” နာမည်ကြီးပန်းချီဆရာတွေရဲ့ ပုံတူပန်းချီရေးဆွဲခြင်းခံရလို့ ဂုဏ်ယူမိတယ်ဆိုတဲ့ မြညိုလေး “
celegabar.com
|
2019-09-17



ဇာတ်လမ်းတွဲမင်းသမီးလေး မြတ်သူသူဇင် ကတော့” ပျားရည်အိုင်” ဇာတ်လမ်းတွဲမှာ မြညိုဆိုတဲ့ဇာတ်ကောင်နဲ့ ပရိသတ်အားပေးမှုအပြည့်အဝရရှိလာခဲ့တဲ့ သူလေးပဲ ဖြစ်ပြီး မြညိုလို့ ပရိသတ်တွေမသိခင်ကတည်းက “ကံကံ၏အကျိုး”ဇာတ်လမ်းတွဲ ၊ချစ်ခွန်းခြွေသီချစ်သူဆီ၊ ရတနာထဲကရတနာ ၊တို့အပြင် ဝင်္ကပါစံအိမ်ဇာတ်လမ်းတွဲတွေပါ တို့မှာပါဝင်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။လက်ရှိမှာလည်း တတိယမြောက်ဆုံမှတ် ဇာတ်လမ်းတွဲမှာ ” ယွန်းမေခ”အဖြစ်ပါဝင်ထားတာပဲ ဖြစ်ပါတယ်။





ရန်ကုန်ပရိသတ်တွေသာမက နယ်ပရိသတ်တွေပါအားပေးချစ်ခင်ကြတဲ့သူလေးပဲ ဖြစ်ပါတယ်။ ရိုးရိုးယဉ်ယဉ်လေးနဲ့ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်တတ်သူလေးဖြစ်ပြီး ပရိသတ်တွေအပေါ်မှာလည်း တလေးတစားဆက်ဆံတတ်သူလေးပဲ ဖြစ်ပါတယ်။အင်တာဗျူးတိုင်းမှာလည်း ပွင့်လင်းရိုးသားစွာ ဖြေဆိုတတ်သူလေးဖြစ်တာကြောင့် ပရိသတ်တွေရဲ့အချစ်ကိုပိုမို ရရှိလာသူလေးဖြစ်ပါတယ်။လက်၇ှိပြသနေတဲ့ ဇာတ်လမ်းတွဲမှာလည်း ပရိသတ်တွေရဲ့အားပေးမှု ကို ရရှိနေတာပဲ ဖြစ်ပါတယ်။မြညိုလေးကတော့ သူမကိုဝေဖန်တိုက်ခိုက်ကြတဲ့သူတွေအပေါ် လစ်လျူရှုလိုက်လေ့ရှိပြီး ကောင်းစေချင်လို့ပြောတဲ့စကားမှန်သမျှအလေးထားတယ်လို့ သိရပါတယ်။





လက်ရှိမှာတော့ မြညိုလေးဟာ နာမည်ကြီးပန်းချီဆရာတွေရဲ့ ပန်းချီဆွဲခြင်းကိုခံရပြီး ပုံတူပန်းချီလေးတွေရရှိခဲ့တာကြောင့် ပျော်ရွှင်နေတာပဲ ဖြစ်တဲ့အပြင် ဂုဏ်ယူဝမ်းမြောက်မိကြောင်းကို ” ဒီနေ့တော့ တကယ်ကြည်နူးဝမ်းသာရတဲ့နေ့လေးပါပဲ။ နာမည်ကြီးပန်းချီဆရာကြီးတွေရဲ့ ပုံတူပန်းချီလေးတွေလည်း လက်ဆောင်ရတယ် ။နွေးထွေးစွာဖြင့် ပန်းချီအနုပညာရှင်ဆရာများနဲ့ ခင်မင်ရင်းနှီးခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်ရှင့်” ဆိုပြီး ပန်းချီအလှပုံရိပ်တွေနဲ့အတူဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးလည်း မြညိုလေးရဲ့ ပန်းချီပုံရိပ်လေးတွေကိုကြည့်ပြီး သဘောကျရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။




