ပရိသတ်တွေအားအကျရဆုံးအတွဲလေးအဖြစ် သတ်မှတ်ခြင်းခံထားရသူကတော့ သရုပ်ဆောင် စမိုင်းလ်တို့ ဇနီးမောင်နှံပါ။ သူတို့နှစ်ယောက်ဟာအမြဲတမ်းတစ်ယောက်နဲ့တစ်ယောက် ရိုမက်တစ်လေးတွေလုပ်ပေးလေ့ရှိတာပါ။အထူးခြားဆုံးကတော့ တစ်နှစ်တစ်ခါ မင်္ဂလာဆောင်ကြတာပါပဲ။ ဒီနေ့လေးကတော့ သူတို့ဇနီးမောင်နှံရဲ့ ဆယ့်ငါးနှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့ရက်လေးပဲ ဖြစ်ပါတယ်။ စမိုင်းလ်ရဲ့ချစ်ခင်ပွန်းကတော့ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာတွင် မင်္ဂလာနှစ်ပတ်လည်နေ့လေးကိုအခုလိုပဲကြည်နူးစရာကောင်းလောက်အောင် ရေးသားထားတာပါ။
" September 17th 2004. ၂ယောက်သားကျောင်းတက်ရင်းဘိုက်ကြီး၊ ငယ်လယ်ငယ်သေးတော့ဘာလုပ်ရမှန်းလဲမသိ။ မင်္ဂလာသွားဆောင်တော့မိန်းမဘိုက် ၆လ။အဲဒီWedding Dress ကဆိုင်ကနေ £99 နဲ့သွားဝယ်ပြီး ညနေချက်ချင်းပြန်သွားပြီး refund လုပ်ခဲ့တဲ့ dress လေး။ Suit က Bouncer လုပ်တော့ Security company ကပေးတဲ့ uniform. ဖိတ်ထားတဲ့လူ ၅ယောက်ကို ပွဲပြီး Lunch ကြွေးဖို့ပိုက်ဆံမရှိလို့သူတို့ကပြန်ကြွေးသွားကြတယ်။
ဒါပေမဲ့အဲဒီလွန်ခဲ့သော ၁၅နှစ်က ၁ယောက် နဲ့ ၁ယောက်ဂတိပေးခဲ့တယ် For Better or For Worse.. Till Death Do Us Part. ဘိုက်ထဲကသမီးလေး ကိုယ်တွေလိုဘယ်တော့မှမမွဲရဘူးစိုပြီး ၂ယောက်လုံးရုံးကန်ကြိုးစားခဲ့တာဒီနေ့ထိပဲ။
အမှတ်တရကတော့ လက်ထပ်လက်စွတ် £15 တန် ၁ကွင်းပဲဝယ်နိုင်လို့ လက်စွပ်ဝတ်ပေးတဲ့အချိန်မှာတယောက်နဲ့တယောက်ဝတ်လိုက်ချွတ်လိုက်နဲ့ ၁ကွင်းထဲကိုလဲလိုက်တယ်။ မင်္ဂလာဆောင်ပေးတဲ့လူတောင်ရီတယ်။
အဲဒီ £15 တန်လက်စွပ်ကျွန်တော်ဒီနေ့ထိဝပ်တုံးပဲ။ ဘယ်လက်စွပ်နဲ့မှတန်ဖိုးမတူးဘူး။
ဘယ်အခြေနေဘယ်လိုပဲရောက်ရောက် ဒီပုံထဲကလိုအမြဲမောင့်ဘေးမှာပြုံးနေပေးတဲ့အတွက် ကျေးဇူးပါ။
HAPPY ANNIVERSARY CHIT " ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည်ကူးယူ တင်ဆက်ပေးလိုက်ပါတယ်။