Batmanအဖြစ်သရုပ်ဆောင်မယ့် ရောဘတ် ပတ်တင်ဆန်ကိုချီးကျူးလိုက်တဲ့ ခရစ္စတင်းစတီးဝပ်
yoyarlay.com
|
2019-09-12



ခရစ္စတင်းစတီးဝပ်ထ် (Robert Pattinson) ကတော့ DC ရဲ့ စူပါဟီးရိုးဇာတ်ကောင် Batmanအဖြစ်သရုပ်ဆောင်ဖို့ရွေးချယ်ခံထားရတဲ့ ရောဘတ် ပတ်တင်ဆန် (Robert Pattinson) ကို ထောက်ခံအားပေးမှုပြုလုပ်လိုက်ပါတယ်။ တိုရွန်တိုရုပ်ရှင်ပွဲတော်မှာပြုလုပ်တဲ့ Seberg ရုပ်ရှင်အထူးပွဲကိုတက်ရောက်ခဲ့စဉ် သူ့ရဲ့သရုပ်ဆောင်ဖက် ရောဘတ် ပတ်တင်ဆန်အနေနဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ဇာတ်ကောင်နေရာတစ်ခုမှာ သရုပ်ဆောင်ခွင့်ရလိုက်တာဖြစ်ကြောင်း ခရစ္စတင်းစတီးဝပ်ထ်က ဆိုခဲ့တာပါ။




“အဲဒီနေရာမှာ သရုပ်ဆောင်နိုင်မယ့်တစ်ဦးတည်းသောသူက သူပဲရှိတယ်လို့ ကျွန်မထင်ပါတယ်။ သူသရုပ်ဆောင်ရမယ်ဆိုတာကိုကြားကြားချင်း ကျွန်မသိပ်ပျော်သွားပြီး ဟေး ရောဘတ်အဲဒါက တကယ်မိုက်တယ်ဟ လို့တောင်ပြောမိခဲ့သေးတယ်” လို့လည်း ခရစ္စတင်း က ပြောပြပါတယ်။ Batmanအဖြစ်သရုပ်ဆောင်မယ့်ရောဘတ်မှာက မူရင်းဇာတ်ကောင်အတိုင်း ပြီးပြည့်စုံတဲ့မေးရိုးဖွဲ့စည်းပုံလည်းရှိနေကြောင်း သူက ထပ်ပြောပြပါသေးတယ်။




ခရစ္စတင်းစတီးဝပ်ထ်နဲ့ ရောဘတ် ပတ်တင်ဆန်တို့ဟာ Twilight ဇာတ်လမ်းတွေမှာအတူတွဲဖက်သရုပ်ဆောင်ခဲ့ကြသူတွေဖြစ်ပြီး ၂၀၀၉ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်လောက်ထိ တွဲခုတ်ခဲ့ကြဖူးပါတယ်။




Batman သရုပ်ဆောင်နေရာမှာ လူငယ်သရုပ်ဆောင်တစ်ယောက်နဲ့အစားထိုးလိုတဲ့ ဒါရိုက်တာ Reeves ရဲ့ ရွေးချယ်မှုမှာ ရောဘတ် ပတ်တင်ဆန်က နစ်ကိုးလက်စ် ဟော့လ်ထ် (Nicholas Hoult) ကိုကျော်ဖြတ်ပြီး ရွေးချယ်ခံခဲ့ရတာပါ။အခု ရိုက်ကူးမယ့် Batman ရုပ်ရှင်ကတော့ တခြားသော ဘယ် DCEU ရုပ်ရှင်နဲ့မှ မဆက်စပ်နေဘဲ Batman ရဲ့ စုံစမ်းထောက်လှမ်းမှုစွမ်းရည်တွေကိုပဲအသားပေးမှာဖြစ်တယ်လို့ ဒါရိုက်တာ Reeves က ဆိုထားပါတယ်။

Ref: MSN “Kristen Stewart lauds Robert Pattinson’s casting as Batman”

TH (ရိုးရာလေး)




Some text some message..