ပရိသတ်အားပေးမှုကိုအခိုင်အမာရရှိထားတဲ့ စိုးပြည့်သဇင်ကတော့အောင်မြင်နေတဲ့ သရုပ်ဆောင်အဆိုတော်တွေထဲကတစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ စိုးပြည့်သဇင်ဟာအနုပညာအသိုင်းအဝိုင်းက ဆင်းသက်လာသူတစ်ယာက်ဖြစ်ပြီးအစ်မဖြစ်သူ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်တို့ကလည်းအနုပညာလောကမှာ ထိပ်တန်းရောက်နေတဲ့အနုပညာရှင်တွေပဲ ဖြစ်ပါတယ်။ စိုးပြည်သဇင်ကတော့ ညီအစ်မတွေအားလုံးထဲမှာအငယ်ဆုံးလေးဖြစ်နေတာကြောင့် ညီအစ်မတွေရဲ့အချစ်ပိုတာကို ခံနေရသူတစ်ယောက်ပါ။
အစ်မဖြစ်သူတွေနဲ့အတူ “မင်းသမီး”ပိုးထည်တိုက်ကို ဖွင့်လှစ်ထားတာဖြစ်ပြီး ရောင်းအားကောင်းကာအောင်မြင်မှုတွေကို သိမ်းပိုက်ရရှိနေတာဖြစ်ပါတယ်။ စိုးပြည့်သဇင်ဟာ သရုပ်ဆောင်ပိုင်းမှာ ပီပြင်လွန်းသူတစ်ယောက်ဖြစ်တာကြောင့်အကောင်းဆုံးအကယ်ဒမီဆုကို သိမ်းပိုက်ရရှိထားသူတစ်ယောက်ဖြစ်သလိုအဆိုပိုင်းမှာလည်းအောင်မြင်နေတဲ့အဆိုတော်တစ်ယောက်ပါ။ လက်ရှိမှာလည်း နိုင်ငံကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ နီနီခင်ဇော်နဲ့အတူ MTV သီချင်းအသစ်လေးကို ရိုက်ကူးနေတယ်လို့ သိရပါတယ်။
အဲဒီသီချင်းအသစ်လေးကတော့ တေးရေးဆရာ နှလုံးသားရဲ့”အလှဖြာဝေပူတာအိုမြေ”ဆိုတဲ့ သီချင်းလေးပဲ ဖြစ်ပါတယ်။ ဒီ”အလှဖြာဝေပူတာအိုမြေ”ဆိုတဲ့ သီချင်းလေးကိုတော့ နီနီခင်ဇော်နဲ့အတူ စိုးပြည့်သဇင်က ရဝမ်ဝတ်စုံလေးနဲ့ရိုက်ကူး ပုံဖော်နေတာဖြစ်ပြီး သူမတို့ရဲ့ ရိုက်ကူးနေတဲ့ ပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ရက် စာမျက်နှာကနေ ရေးသားဖော်ပြထားခဲ့တာဖြစ်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ စိုးပြည့်သဇင်နဲ့ နီနီခင်ဇော်တို့ရဲ့ ရဝမ်ဝတ်စုံလေးနဲ့ရိုက်ကူး ပုံဖော်ထားတဲ့ သီချင်းအသစ်လေးကို စောင့်မျှော်အားပေးကြမယ်မဟုတ်လား…….။
Source: Soe Pyae Thazin
ချစ်သဲမေ @ CeleGabar
ယူနီကုတ်ဖြင့်ဖတ်ရန်
“ရဝမ်ဝတ်စုံလေးနဲ့ ပုံဖော်ရိုက်ကူးထားတဲ့ စိုးပြည့်သဇင်ရဲ့ သီချင်းအသစ်လေး”
ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ စိုးပြည့်သဇင်ကတော့ အောင်မြင်နေတဲ့ သရုပ်ဆောင်အဆိုတော်တွေထဲကတစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ စိုးပြည့်သဇင်ဟာ အနုပညာအသိုင်းအဝိုင်းက ဆင်းသက်လာသူတစ်ယာက်ဖြစ်ပြီး အစ်မဖြစ်သူ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်တို့ကလည်း အနုပညာလောကမှာ ထိပ်တန်းရောက်နေတဲ့ အနုပညာရှင်တွေပဲ ဖြစ်ပါတယ်။ စိုးပြည်သဇင်ကတော့ ညီအစ်မတွေအားလုံးထဲမှာ အငယ်ဆုံးလေးဖြစ်နေတာကြောင့် ညီအစ်မတွေရဲ့ အချစ်ပိုတာကို ခံနေရသူတစ်ယောက်ပါ။
အစ်မဖြစ်သူတွေနဲ့အတူ “မင်းသမီး”ပိုးထည်တိုက်ကို ဖွင့်လှစ်ထားတာဖြစ်ပြီး ရောင်းအားကောင်းကာ အောင်မြင်မှုတွေကို သိမ်းပိုက်ရရှိနေတာဖြစ်ပါတယ်။ စိုးပြည့်သဇင်ဟာ သရုပ်ဆောင်ပိုင်းမှာ ပီပြင်လွန်းသူတစ်ယောက်ဖြစ်တာကြောင့် အကောင်းဆုံးအကယ်ဒမီဆုကို သိမ်းပိုက်ရရှိထားသူတစ်ယောက်ဖြစ်သလို အဆိုပိုင်းမှာလည်း အောင်မြင်နေတဲ့ အဆိုတော်တစ်ယောက်ပါ။ လက်ရှိမှာလည်း နိုင်ငံကျော် အဆိုတော်တစ်ယောက်ဖြစ်တဲ့ နီနီခင်ဇော်နဲ့ အတူ MTV သီချင်းအသစ်လေးကို ရိုက်ကူးနေတယ်လို့ သိရပါတယ်။
အဲဒီသီချင်းအသစ်လေးကတော့ တေးရေးဆရာ နှလုံးသားရဲ့”အလှဖြာဝေပူတာအိုမြေ”ဆိုတဲ့ သီချင်းလေးပဲ ဖြစ်ပါတယ်။ ဒီ”အလှဖြာဝေပူတာအိုမြေ”ဆိုတဲ့ သီချင်းလေးကိုတော့ နီနီခင်ဇော်နဲ့အတူ စိုးပြည့်သဇင်က ရဝမ်ဝတ်စုံလေးနဲ့ရိုက်ကူး ပုံဖော်နေတာဖြစ်ပြီး သူမတို့ရဲ့ ရိုက်ကူးနေတဲ့ ပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ရက် စာမျက်နှာကနေ ရေးသားဖော်ပြထားခဲ့တာဖြစ်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ စိုးပြည့်သဇင်နဲ့ နီနီခင်ဇော်တို့ရဲ့ ရဝမ်ဝတ်စုံလေးနဲ့ရိုက်ကူး ပုံဖော်ထားတဲ့ သီချင်းအသစ်လေးကို စောင့်မျှော်အားပေးကြမယ်မဟုတ်လား…….။
Source: Soe Pyae Thazin
ချစ်သဲမေ @ CeleGabar