ရုပ်ဆိုးတုန်းက လျစ်လျူရှုခံရလို့ မျက်နှာခွဲစိတ်ပြီး idol နဲ့အတူအိပ်ခဲ့တဲ့ မိန်းကလေး
popolay.com
|
2019-09-13

ဂျပန်နိုင်ငံရှိ idolအဆိုတော်အဖွဲ့ HiHi Jets မှအဖွဲ့ဝင် Hashimoto Ryo နဲ့ Sakuma Ryoto တို့ဟာအရူးအမူးပရိတ်သတ်မိန်းကလေးကို လျစ်လျူရှုမိခဲ့ပါတယ်။ ပရိတ်သတ်မိန်းကလေးဟာ သူမ ရုပ်ဆိုးတာကြောင့် ဒီ idols တွေဆီက လျစ်လျူရှုတာခံရတာဆိုပြီး မျက်နှာခွဲစိတ်ပြုပြင်ခဲ့ပါတယ်။


>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<




ပရိတ်သတ် မိန်းကလေးဟာ Hashimoto Ryo နဲ့ Sakuma Ryoto တို့နဲ့ ဓာတ်ပုံရိုက်ကူးခွင့် မရတာကြောင့် စိတ်ထိခိုက်ခဲ့ရပါတယ်။


သူမဟာအရင်ဆုံး ရုပ်ချောအောင် မျက်နှာခွဲစိတ်ပြုပြင်ပြီးတော့ Hashimoto နဲ့ Sakuma တို့ကို ဆက်သွယ်ပြီး ဒိတ်လုပ်ခဲ့ပါတယ်။

ရုပ်ဆိုးတုန်းက လစ်လျူရှုခဲ့တဲ့ idols နှစ်ယောက်လုံးကို တစ်ပြိုင်နက်တွဲပြီး ကလဲ့စားချေခဲ့ပါတယ်။ ဒါကို Sakuma Ryoto က သိသွားတဲ့နောက် သူမကိုအဆက်အသွယ်ဖြတ်ခဲ့ပေမယ့် Hashimoto Ryo ကတော့ မပြတ်နိုင်ခဲ့ပါဘူး။



Sakuma Ryoto သူမကိုအဆက်အသွယ်ဖြတ်ပြီးနောက် idol နှစ်ယောက်ရဲ့ ဓာတ်ပုံတွေကိုအင်တာနက်မှာ တင်ပြီး လူသိရှင်ကြားဖြစ်စေခဲ့ပါတယ်။




သူတို့နှစ်ယောက် သူမနဲ့အတူအိပ်နေတဲ့ ဓာတ်ပုံတွေ ဆေးလိပ်သောက်နေတဲ့ ပုံတွေကို ချပြခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သတ်ပြီး idolအဆိုတော်တွေရဲ့အေဂျင်စီကအတည်ပြုခြင်းမရှိသလို ငြင်းဆိုခြင်းလဲမရှိသေးပါဘူး။

Ref:koreaboo

(ပိုပိုလေး)




Some text some message..