ရုပ်ဖျက်ပြီးအများနည်းတူ မြေအောက်ရထားလိုက်စီးခဲ့တဲ့ IU
popolay.com
|
2019-09-12

ပရိတ်သတ်ကြီး သည်းသည်းလှုပ်ချစ်ရတဲ့ Hotel Del Luna ပိုင်ရှင် သူဌေးမလေး Jang Manwol ကတော့ ဇာတ်လမ်းတွဲရိုက်ကူးပြီးသွားပြီဖြစ်လို့အပြည့်အဝအပန်းဖြေနေပြီပဲဖြစ်ပါတယ်။ သူဌေးမလေး IU ရုပ်ဖျက်ပြီး ဘယ်လို လည်ပတ်ခဲ့တယ်ဆိုတာ သိရှိဖို့ ပိုပိုလေးနဲ့အတူ လိုက်ပါစီးမျောလိုက်ရအောင်။


>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<



နွေရာသီကုန်ဆုံးလို့ ဆောင်းဦးရာသီကို ကူးပြောင်းတဲ့ကာလဟာ လည်ပတ်လို့အကောင်းဆုံးအချိန်ပါပဲ။


IU ဟာ သူငယ်ချင်းနဲ့အတူအပြင်ထွက် ရုပ်ဖျက်ပြီး လည်ပတ်ခဲ့ပါတယ်။အများနည်းတူ မြေအောက်ရထား လိုက်စီးခဲ့ပေမယ့် သူမကို IU မှန်း ဘယ်သူမှ သတိမထားမိခဲ့ကြပါဘူး။


အနက်ရောင် ဦးထုပ်အဝိုင်းကို ခပ်ငိုက်ငိုက်ဆောင်းထားပြီး သာမန်အဝတ်အစားနဲ့သာ လည်ပတ်ခဲ့ပါတယ်။ နောက်ထပ် လူတွေမမှတ်မိအောင်အကာအကွယ်ယူဖို့ နေကာမျက်မှန်ကိုလဲ သူမနဲ့အတူ ယူဆောင်လာပါသေးတယ်။




သူငယ်ချင်းနဲ့အတူ မိုးရေထဲ လျှောက်သွားခဲ့ပြီး ပင်လယ်စာ desserts တွေစားခဲ့ပါသေးတယ်။


IU ဟာ ကားမှတ်တိုင်မှာ ထိုင်ရင်း မိုးရွာတာကို ထိုင်ကြည့်နေခဲ့ပါတယ်။


အောင်မြင်ကျော်ကြားတဲ့အနုပညာရှင်တစ်ယောက်ဖြစ်လာတဲ့ IUအနေနဲ့အရင်ကလို လွတ်လွတ်လပ်လပ်သွားလာလို့ရတဲ့ ဘဝလေးကို ပြန်လည်ပိုင်ဆိုင်ချင်မိမှာပါပဲ။




Ref:koreaboo

(ပိုပိုလေး)




Some text some message..