Source:Myat Thu Thu Zin
Shwe Poe – CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

” နာမည်ကြီးပန်းချီဆရာတွေရဲ့ ပုံတူပန်းချီရေးဆွဲခြင်းခံရလို့ ဂုဏ်ယူမိတယ်ဆိုတဲ့ မြညိုလေး ”

ဇာတ်လမ်းတွဲမင်းသမီးလေး မြတ်သူသူဇင် ကတော့” ပျားရည်အိုင်” ဇာတ်လမ်းတွဲမှာ မြညိုဆိုတဲ့ဇာတ်ကောင်နဲ့ ပရိသတ်အားပေးမှု အပြည့်အဝရရှိလာခဲ့တဲ့ သူလေးပဲ ဖြစ်ပြီး မြညိုလို့ ပရိသတ်တွေမသိခင်ကတည်းက “ကံကံ၏အကျိုး”ဇာတ်လမ်းတွဲ ၊ချစ်ခွန်းခြွေသီချစ်သူဆီ၊ ရတနာထဲကရတနာ ၊တို့အပြင် ဝင်္ကပါစံအိမ်ဇာတ်လမ်းတွဲတွေပါ တို့မှာပါဝင်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။လက်ရှိမှာလည်း တတိယမြောက်ဆုံမှတ် ဇာတ်လမ်းတွဲမှာ ” ယွန်းမေခ” အဖြစ်ပါဝင်ထားတာပဲ ဖြစ်ပါတယ်။

ရန်ကုန်ပရိသတ်တွေသာမက နယ်ပရိသတ်တွေပါ အားပေးချစ်ခင်ကြတဲ့သူလေးပဲ ဖြစ်ပါတယ်။ ရိုးရိုးယဉ်ယဉ်လေးနဲ့ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်တတ်သူလေးဖြစ်ပြီး ပရိသတ်တွေအပေါ်မှာလည်း တလေးတစားဆက်ဆံတတ်သူလေးပဲ ဖြစ်ပါတယ်။အင်တာဗျူးတိုင်းမှာလည်း ပွင့်လင်းရိုးသားစွာ ဖြေဆိုတတ်သူလေးဖြစ်တာကြောင့် ပရိသတ်တွေရဲ့အချစ်ကိုပိုမို ရရှိလာသူလေးဖြစ်ပါတယ်။လက်ရွိပြသနေတဲ့ ဇာတ်လမ်းတွဲမှာလည်း ပရိသတ်တွေရဲ့ အားပေးမှု ကို ရရှိနေတာပဲ ဖြစ်ပါတယ်။မြညိုလေးကတော့ သူမကိုဝေဖန်တိုက်ခိုက်ကြတဲ့သူတွေအပေါ် လစ်လျူရှုလိုက်လေ့ရှိပြီး ကောင်းစေချင်လို့ပြောတဲ့စကားမှန်သမျှ အလေးထားတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ မြညိုလေးဟာ နာမည်ကြီးပန်းချီဆရာတွေရဲ့ ပန်းချီဆွဲခြင်းကိုခံရပြီး ပုံတူပန်းချီလေးတွေရရှိခဲ့တာကြောင့် ပျော်ရွှင်နေတာပဲ ဖြစ်တဲ့အပြင် ဂုဏ်ယူဝမ်းမြောက်မိကြောင်းကို ” ဒီနေ့တော့ တကယ်ကြည်နူးဝမ်းသာရတဲ့နေ့လေးပါပဲ။ နာမည်ကြီးပန်းချီဆရာကြီးတွေရဲ့ ပုံတူပန်းချီလေးတွေလည်း လက်ဆောင်ရတယ် ။နွေးထွေးစွာဖြင့် ပန်းချီအနုပညာရှင်ဆရာများနဲ့ ခင်မင်ရင်းနှီးခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်ရှင့်” ဆိုပြီး ပန်းချီအလှပုံရိပ်တွေနဲ့အတူဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးလည်း မြညိုလေးရဲ့ ပန်းချီပုံရိပ်လေးတွေကိုကြည့်ပြီး သဘောကျရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။


Source:Myat Thu Thu Zin
Shwe Poe – CeleGabar




Some text some message..