မိတ်ကပ်မပါပဲ ယုံကြည်မှုရှိရှိအပြင်ထွက်ပြလိုက်တဲ့ နေခြည်ဦး
popolay.com
|
2019-09-16
Beauty Bloggerအဖြစ်နဲ့ သူမရဲ့ဘဝကိုစတင်ခဲ့တဲ့ နေခြည်ဦးကတော့အချိန်တိုအတွင်းမှာပင်အနုပညာလောကထဲမှာသာမက ဆိုရှယ်မီဒီယာပေါ်မှာပါအအောင်မြင်ဆုံး၊အကျော်ကြားဆုံးသူတစ်ယောက်ဖြစ်လို့လာပါပြီ။ နေခြည်ဦးလို့ပြောလိုက်ရင် မသိသူမရှိအောင် သူမရဲ့အရှိန်အဝါက ကြီးမားလှပြီး လူချစ်လူခင်ပေါများသူတစ်ယောက်လည်းဖြစ်ပါတယ်။ နေခြည်ဦးကတော့ သူမရဲ့ဘဝကို ဖုံးကွယ်သိုဝှက်ထားခြင်းမရှိပဲအရှိကိုအရှိအတိုင်းချပြကာ ပွင့်ပွင့်လင်းလင်းပြောဆိုနေထိုင်တတ်သူလဲဖြစ်ပါတယ်။ ဒါ့ကြောင့်ပင် သူမရဲ့ Fan တွေက ခြည်ခြည်မှ ခြည်ခြည်ဆိုပြီးအခိုင်အမာဝန်းရံအားပေးနေကြတာပါ။

လက်ရှိ ဆိုရှယ်မီဒီယာဖေ့စ်ဘွတ်မှာ Followerအများဆုံးနဲ့ ထိပ်တန်းကရပ်တည်နေတဲ့ နေခြည်ဦးကတော့ သူမကိုယ်တိုင်အလှအပကိုချစ်မြတ်နိုးသူဖြစ်ပြီးအမျိုးသမီးထုကြီးအတွက်အလှအပရေးရာနဲ့ပတ်သက်တဲ့အကြံဉာဏ်ကောင်းများကို မျှဝေပေးလေ့ရှိတာကြောင့် မိန်းကလေးတိုင်းကစံထားရတဲ့အလှအပရေးရာ ရှေ့ဆောင်လမ်းပြတစ်ဦးလဲဖြစ်နေပြန်ပါတယ်။ နေခြည်ဦးကတော့အလှအပကိုမြတ်နိုးခုံမင်သူဖြစ်တာကြောင့် သူမရဲ့မျက်နှာကိုပါ ခွဲစိတ်ပြုပြင်မှုပြုလုပ်ထားတာပါ။

Beauty Blogger တစ်ယောက်၊အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့်အမြဲမိတ်ကပ်တွေလိမ်းခြယ်နေရတဲ့ ခြည်ခြည်ကတော့ ယနေ့မှာ မိတ်ကပ်တွေမလိမ်းခြယ်ပဲ မျက်နှာပြောင်လေးနဲ့ ယုံကြည်မှုရှိရှိအပြင်ထွက်ခဲ့ပါတယ်။ မိတ်ကပ်မပါပဲ သဘာဝအတိုင်းလှနေတဲ့ သူမရဲ့ပုံရိပ်တွေကို ဖေ့စ်ဘွတ်မှာတင်ထားပြီး “မိတ်ကပ်မပါဘဲအပြင်မထွက်ရဲဘူး မပြောနဲ့… ကတုံးနဲ့တောင်အကယ်ဒမီပေးပွဲတက်ထားတာ” ဆိုပြီး မိတ်ကပ်မပါလဲအပြင်ထွက်ရဲတဲ့ သူမရဲ့သတ္တိကို ပြသလိုက်တာပါ။

မိတ်ကပ်မပါပဲလဲ သဘာဝအတိုင်းလှနေတဲ့ နေခြည်ဦးရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်…




Some text some message..