချစ်သူနှစ်ဦးဟာဆိုရင် ဝါသနာချင်းတူတဲ့အပြင် လျှောက်လှမ်းနေတဲ့ ဂီတလမ်းကြောင်းပေါ်မှာလည်း အောင်မြင်မှုရနေသူ တွေဖြစ်ကြပြီး ပရိသတ်အားပေးမှုတွေကိုလည်း အပြည့်အဝရရှိထားသူတွေလည်းဖြစ်ပါတယ်။ နှစ်ယောက်သားရဲ့ချစ်သက်တမ်းလေးဟာ အချိန်အတိုင်းအတာတစ်ခုထိရောက်ရှိလာပြီဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေ၊ ယုံကြည်မှုတွေနဲ့ ချစ်ခြင်းမေတ္တာတွေပါ ပေါင်းစုပြီး တည်ဆောက်ထားတဲ့ သူမတို့နှစ်ယောက်ရဲ့ ချစ်ကမ္ဘာလေးက တော်ရုံနဲ့ပြိုလဲမသွားနိုင်ပါဘူး။
နှစ်ယောက်သားရဲ့မင်္ဂလာသတင်းလေးကို အားလုံးကမျှော်လင့်နေကြပေမယ့် လက်ရှိအချိန်ထိတော့ အလုပ်တွေကိုပဲဦးစားပေးပြီး တစ်ယောက်နဲ့တစ်ယောက်ဖေးမကူညီနေတာကိုပဲ ကြည်ကြည်နူးနူးလေး မြင်တွေ့နေရဆဲပါ။ အမြဲလိုလိုအတူတူရှိနေတတ်ပြီး တစ်ယောက်နဲ့တစ်ယောက်လည်း သိပ်ချစ်ကြတဲ့ အမူအရာလေးတွေကတော့ တကယ့်ကိုအားကျစရာလေးတွေပေါ့နော်။ ကိုယ်ချစ်ရတဲ့သူရဲ့အနားမှာ အချိန်တိုင်းအတူတူရှိနေရတဲ့ ခံစားချက်လေးကတော့ ပြောမပြနိုင်အောင်ကြည်နူးစရာလေးပေါ့။
သူမတို့နှစ်ယောက်ရဲ့ပွဲတက်ပုံရိပ်လေးတွေကို ဝိုင်းစုက သူမရဲ့လူမှုကွန်ယက်မှာဝေမျှလိုက်တာပဲ ဖြစ်ပါတယ်။ ဝိုင်းစုကိုဖက်ထားပြီး ပြုံးနေတဲ့အောင်လရဲ့အပြုံးတွေက သူမကိုသိပ်ချစ်တယ်ဆိုတဲ့ အဓိပ္ပါယ်တွေအပြည့်အဝပါဝင်နေပါတယ်။ လိုက်ဖက်လွန်းတဲ့ သူမတို့နှစ်ယောက်ရဲ့ ရွှေလက်တွဲပုံရိပ်လေးတွေကလည်း တကယ့်ကိုကြည်နူးစရာလေးမို့ တင်ဆက်ပေးလိုက်တယ်နော်။
Photo – Winsu Khine Thein
Happy – Cele Gabar